မှောက်နေတဲ့ကားထဲက ကလေးလေးကို အသက်စွန့်ပြီး ကယ်တင်ခဲ့တဲ့ ဗီလိန်မင်းသားကြီး

@officialdannytrejo/Instagram

မင်းသားကြီး Danny Trejo လို့ပဲ ပြောရင် လူတိုင်းက သိမှာမဟုတ်ပေမယ့်လို့ Danny Trejo ရဲ့ ပုံကိုမြင်ရင်တော့ ရုပ်ရှင်ချစ်သူတွေ တော်တော်များများ “သြော်.. သူကိုး” ဆိုပြီး အားလုံးနဲ့ ရင်းနှီးကြမှာပါ။ Desperado တို့ Heat တို့ Con Air, Anaconda, ၂၀၁၀ တုန်းက Predators စတဲ့ဇာတ်ကားတွေမှာလည်း လူကြမ်းအက်ရှင်မင်းသားအဖြစ် တစ်ထောင့်တစ်နေရာက ပါဝင်အားဖြည့်ခဲ့ဖူးသလိုပဲ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတွေလည်း ရှိလို့နေခဲ့ပါတယ်။

 

 

View this post on Instagram

 

#TBT 1995 Desperado with Antonio Banderas . . . #desperado #antoniobanderas #bts #dannytrejo #robertrodriguez #movies

A post shared by Danny Trejo (@officialdannytrejo) on

 

အခုတလော ရုပ်ရှင်လောကထဲမှာ တွေ့ရတာ ခပ်ကြဲကြဲဖြစ်သွားခဲ့ပေမယ့်လို့ ဇူလိုင်လ ၈ ရက်နေ့ မနက် ၇ နာရီဝန်းကျင်လောက်တုန်းက သူ့ရဲ့ Instagram မှာ ပိုစ့်တစ်ခု တင်လာခဲ့ပါတယ်။ အဲဒါကတော့ Sylmar မှာ မီးနီတာကိုဖြတ်မောင်းတဲ့ကားသမားကြောင့် ကားနှစ်စီးတိုက်ပြီးမှောက်ကာ အဲဒီကားထဲက ပိတ်မိနေတဲ့ကလေးကို ကယ်ခဲ့တယ်ဆိုတဲ့အကြောင်းပါ။

 

View this post on Instagram

 

I helped rescue a baby after driver ran red light, causing 2-car crash in Sylmar . . . #dannytrejo #sylmar #ktla #abc7

A post shared by Danny Trejo (@officialdannytrejo) on

ဒီအကြောင်းဟာ CNN မှာတောင် တက်လာခဲ့ပြီး တကယ်ဖြစ်ခဲ့တာကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ဖြစ်ပွားခဲ့တာပါတဲ့။ ဒီယာဉ်မတော်တဆမှုဖြစ်နေတုန်းက Danny Trejo ဟာ အနီးအနားမှာရှိနေခဲ့ပြီး ကားထဲက လူကြီးတွေကတော့ အကုန်လုံး လွတ်မြောက်သွားပေမယ့်လို့ ကလေးလေးတစ်ယောက်ကတော့ အထဲမှာ အပြင်မထွက်နိုင်ရှာဘဲ ခါးပတ်ပတ်ထားလျက် ပိတ်မိနေခဲ့တာပါ။ ဒါကို မြင်တဲ့ Danny Trejo ဟာ ချက်ချင်းဆိုသလို ကားနားကို ပြေးသွားခဲ့ပြီး မှန်ကွဲတွေကိုလည်း မမှုဘဲ ဝမ်းလျားမှောက်ကာ ကားထဲကိုဝင်ခဲ့ပြီး ကလေးကို ဆွဲထုတ်ဖို့ကြိုးစားခဲ့ပါတယ်။

READ
မင်္ဂလာကိစ္စ ရုတ်တရက် ကြေညာရတဲ့ အကြောင်းအရင်းကို ထုတ်ပြောခဲ့တဲ့ ဆောင်ဂျွန်ကီ

ဒါပေမဲ့လည်း ခန္ဓာကိုယ်ကြောင့် ကားထဲကို တစ်ကိုယ်လုံးဝင်လို့မရခဲ့ဘဲ ခါးပတ်ကိုလှမ်းဖြုတ်ဖို့လည်း မမှီခဲ့တာကြောင့် လမ်းမှာတွေ့တဲ့လူတစ်ယောက်ကို အကူအညီထပ်တောင်းခဲ့ပါတယ်။ သူမကတော့ Monica Jackson ပါ။ အမျိုးသမီးဖြစ်တာကြောင့် ကားထဲကိုအလွယ်လေး ဝင်နိုင်ခဲ့ပြီး ကလေးကို အမြန်အဆန်ပဲ ဆွဲထုတ်နိုင်ခဲ့ပါတော့တယ်။

ကားမှောက်ပြီးချင်းမှာတင် ဘယ်အချိန် ထပေါက်မယ်မှန်းမသိတဲ့ ယာဉ်နားကို အသက်အန္တရာယ်မမှုဘဲ သွားကယ်ခဲ့တဲ့ Danny Trejo နဲ့ အကူအညီတောင်းတာကို မဆိုင်းမတွ လက်ခံခဲ့တဲ့ Monica Jackson တို့ကတော့ တကယ်ကို ချီးကျူးလောက်စရာပါပဲ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး Danny Treo ကို သတင်းထောက်တွေက လာမေးတော့ ကလေးကို သူကယ်ခဲ့တာမဟုတ်ဘဲ ဟိုအမျိုးသမီးကမှ တကယ်ကယ်ခဲ့တာ ကျွန်တော်က ကူညီရုံကူညီပေးခဲ့တာဆိုပြီး သူအရင်ကယ်ခဲ့တာကိုတောင် ဂုဏ်မဖော်ဘဲ ပြောသွားခဲ့ပါသေးတယ်။

Penny

SHARE