အိမ်ထောင်ရှိသူနဲ့ ဖောက်ပြန်မိလို့ အနုပညာလောက ထွက်ရမလို ဖြစ်နေတဲ့ ဂျပန်မင်းသမီး

Image;koreaboo & Erika Karata 's IG

Erika Karata  ကတော့ Arthdal Chronicles ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ခဲ့သူပါ။ Girl’s Generation‘ ရဲ့ “Divine ” ဆိုတဲ့ MV မှာလည်း ပါဝင် ပေးခဲ့ဖူးပါတယ်။အဲ့ဒီဇာတ်ကားနဲ့ အာရှ ပရိသတ်တွေက သူမကို သတိထားမိခဲ့ပြီး အောင်မြင်နေတဲ့ အချိန် ကျမှ သူမရဲ့ ပုဂ္ဂိုလ်ရေး အရှုပ်အရှင်း ကိစ္စ တွေ ကြောင့် အခုဆိုရင် တော့ နာမည် ကျ ခဲ့ရပါတယ်။သူမဟာ လက်ထပ် ထားတဲ့ အိမ်ထောင်ရှိ အမျိုးသား တစ်ယောက် နဲ့ ဖောက်ပြန် မိခဲ့တဲ့ အတွက် ကြောင့် အခုဆိုရင်တော့ ကိုရီးယားနဲ့ ဂျပန် ပရိသတ်တွေ ရဲ့ ပြောဆို ဝေဖန် မှုတွေ ကို ခံနေရပါတယ်။

Image:Koreaboo

သူမဟာ ဂျပန် မင်းသား Masahiro Higashide နဲ့ ဖောက်ပြန်မိခဲ့တာပါ။ အခုဆိုရင်တော့ သူမရဲ့ SNS အကောင့်ကိုပါ လုံးဝ ပိတ်ပစ်ခဲ့ရပါတယ်။ Masahiro Higashide  ၊သူ့ဇနီး တို့နဲ့ ပတ်သက်နေတဲ့ အပြင် ကြားလူ တွေကရဲ့ ပြောဆို ထိုးနှက်မှုတွေ ကိုပါ ခံစားခဲ့ရတာပါ။အခုဆိုရင်တော့ သူမရဲ့ တရားဝင် official website ပါ လုံးဝ ပိတ် ပစ်လိုက်ရပါပြီ။Page မှာဆိုရင် error message ပဲ  ပြ နေပြီး ရှာလို့ မ ရ တော့ဘူးလို့ ဇန်န၀ါရီလ (၂၇)ရက်နေ့က မီဒီယာ တွေ မှာ ဖော်ပြခဲ့တာပါ။

READ
Ariana Grande နဲ့ Selena Gomez ကို မှားပြောလိုက်တဲ့ Britney Spears
Image:IG/Erika Karata

နိုင်ငံတကာ မီဒီယာတစ်ချို့မှာဆိုရင် ကာမပိုင်မိန်းမရှိတဲ့ အိမ်ထောင်သည် ယောက်ကျားနဲ့ ဖောက်ပြန်တာမျိုးကို ဥပဒေ အရ ပါ အပြစ်ပေးနိုင် ကြောင်း၊ထောင်ဒဏ်နဲ့ ဆိုရင် နှစ်နှစ် လောက် အထိ  ထောင်ချ ပစ်လို့ ရတယ်ဆိုပြီး   ရေးသား ဖော်ပြ ခဲ့ကြပါတယ်။အိမ် ထောင် ရေး ဖောက်ပြန်ထားသူ တစ်ယောက် အနေနဲ့ ကိုရီးယားနဲ့ ဂျပန်မှာ အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နေတာမျိုးကိုပါ ပရိသတ်တော်တော်များများက ဆန့်ကျင်ကန့်ကွက် နေကြပါပြီ။

Image:Koreaboo

အိမ်ထောင်ရှိ ယောက်ျားနဲ့ဖောက်ပြန်မိလို့ တောင်းပန်တဲ့ စာကိုတော့ သူမရဲ့ အေဂျင်စီ BH Entertainment က တစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။သူမရဲ့ လုပ်ရပ် အတွက် နောင်တရ နေကြောင်းနဲ့ ဒီကိစ္စ မှာ ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုတွေ ကိုလည်း တောင်းပန် ပါတယ်လို့ တောင်းပန်စာထဲမှာ ဖော်ပြထားပါတယ်။သူမနဲ့ ဖောက်ပြန်ခဲ့တဲ့ Masahiro အသက် (၃၁) နှစ် ကတော့ မင်းသမီး Anne Watanabe အသက် (၃၃)နှစ်နဲ့ လက်ထပ် ထားပါတယ်။သူတို့ မှာတော့ ကလေးသုံးယောက်ရှိပါတယ်။ဒါပေမယ့် Erika နဲ့ သူ့ ယောက်ျား ဖောက် ပြန်နေတဲ့ ကိစ္စ ကြောင့် အခုဆိုရင် တော့ သူတို့ လင်မယားဟာ သပ်သပ်စီ ခွဲ နေနေ ကြပါတယ်။Erika Karata  ကတော့ အသက် (၂၂)နှစ်ပဲရှိသေးပြီး (၂၀၁၈)က ထွက်ခဲ့တဲ့  As ako I & II ဆိုတဲ့ အချစ်ဇာတ်ကားမှာ  Masahiro နဲ့ အတူသ ရုပ်ဆောင်ရင်း  ချစ်ကြိုက် သွားခဲ့ပုံရပါတယ်။

READ
အက်ရှင်စတန့်ဇာတ်ဝင်ခန်းအတွက် ကြိုးကြိုးစားစား သရုပ်ဆောင်နေတဲ့ Alicia Vikander
Image:tvN

Source:Koreaboo

SHARE