၂၀၀၀ ခုနှစ်နောက်ပိုင်း ရုပ်ရှင်ရိုက်ကူးရင်း သေဆုံးခဲ့ကြတဲ့ ရုပ်ရှင်သရုပ်ဆောင်များ

ရုပ်ရှင်ဆိုတာ သရုပ်ဆောင်ပညာရပ်၊ ကင်မရာအယူအဆ၊ အချိန်အဆများနဲ့ editing တွေကြောင့် အမြင်အာရုံကိုလှည့်စားကာ ကြည့်လိုက်လျှင်အဟုတ်ဖြစ်နေသယောင် ရိုက်ကူးပုံဖော်ထားကြတာပဲဖြစ်ပါတယ်။ အက်ရှင်ခန်းတွေ၊ တိုက်ခိုက်ခန်းတွေမှာ ဟန်ပြလုပ်ခဲ့ကြပေမယ့် တကယ်ပဲဒဏ်ရာရခဲ့တဲ့အခိုက်အတန့်တွေရှိတတ်ပြီး သေဆုံးတဲ့အထိပါ ဖြစ်သွားတတ်ပါတယ်။ အောက်မှာဖော်ပြပေးမယ့်အကြောင်းအရာတွေကတော့ ရိုက်ကူးခဲ့တဲ့ရုပ်ရှင်များနဲ့တိုက်ဆိုင်စွာသေဆုံးခဲ့ရတာတွေရှိသလို ရိုက်ကွင်းပေါ်မှာ သေဆုံးခဲ့ရတဲ့ သရုပ်ဆောင်များ၊ ရုပ်ရှင်အဖွဲ့သားများအကြောင်းပဲဖြစ်ပါတယ်။

The Crow ရုပ်ရှင်သရုပ်ဆောင် Brandon Lee

၁၉၉၃ ခုနှစ် မတ်လ (၃၁) ရက်နေ့၊ The Crow ရုပ်ရှင်ရိုက်ကွင်းမှာ Brandon Lee သရုပ်ဆောင်တဲ့ ဇာတ်ကောင်ဟာ သေနတ်အပစ်ခံရမယ့် ဇာတ်ကွက်ပါနေပါတယ်။ အဲဒီအခန်းကိုရိုက်ကူးစဉ် ရိုက်ကူးရေးသုံးသေနတ်အတုနဲ့ သေနတ်အစစ်နဲ့ လဲလှယ်ခဲ့သူရှိတဲ့အတွက် Brandon Lee ဟာ သေနတ်အစစ်တွေနဲ့တကယ်ပဲအပစ်ခံကာ သေဆုံးသွားခဲ့ပါတယ်။

The Crow

The Return of the Musketeers ရုပ်ရှင်ထဲက Roy Kinnear 

ဓားရေးပြခန်းတွေ၊ အတိုက်အခိုက်၊ အပစ်အခတ်တွေနဲ့ မြင်းစီးတဲ့အခန်းတွေအများဆုံးပါဝင်တဲ့ ရုပ်ရှင်မှာ Roy Kinnear ဟာ ဇာတ်ပို့အဖြစ်သရုပ်ဆောင်ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ စပိန်နိုင်ငံ Toledo မှာ ရုပ်ရှင်ရိုက်ကွင်းတည်ထားခဲ့ပါတယ်။ Tagus မြစ်ကို Alcantara တံတားပေါ်ကမြင်းနဲ့ ဖြတ်စီးရမယ့်အခန်းမှာ တံတားခင်းထားတဲ့ကျောက်တုံးတွေ ချောနေတာကြောင့် မြင်းပေါ်က Roy Kinnear ပြုတ်ကျခဲ့ပြီး တင်မဆုံရိုးကျိုးသွားခဲ့ပါတယ်။ ဆေးရုံသို့ချက်ချင်းပို့ခဲ့သော်လည်း အတွင်းပိုင်းသွေးယိုစီးမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါရိုက်တာ Lester ကတော့ ဒီရုပ်ရှင်ဟာ သူ့ရဲ့နောက်ဆုံးရုပ်ရှင်ဖြစ်ပြီး Roy သေဆုံးမှုကြောင့် နောက်ထပ်ဘာရုပ်ရှင်မှ ထပ်မရိုက်တော့ပါဘူး။

