အခက်အခဲများစွာ ကျော်ဖြတ်ပြီးမှ ထိပ်တန်းအဆင့်ကို ရောက်ရှိနိုင်ခဲ့တဲ့ သရုပ်ဆောင်(၈)ဦး

Instagram/GalGadot

ဘယ်အလုပ်မှ ချက်ချင်းအောင်မြင်တယ် ဆိုတာ မရှိပါဘူး။ ဘယ်အလုပ်မဆို အောင်မြင်ဖို့ အတွက် အချိန်တစ်ခု လိုအပ်ပါတယ်။ သရုပ်ဆောင်လောကမှာဆိုလဲ ချက်ခြင်းအောင်မြင်ကျော်ကြားသွားတဲ့ အနှပညာရှင်ဆိုတာ ရှားပါတယ်။ ဘယ်သူမဆို အခက်အခဲတွေ ဆူးခင်းလမ်းတွေ ကျော်ဖြတ်ပြီးမှ ပန်းခင်းလမ်းပေါ် လျှောက်ရတာချည်းပါပဲ။ ကိုယ်ဝါသနာပါတဲ့ အလုပ် ကိုယ်ချစ်တဲ့ အလုပ်ကို အခက်အခဲတွေကြုံလဲ  စိတ်ဓာတ်မကျပဲ ဆက်ကြိုးစားရင် အောင်မြင်စမြဲပါပဲ။ စိတ်ဓာတ်မကျပဲ ကြိုးစားခဲ့လို့ လက်ရှိမှာ ပရိသတ်တွေရဲ့ အချစ်တော်တွေ ဖြစ်နေတဲ့ အနှပညာရှင်တွေကို ဖော်ပြပေး၇မယ်ဆိုရင်တော့…

  • Henry Cavill

 

 

View this post on Instagram

 

I don’t always workout, but when I do, I workout with Superman. #Superman #GymStuff @FlexGymBudapest

A post shared by Henry Cavill (@henrycavill) on

Superman မင်းသားလို့ နာမည်ကြီးခဲ့တဲ့ Henry Cavill ကတော့ မင်းသားလုပ်မယ့် အိမ်မက်ကို စွန့်လွှတ်ပြီး စစ်တပ်ထဲဝင်ဖို့အထိ ဖြစ်ခဲ့ပါတယ်တဲ့။  လူရွေးပဲတွေမှာ အငြင်းခံခဲ့ရလွန်းလို့ ရုပ်ရှင်လောကဟာ သူ့အတွက်မဟုတ်ပါဘူးဆိုပြီး စိတ်ဓာတ်ကျခဲ့ဖူးပါတယ်တဲ့။ ဒါပေမယ့် ကြိုးစားမှုရဲ့ ရလာဒ် အနေနဲ့ Henry က Superman ဇာတ်ရုပ်အတွက် အရွေးချယ်ခံခဲ့ရပြီး 2019 ကထွက်ရှိထားတဲ့ Netflix ရဲ့ အပေါက်ဆုံး series တစ်ခုဖြစ်တဲ့ The Witcher မှာလဲ အဓိက ဇာတ်ကောင် Geralt of Rivia နေရာမှာလဲ သရုပ်ဆောင်ခဲ့ပါသေးတယ်။

  • Gal Gadot

 

View this post on Instagram

 

My Dream Team ❤️

A post shared by Gal Gadot (@gal_gadot) on

Wonder Woman အဖြစ် လူကြိုက်များနေတဲ့ Miss Isreal ဟောင်း ၊ မင်းသမီး Gal Gadot ကတော့ Wonder Woman မဖြစ်ခင်မှာ Audition တွေ အငြင်းခံခဲ့ရလွန်းလို့ သူမရဲ့ ခင်ပွန်းကို သူမ အနုပညာအလုပ်တွေမှာ လက်လျှော့တော့မယ်လို့ ပြောခဲ့ဖူးပါတယ်တဲ့။ ရွေးမယ့် အရွေးခံရတော့လဲ တကယ့်ကို Wonder Woman အဖြစ် အရွေးခံခဲ့ရလို့ အရမ်းအံ့အားသင့်ခဲ့ရပါတယ်လို့ ၀န်ခံခဲ့ပါတယ်။

  • Kristen Stewart

 

View this post on Instagram

 

#kristenstewart #robertpattinson

A post shared by Kristen Stewart (@kristenstewartx) on

Twilight မင်းသမီး Kristen  Stewart ကတော့ Bella Swan အဖြစ် ရွေးချယ်ခြင်း မခံရခင်တုန်းက သူမရဲ့မိခင်နဲ့အတူ Audition တွေကို အငြင်းခံရဖို့ တကူးတက သွားနေတယ်လို့တောင် ခံစားခဲ့ရဖူးပါတယ်တဲ့။ နောက်ဆုံးတစ်ခုပြီးရင်တော့ လက်လျှော့တော့မယ် ဆုံးဖြတ်ပြီးမှ သူနောက်ဆုံးသွားခဲ့ Bella Swan ဇာတ်ကောင်နေရာကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

