မျက်တောင်မခတ်ဘဲ အချိန်အကြားဆုံးနေနိုင်တဲ့စံချိန်သစ် တင်ခဲ့တဲ့ ဖိလစ်ပိုင်သရုပ်ဆောင်

Twitter-Eat Bulaga

လူမှန်ရင် မျက်တောင်ခတ်ရပါတယ်။ ပုံမှန်လူသားတစ်ယောက်ဟာ ၄ စက္ကန့်တိုင်း ၁ ခါ မျက်တောင်ခတ်လေ့ရှိပါတယ်။ ဒါဟာ ၁ မိနစ်မှာ ၁၅ ခါ သို့မဟုတ် ၁ ရက်မှော အခါပေါင်း ၂ သောင်းလောက် ခတ်လေ့ရှိပါတယ်တဲ့။ ကျွန်တော်ဆိုရင် မျက်တောင်မခတ်ဘဲ ၁ မိနစ်လေးတောင် မအောင့်နိုင်တဲ့သူပါဗျာ။ ဒါကို Unilad မှာ ဖတ်ခဲ့ရတဲ့ အမျိုးသားတစ်ယောက်ကတော့ မျက်တောင်မခတ်ဘဲ တစ်နာရီကျော်တောင် နေနိုင်ခဲ့ပါတယ်တဲ့။

ကျွန်တော်တို့ငယ်ငယ်တုန်းက မျက်တောင်မခတ်တမ်းဆော့မယ်ဆိုပြီး ဆော့ကြတာ မှတ်မိကြတယ်မဟုတ်လား။ ဒီကစားပွဲကို အပျော်တမ်းမဟုတ်ဘဲ တကယ်လေးလေးနက်နက်လုပ်ခဲ့တာပါတဲ့။ သူကတော့ Paolo Ballesteros ပါ။ ဖိလစ်ပိုင်နိုင်ငံသား သရုပ်ဆောင်၊ ဟာသပညာရှင်နဲ့ TV host တစ်ယောက်ဖြစ်ပါတယ်။

Twitter-Eat Bulaga
Twitter-Eat Bulaga

Paolo အနေနဲ့ ဖိလစ်ပိုင်ရုပ်သံလိုင်းတစ်ခုက ရုပ်သံအစီစဉ်တစ်ခုဖြစ်တဲ့ ”Eat Bulaga!” ဆိုတဲ့ ရှိုးရဲ့ မျက်တောင်မခတ်ရကစားပွဲမှာဝင်ရောက်ယှဉ်ပြိင်ခဲ့တာပါတဲ့။ Paolo ရာ် နောက်ထပ် Pauleen Luna ရယ် နှစ်ယာက်သား ယှဉ်ပြိုင်ကြရင်းနဲ့မှ Pauleen Luna ကတော့ မိနစ် ၃၀ နဲ့ ၄၄ စက္ကန့်မှာ မျက်တောင်ခတ်မိလိုက်ခဲ့တဲ့အတွက် Paolo ကို ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒါပေမဲ့ Paolo ကတော့ Pauleen Luna ကို နိုင်ပြီဆိုပြီး ပြိုင်ပွဲကို မရပ်တန့်ပစ်ခဲ့ဘဲ ဆက်သွားနေခဲ့ရာ စုစုပေါင်းကြာချိန်ဟာ ၁ နာရီ၊ ၁၇ မိနစ်နဲ့ ၃ စက္ကန့်တောင် ကြာသွားခဲ့ပါတယ်။

READ
မြေးဖြစ်သူကို ကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီး မွေးဖွားခဲ့တဲ့အဖွား
Twitter-Eat Bulaga

မျက်လုံးတွေလည်း နီရဲ၊ မျက်ရည်တွေလည်း တွင်တွင်စီးကျနေခဲ့ပြီး Paolo တစ်ယောက် တော်တော်လေး ခံစားနေရပုံပါပဲ။ ဒါပေမဲ့ လူတစ်ယောက်က ၁ နာရီ၊ ၁၇ မိနစ်နဲ့ ၃ စက္ကန့်ကြာအောင် မျက်တောင်မခတ်ဘဲ နေနိုင်ဖို့ဆိုတာ တော်တော်လေးကို မလွယ်ကူတဲ့ ကိစ္စရပ်တစ်ခုပါ။ လူတွေကတော့ Paolo ကို ဂင်းနစ်စံချိန်ဝင်ဖို့အတွက် ဝိုင်းတိုက်တွန်းနေခဲ့ကြပေမယ့်လို့ အဖွဲ့အစည်းဖက်ကတော့ ဒီလို မျက်တောင်မခတ်ဘဲဘယ်လောက်ကြာကြာ နေသလဲဆိုတာနဲ့ပတ်သက်ပြီး ယှဉ်စရာ လာပြိုင်ထားတဲ့လူ တစ်ယောက်မှမရှိတဲ့အတွက် စဉ်းစားဦးပါမယ်တဲ့။ New York Post ရဲ့ မှာကတော့ Record Setter ဆိုတဲ့ Website မှာ ၂၀၁၆ ခုနှစ်တုန်းက ၁ နာရီ၊ ၅ မိနစ်နဲ့ ၁၁ စက္ကန့်လောက် မျက်တောင်မခတ်ဘဲ နေခဲ့တဲ့သူ ရှိပါတယ်တဲ့။

READ
မက္ကဆီကိုကမ်းရိုးတန်းမှာ ငါးမန်းကြီးတစ်ကောင်တိုက်ခိုက်ခြင်းကို ခံခဲ့ရသူများ

 

Twitter-Eat Bulaga

Penny

SHARE