The Return of the Musketeers

The Conquerer ရုပ်ရှင်မှ John Wayne အပါအဝင် (၉၁) ယောက်သော ရုပ်ရှင်အဖွဲ့သားများ

ဒီရုပ်ရှင်ကားကို ၁၉၅၆ ခုနှစ်တုန်းက ယူတာ၊ စိန့်ဂျော့မှာ စတဲချကာရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်တွေဟာ ရက်ပိုင်းအတွင်းပြီးစီးအောင် ရိုက်ကူးလေ့မရှိဘဲ တစ်ကားတစ်ကားရိုက်ရင် လနဲ့ချီကြာတတ်ပါတယ်။ ရုပ်ရှင်ဇာတ်ညွှန်းအရ တည်နေရာအနေအထားဟာ စိန့်ဂျော့နဲ့အဆင်ပြေတာကြောင့် စိန့်ဂျော့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးပြီး နှစ်အနည်းငယ်အကြာမှာပဲ The Conquerer ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေအပါအဝင် ရုပ်ရှင်အဖွဲ့သား (၂၂၀) ရှိတဲ့အထဲက (၉၁) ယောက်တိတိဟာ ကင်ဆာဝေဒနာကိုခံစားခဲ့ရပါတယ်။ John Wyne ကတော့ အသက် (၄၆) နှစ်မှာပဲ ကင်ဆာနဲ့ကွယ်လွန်ခဲ့ပါတယ်။ ပရိုဂျူဆာဖြစ်တဲ့ Howard Hughes ဟာ ဒီနေရာမှာရိုက်ကူးဖို့ တိုက်တွန်းခဲ့တဲ့အတွက် အပြစ်ရှိသလိုခံစားရကာ final edit ပြီးသွားတဲ့ရုပ်ရှင်ကို မထုတ်လွှတ်ဘဲ (၁၈) နှစ်ကျော်ကြာ သိမ်းဆည်းထားခဲ့ပါတယ်။ ရိုက်ကွင်းတည်ခဲ့တဲ့နေရာဟာ လွန်ခဲ့တဲ့ (၂) နှစ်တုံးကမှ အမေရိကန်စစ်တပ်ကနေ နျူကလိယားဗုံးစမ်းသပ်ဖောက်ခွဲထားခဲ့တဲ့နေရာပဲဖြစ်ပါတယ်။

READ
ကိုမောင်မောင်အေးရဲ့ မင်္ဂလာပွဲသို့ တက်ရောက်လာတဲ့ ပြေတီဦးနဲ့ အူဝဲ
The Conquerer

