အသက် (၂၄)နှစ်အရွယ် ကောင်မလေးနဲ့ စေ့စပ်ခဲ့တဲ့ ၀ါရင့်မင်းသားကြီး Dolph Lundgren

Instagram/DolphLundgren

ဆွီဒင်မင်းသားကြီး Dolph Lundgren ကိုတော့ Action ဇာတ်ကား ပရိသတ်တော်တော်များများ ကောင်းကောင်းကြီး သိကြမှာပါ။ အသက် (၆၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Dolph ဟာ Rocky 4 , The Expendables, Universal Soilder, Riot, The Tracker အစရှိတဲ့ နာမည်ကြီး အက်ရှင်ဇာတ်ကားတွေနဲ့ အောင်မြင်လာခဲ့တဲ့ မင်းသားကြီးတစ်ယောက်ဆိုလဲ မမှားပါဘူး။ အခုဆိုရင်တော့ Dolph ဟာ အသက် (၂၄) နှစ်အရွယ်ကောင်မလေးတစ်ယောက်နဲ့ စေ့စပ်ခဲ့ကြောင်း nzherlad သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/B0C2LElh6uH/

Dolph ကြီးတစ်ယောက် စေ့စပ်ခဲ့တဲ့ ကောင်မလေးကတော့ အခြားလူမဟုတ်ပါဘူး။  သူ့ရဲ့ personal trainer ကောင်မလေး Emma Krokdal ပဲ ဖြစ်ပါတယ်။ Dolph နဲ့ Emma ဟာ ဒီ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလထဲမှာ လူသိရှင်ကြား တွဲခဲ့ပြီး လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ စေ့စပ်ခဲ့တာပဲ ဖြစ်ပါတယ်။ Dolph ရဲ့ ပရိသတ်တော်တော်များများကလည်း Dolph ရဲ့ စေ့စပ်ပွဲကို ချီးကျူးဂုဏ်ပြုခဲ့ကြသလို Instagram မှာ နောက်ပြောင်ခဲ့ကြပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ Dolph မှာ အသက်(၂၄)နှစ်နဲ့ (၁၉)နှစ်အရွယ် သမီးနှစ်ယောက်ရှိပြီး အခုစေ့စပ်ခဲ့တဲ့ သူ့ရဲ့ ချစ်သူကောင်မလေးက သူ့သမီးအရွယ် ဖြစ်နေလို့ပါ။

Dolph ဟာ အရင်တုန်းက အဆိုတော် Grace Jones ၊ အမေရိကန်နာမည်ကြီးမော်ဒယ် Paula Barbieri တို့နဲ့ တွဲခဲ့ဖူးပြီး ၁၉၉၄ ခုနှစ်မှာတော့ နာမည်ကြီးလက်ဝတ်ရတနာ ဒီဇိုင်းနာတစ်ဦးဖြစ်တဲ့ Anette Qviberg နဲ့ လက်ထပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သမီးလေးနှစ်ယောက် မွေးခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ Dolph နဲ့ Anette တို့ဟာ နှစ်ဦးသဘောတူ ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။  မင်းသားကြီး Stallone ကိုယ်တိုင် Dolph ရဲ့ စေ့စပ်ပွဲ ပို့စ်အောက်မှာ ကွန်ဂရက်ကျူလေးရှင်း ဝင်လုပ်ခဲ့ပါတယ်။

“တော်တော်များများကတော့ ကျွန်တော်တို့နှစ်ယောက် အသက်အရွယ် ကွာခြားမှုကို ဟာသလုပ်နေကြမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်နဲ့ Emma က အသက် ၃၄ နှစ်တောင် ကွာခြားတာကြောင့်ပါပဲ။ ကျွန်တော်တို့အတွက်တော့ အသက်အရွယ်အပိုင်းအခြားက အရေးမကြီးပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တစ်ကယ်ချစ်ဖို့ပဲ လိုတာပါ။ ကျွန်တော်ဆိုတဲ့ လူကလဲ မိန်းကလေးတစ်ယောက်အပေါ် အလွယတကူ မချစ်ဖူးပါဘူး။ Emma နဲ့ မတွေ့ခင်အထိပေါ့” လို့ Dolph က ဖွင့်ဟခဲ့ပါတယ်။

READ
အောင်ရဲထွေး ကွယ်လွန်မှုအတွက် ဝမ်းနည်းစကားဆိုခဲ့တဲ့ ဖြိုးငွေစိုး

Pyi Hein Kyaw

SHARE