ပြစ်မှုမှတ်တမ်းရှိတဲ့ Lee Kyung Young ကို ခေါ်ရိုက်လို့ JTBC ဝေဖန်ခံနေရ

Image:JTBC drama

JTBC ရဲ့ The World of The Married ကတော့ လက် တလောမှာ လူကြည့်အရမ်း များနေတဲ့ ကိုရီးယား ဒရမ် မာဇာတ်ကားပါ။အိမ် ထောင်ရေးဇာတ်ကား ဖြစ်ပြီး စ ပြတဲ့ အချိန် က နေ အခုထိ ကြည့်ရှုနှုန်း ကောင်း ကောင်း ရ နေတဲ့ ဇာတ်ကားပါ။ဇာတ်ကားကို လူကြိုက်များတာနဲ့ အမျှ ဝေဖန် မှုတွေ လည်း ပိုပြီး ခံ နေရပါတယ်။ပြ တဲ့ အခန်း တွေ ထဲမှာ sex ခန်းတွေ ပါလွန်းတယ်၊ကြမ်းတမ်းတဲ့ အခန်းတွေ ပါတယ်ဆိုတဲ့ ဝေဖန်မှု တွေ အပြင် ပါဝင်ထားတဲ့ မင်း သမီး Han So Hee ရဲ့ တက်တူးနဲ့ ပုံတွေ၊ ဆေးလိပ် သောက်နေတဲ့ အရင်တုန်းက ပုံတွေ ပါ ပြန် ထွက်ပေါ် လာပြီး ဝေဖန် မှုတွေ နဲ့ ကြုံခဲ့ရပါတယ်။ဒီတစ်ခါ ထပ်ပြီး ထွက်ပေါ် လာတဲ့ ဝေဖန်မှု တွေ ကတော့ မင်းသားကြီး Lee Kyung Young ကို ထည့်သုံးထားလို့ပါ။

Image:JTBC drama & Koreaboo

Lee Kyung Young ကတော့ အသက် (၅၉)နှစ်ပါ။(၂၀၀၂)ခုနှစ်တုန်းက လိင် အမြတ်ထုတ်မှုကြောင့် အဖမ်း ခံ ရပြီး တရားရင်ဆိုင်ခဲ့ရဖူးပါတယ်။Lee Kyung Young က အသက်မပြည့် သေးတဲ့ L ဆိုတဲ့ မင်းသမီး တစ်ယော က်ကို အမြတ်ထုတ်ခဲ့ဖူးပါတယ်။နောက်ရိုက်မယ့် သူ့ရဲ့ ဇာတ်ကားတွေ မှာ တစ်နေရာစာ ပါချင်ရင် သူနဲ့ လိင် ဆက် ဆံ ရ မယ်ဆိုပြီး ကြိုးကိုင် ချယ်လှယ်ခဲ့တာပါ။အစပိုင်းမှာတော့ Lee Kyung Young က L ဟာ ဆယ်ကျော် သက် တစ်ေ ယာက် ဆိုတာ သတိမမှု မိခဲ့ဖူးလို့ ထွက်ဆို ခဲ့ပါတယ်။L နဲ့ နှစ်ကြိမ် တိုင်တိုင် လိင်ဆက်ဆံ ဖူးတယ်လို့ ပြော ခဲ့ပါတ ယ် ။နောက်ပိုင်းမှာတော့ L ရဲ့ အသက်ကို သတိထားမိတယ်လို့ ပြောခဲ့ပါတယ်။

READ
ဇာတ်ကောင်ပီပြင်ဖို့ ခန္ဓာကိုယ်ကို လိုသလို ပြောင်းလဲခဲ့ကြတဲ့ ဆယ်လီများ
Image:JTBC drama

တရားရုံး တော် က နေ ပထမ အ ကျော့ စစ်ဆေးမှုတွေ မှာတော့ Lee Kyung Young မှာ အပြစ် မရှိ ကြောင်းေ တွ့ရှိခဲ့ပြီး ဒုတိယနဲ့ တတိယ အ ကျော့ စစ်ဆေးမှုတွေ ကျ မှ အပြစ်ရှိ ကြောင်း တွေ့ ခဲ့တာပါ။ဒါကြောင့် ထောင်(၁၀) လ နဲ့ ခံဝန်ချုပ် နှစ်နှစ်၊လူမှု အလုပ် တွေ ကို နာရီ (၁၆၀) လုပ်ဖို့ အမိန့် ချ မှတ် ခဲ့ပါတယ်။(၂၀၀၄)မှာတော့ L နဲ့ သူမရဲ့ မိဘ တွေ အမှု နိုင်ခဲ့ ပါတယ်။အဲ့ဒီ အချိန်တုန်းကဆိုရင် Lee Kyung Young ကို ကိုရီးယားပြည်သူ တစ်ရပ် လုံးက ၀ိုင်းပြီးပြစ်တင် ဝေဖန် ပြော ဆိုခဲ့ ကြပါတယ်။အမှု အပြီး ဆယ်စုနှစ်တစ်ခု လောက်အကြာ (၂၀၁၁)မှာတော့ အနုပညာ လောကထဲကို ပြန်ဝင် လာခဲ့ပါတယ်။ရုပ်ရှင်နဲ့ ဒရမ်မာဇာတ်ကားတွေ ပြန်စ ရိုက်ခဲ့ပါတယ်။

Image:JTBC drama

The World of The Married မှာ Lee Ky ung Young ကို သရုပ်ဆောင်ခိုင်းတာနဲ့ ပတ်သက်ပြီး ဝေဖန် မှုတွေ၊အငြင်းပွားမှုတွေ ပြင်း ထန် နေပါတယ်။ဒီလို ပြစ်မှု မှတ် တမ်းရှိတဲ့ လူ တစ်ယောက်ကို လက်သင့်ခံ ပေးစရာ အ ကြောင်းမရှိဘူး ဆိုပြီး JTBC ရဲ့ Youtube Channel က နေ တင်ပေးတဲ့ The World of The Married‘s “Behind The Scenes” ဗီဒီယိုဖိုင် အောက်မှာ Comment ၀င်ရေးခဲ့ကြပါတယ်။”ဒီဇာတ် ကောင် အတွက် Lee Kyung Young အရွယ် အမျိုးသား သရုပ်ေ ဆာင်တွေ မှ အများကြီးပဲ၊တခြား သရုပ်ဆောင်မရှိ တော့ဘူးလား” ၊” ကိုရီးယားတွေ က လိင် ကိစ္စ အမြတ်ထုတ် တဲ့ လူမျိုးတွေ ဆို ခွင့်လွှတ်တာ သိပ်မြန်တာပ၊ဒီလို လူမျိုးကို TV မှာ မြင်ေ နရာတာ မဖြစ်သင့်ဘူး..” ဆိုပြီး အမျိုးမျိုး ပြောဆို ဝေဖန် နေကြပါတယ်။

Source:Koreaboo

SHARE