The Twilight Zone

၁၉၈၂ ခုနှစ်များဆီက ပရိတ်သတ်အားအပေးဆုံး ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတစ်ခုလုံးကို ထိုခေတ်ထိုအခါက ကျော်ကြားလှခဲ့ကြတဲ့ ဒါရိုက်တာများဖြစ်တဲ့ Stephen Spielberg, John Landis, George Miller နဲ့ Joe Dante တို့မှ သီးခြားရိုက်တစ်လှည့်စီရိုက်ကူးခဲ့ကြပါတယ်။ ဒါရိုက်တာ John Landis တာဝန်ယူရိုက်ကူးတဲ့အပိုင်းမှာတော့ ပေါ့ရော့မှုတစ်ခုဖြစ်ပွားခဲ့ပြီး သရုပ်ဆောင် Vic Morrow အပါအဝင် Myca Dinh Le နှင့် Renee Shin-Yi Chan အမည်ရှိ ကလေးသရုပ်ဆောင်နှစ်ဦး ဆုံးပါးသွားခဲ့ပါတယ်။ ဇာတ်လမ်းအရ သေဆုံးသွားခဲ့တဲ့ သရုပ်ဆောင် Vic Morrow ဟာ ကလေးသရုပ်ဆောင်နှစ်ဦကို ကယ်တင်ကာ ပေါက်ကွဲမှုတွေကြား ဟယ်လီကော်ပတာနှင့်ခေါ်ဆောင်သွားရမှာပဲဖြစ်ပါတယ်။ ပေါက်ကွဲမှုဟာ ဟယ်လီကော်ပတာနှင့်သိပ်ကိုနီးကပ်လွန်းတာကြောင့် အမြီးပိုင်းစတင်ပျက်စီးကာ ပျက်ကျသွားခဲ့ပါတယ်။ ပျက်ကျသွားပုံကို ကင်မယာသုံးလုံးနဲ့ ရှုထောင့်ပေါင်းစုံကရိုက်ကူးမိခဲ့သော်လည်း တကယ်တမ်းရုပ်ရှင်ထုတ်တဲ့ ၁၉၈၃ ခုနှစ်မှာတော့ ကလေးသရုပ်ဆောင်နှစ်ဦးရဲ့ အခန်းကဏ္ဍတွေကို ဖျက်ထားခဲ့ပါတယ်။

READ
အရက်သမားတို့ရဲ့ အလွဲတကာ့အလွဲဆုံး အမှားတွေကို ရိုက်ကူးထားတဲ့ ဟာသဓာတ်ပုံများ
The Twilight Zone

Poltergeist

ခေတ်အဆက်ဆက်စိတ်ခြောက်ခြားဖွယ်ရာ အကောင်းဆုံးရုပ်ရှင်ထဲ ထိပ်တန်းနေရာမှာပါဝင်နေတဲ့ Poltergeist ရုပ်ရှင်ဟာ ရုပ်ရှင်လောကမှာတော့ ကျိန်စာသင့်နေတဲ့ ရုပ်ရှင်ကားလို့ ပြောစမှတ်တွင်ခဲ့ပါတယ်။ ရုပ်ရှင်မှာပါဝင်ခဲ့ကြတဲ့ သရုပ်ဆောင်များနဲ့ အဖွဲ့သားများဟာ ဆိုးရွားလှတဲ့မတော်တဆမှုများနဲ့ ကြုံတွေ့ခဲ့ရပြီး အများအပြားကတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ၁၉၈၂ ခုနှစ်၊ ရုပ်ရှင်ကိုရုံမတင်ခင်နှ်စ်ပတ်အလိုမှာ ဇာတ်ကောင် Robin ရဲ့အစ်မ Dana နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Dominique Dunne ဟာ အိမ်အပြန်လမ်းမှာ ချစ်သူကောင်လေးရဲ့ လည်ပင်းညှစ်ကာသတ်ခြင်းကိုခံခဲ့ရပါတယ်။ ၁၉၈၅ ခုနှစ်မှာတော့ သရုပ်ဆောင် Julian Beck ဟာလည်း အစာအိမ်ကင်ဆာဖြင့် သေဆုံးခဲ့ပြီး Poltergeist နောက်ဆက်တွဲဇာတ်လမ်းမှာ Taylor နေရာကသရုပ်ဆောင်ခဲ့တဲ့ Will Sampson ဟာလည်း အသက် (၅၃) နှစ်အရွယ်မှာ ကျောက်ကပ်ပျက်စီးကာ သေဆုံးခဲ့ပါတယ်။ ကလေးသရုပ်ဆောင် Heather O’Rouke ဟာလည်း အသက် (၁၂) နှစ်မှာပဲ အူသိမ်မှာပြဿနာဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ ဒီတင်မကသေးဘဲ ၂၀၀၉ ခုနှစ်မှာလည်း Pugsley အဖြစ်သရုပ်ဆောင်ခဲ့သူ Lou Perryman ဟာ တက္ကဆက်နေအိမ်မှာ အဆက်ဟောင်းရဲ့ပုဆိန်နဲ့ခုတ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

Poltergeist

Source: Mirror

Penny

 

SHARE