  • Emma Watson

Emma ကတော့ အသက် ၉ နှစ်အရွယ်မှာ Harry Potter ထဲက Hermione Granger နေရာကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ မိတ်ကပ်တွေ အရမ်းလိမ်းရပြီး လူတွေရဲ့ အာရုံစိုက်တာကို ခံရလွန်းလို့ စိတ်အရမ်းကျဉ်းကျပ်ပြီးတော့ Harry Potter Series ပြီးရင် အနုပညာလောကထဲက ထွက်သွားဖို့အထိပါ ဆုံးဖြတ်ခဲ့ဖူးပါတယ်တဲ့။ ဒါပေမယ့် အောင်မြင်မှုကို အသုံးချပြီး ကိုယ်လိုရာ ဖန်တီးလို့ရကြောင်းကို နားလည်သွားတဲ့နောက် အမျိုးသမီးရေးရာ ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ အနုပညာလမ်းကြောင်းကို ဆက်လျှောက်နေတာလို့လည်း ၀န်ခံခဲ့ပါတယ်။

  • Mark Ruffalo
READ
ပုံအလန်းတွေ တင်လိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်

 

Hulk မင်းသား Mark Ruffalo ကတော့ လူရွေးပွဲပေါင်း(၆၀၀)ကျော် သွားခဲ့ဖူးပေမယ့် အရွေးမခံခဲ့ရပါဘူး။ လက်လျှော့ဖို့ စဉ်းစားခဲ့ပေ့မယ့် မိခင်ဖြစ်သူရဲ့ တိုက်တွန်းမှုကြောင့် ဆက်လက်ကြိုးစားခဲ့ရာကနေ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့တာပါ။

  • Brie Larson

 

View this post on Instagram

 

Did someone say Star Wars?!

A post shared by Brie (@brielarson) on

Captain Marvel အဖြစ် လူသိများတဲ့ အကယ်ဒမီဆုပိုင်ရှင် မင်းသမီး Brie LArson ကတော့ အသက် ၉ နှစ်ထဲက သရုပ်ဆောင်လောကထဲ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဓိကဇာတ်ကောင် နေရာတွေ မရပဲ ဇာတ်ပို့နေရာကပဲ သရုပ်ဆောင်ခဲ့ရပြီး သီချင်းခွေထုတ်တာတောင် အခွေပေါင်း(၄၀၀၀)၀န်းကျင်ပဲ ရောင်းရလို့ ဟောလိဝုဒ်က သူမနဲ့ မကိုက်ဘူးလို့ စဉ်းစားမိခဲ့ပါတယ်တဲ့။ သရုပ်ဆောင် မလုပ်တော့ဘူးလို့ ဆုံးဖြတ်ကာ ကျောင်းပြန်တက်ပြီး Marine Biology သင်တော့မယ်လို့ ပြင်ဆင်နေတုန်းမှာ United States Of Tara ဆိုတဲ့ show မှာ သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။ အဲဒီ့ show ကနေ အစပြုပြီး ကြိုးစားခဲ့ရာကနေတစ်ဆင့် ဒီနေ့လို အနေအထားမျိုးကို ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

  • Millie Bobby Brown

 

View this post on Instagram

 

happy 4 year anniversary @strangerthingstv love you all sm.

A post shared by mills (@milliebobbybrown) on

Stranger Things မင်းသမီး Millie ကတော့ အသက် (၉) နှစ်အရွယ်ထဲက သရုပ်ဆောင်လောကထဲ ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်သင်တန်းတွေ ဘာမှ မတက်ထားပဲ ပင်ကိုယ်အနုပညာ ဓာတ်ခံရှိတဲ့ Millie လေးက နာမည်ကြီး Show တွေ ဖြစ်တဲ့ Modern Family နဲ့ Grey’s Anatomy တို့မှာ ဇာတ်ပို့နေရာက သရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ကြာလာတော့ ပညာရေးမှာ လစ်ဟင်းလာတာနဲ့ မိသားစုကပေးတဲ့ ဖိအားပေါင်းစုံကြောင့် အနုပညာအလုပ်ကို စွန့်လွှတ်ဖို့ စဉ်းစားခဲ့ဖူးပါတယ်။ Stranger Things ထဲမှာ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Eleven နေရာမှာ သရုပ်ဆောင်ပြီးတော့မှ သူမရဲ့ စိတ်ခံစားချက်တွေ အကုန်ပြောင်းလဲသွားသလို ခံစားခဲ့ရပါတယ်တဲ့။

  • Chris Hemsworth

ပျိုတိုင်းကြိုက်မင်းသား Chris Hemsworth ကတော့ (၂၀၀၉)ခုနှစ်မှာ ထွက်ခဲ့တဲ့ Star Trek မှာ သရုပ်ဆောင်အပြီးမှာတော့ သူ့အတွက် အလုပ်တွေ အရမ်းရှားခဲ့ပါတယ်တဲ့။ အဆင်ပြေမလာပဲ ပိုပြီးခက်ခဲလာတာကြောင့် ဟောလိဝုဒ်ကို ကျောခိုင်းပြီး သြစတြေးလျကို ပြန်အခြေချဖို့ ပြင်ဆင်နေတုန်းမှာ Thor အဖြစ် သရုပ်ဆောင်ဖို့ ရွေးချယ်ခံခဲ့ရတာပါ။

READ
"ကျွန်မက မဟေသီ"ရဲ့ ကလေးသရုပ်ဆောင် နှစ်ယောက်ကိုချီးကျူးလိုက်တဲ့ အောင်ရေချမ်း

TPS

SHARE