မူးယစ်ဆေးဝါးတွေ သုံးစွဲနေကြောင်း ၀န်ခံလိုက်တဲ့ နာမည်ကျော် ဂျပန်မင်းသမီး

instagram/erika.sawajiri.erika

ပြီးခဲ့တဲ့ စနေနေ့တုန်းက ရုပ်ရှင်သရုပ်ဆောင်မင်းသမီး အီရီကာဆာဝါဂျီရီဟာ တိုကျိုနေအိမ်တွင် မူးယစ်ဆေးဝါးတွေ့ရှိမှုနဲ့ အဖမ်းခံခဲ့ရကြောင်း japantimes အရ သိရပါတယ်။ အီရီကာရဲ့ နေအိမ်မှာ စိတ်ကြွဆေးတစ်မျိုးဖြစ်တဲ့ MDMA နဲ့အတူ အခြားသော တရားမ၀င် မူးယစ်ဆေးတွေကိုပါ တွေ့ရှိခဲ့တာပါ။ တိုကျိုမြို့ရဲတပ်ဖွဲ့ဟာ မူးယစ်သတင်းကို လွန်ခဲ့တဲ့ (၁) လ လောက်ကတည်းက ရရှိခဲ့တာ ဖြစ်ပါတယ်။

အီရီကာဟာ အသက်(၃၃) နှစ်ရှိပြီး သူမဟာ မူးယစ်ဆေးဝါးသုံးစွဲနေတာ ကြာနေပြီဖြစ်လိမ့်မယ်လို့ ရဲအဖွဲ့က သုံးသပ်ထားပါတယ်။ အီရီကာဟာ ကျိုတိုရပ်ကွက် ရဲစခန်းမှာ တစ်ညတာ ကုန်ဆုံးပြီးတဲ့နောက် တနင်္ဂနွေနေ့မှာတော့ သူမကို အစိုးရရှေ့နေတွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ သတင်းထောက်တွေနဲ့ ဓာတ်ပုံသမားတွေကတော့ မူးယစ်မှုနဲ့အဖမ်းခံခဲ့ရတဲ့ နာမည်ကျော် ရုပ်ရှင်မင်းသမီးကို ဓာတ်ပုံရိုက်ယူဖို့ အစောကြီးကတည်းက လာရောက်စောင့်ဆိုင်းနေခဲ့ကြတာပါ။

 

 

View this post on Instagram

 

・ ・ 遂に発表されました! ・ ・ 2020年に放送されるNHKの大河ドラマ「麒麟がくる」に出演㊗️ ・ しかもヒロインのポジションだから重要な役どころだと思います。 ・ ・ エリカにとって大河ドラマ出演は自分の集大成と記者会見でも涙ながらに言っていたので、並々ならぬ覚悟で臨むことと思います。 ・ 民法のドラマで活躍するエリカももちろん見たいけど、大河ドラマで今まで以上に渾身の演技をするエリカを、今から楽しみにしています。 ・ みなさんも是非お楽しみに😌 ・ ・ ・ #沢尻エリカ #エリカ #erika #erikasawajiri #女優 #麒麟がくる #大河ドラマ

A post shared by 沢尻エリカ (@erika.sawajiri.erika) on

ဒါပေမယ့်လည်း အီရီကာဟာ ရဲစခန်းက အထွက်မှာ ကားနောက်ခန်းမှာ ထိုင်နေပြီး လိုက်ကာကွယ်ထားတဲ့အတွက် သူမကို မမြင်တွေ့ခဲ့ရပါဘူး။ အီရီကာဟာ ရဲတပ်ဖွဲ့က သူမရဲ့အိမ်မှာ MDMA (၀.၀၉) ဂရမ်တွေ့ပြီးပြီးချင်း တရားမ၀င်မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်ထားကြောင်း ၀န်ခံခဲ့တာပါ။ ဒါ့အပြင် ရဲတွေက အီရီကာကို ဆီးစစ်ထားကြပါသေးတယ်။

READ
ရူးမတတ် ချစ်ခဲ့ရတဲ့ ရည်းစားဟောင်းကို မေ့ပျောက်အောင်ကြိုးစားနည်း

အီရီကာဟာ သောကြာနေ့ ညပိုင်းမှာ ရှီဘူယာခရိုင်မှာရှိတဲ့ နိုက်ကလပ်တစ်ခုကို သွားခဲ့ပြီး စနေနေ့မနက်ပိုင်းမှာတော့ သူမအိမ်ပြန်အလာမှာ မြို့ရဲတပ်ဖွဲ့က သူမအိမ်ကို ၀င်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ ရဲအဖွဲ့က အီရီကာရဲ့ အိမ်ကို ၀င်ရောက်စီးနင်းချိန်မှာ သူမရဲ့မိခင်ဖြစ်သူလည်း အိမ်မှာရှိနေတယ်လို့ သိရပါတယ်။

 

 

View this post on Instagram

 

・ ・ 11月号のMAQUIA、表紙です😀 ・ ・ ・ ヤンジャンも見てね😂 ・ ・ ・ #沢尻エリカ #エリカ #erikasawajiri

A post shared by 沢尻エリカ (@erika.sawajiri.erika) on

အိမ်ထဲ ၀င်ရောက်စီးနင်းရှာဖွေစဉ်အတွင်း ရဲတွေဟာ အီရီကာရဲ့အခန်းထဲမှာ အဖြူရောင်ဆေးတောင့် နှစ်ခုကို တွေ့ခဲ့ပြီး ဆေးတောင့်တစ်တောင့်ထဲမှာတော့ ပေါင်ဒါလိုအမှုန့်တွေပါတဲ့ MDMA ပစ္စည်းတွေကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အီရီကာဟာ ၄င်းဆေးတောင့်တွေကို အလှပြင်ပစ္စည်းတွေနဲ့အတူ သူမအိတ်ထဲထည့်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရဲတွေဟာ အီရီကာရဲ့ ဖုန်းအ၀င်အထွက်ကောတွေကိုပါ စစ်ဆေးပြီး မူးယစ်ဆေးဘယ်လိုရခဲ့သလဲဆိုတာ ဖော်ထုတ်နေပါတယ်။

READ
တရုတ်နိုင်ငံရဲ့ တင်ပါးအလှဆုံးဆုကို ဆွတ်ခူးရရှိခဲ့တဲ့ (၁၉)နှစ်အရွယ် အလှမယ်

အီရီကာ ဆာဝါဂျီရီဟာ ရုပ်ရှင်၊ တီဗီအခန်းဆက်ဇာတ်လမ်းတွေနဲ့ တီဗီကြော်ငြာပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်မင်းသမီးဖြစ်ပါတယ်။ သူမဟာ သီချင်းဆိုတဲ့အပိုင်းမှာလည်း အောင်မြင်သူတစ်ဦး ဖြစ်ပါတယ်။ ယခုနှစ်ထဲမှာတော့ အီရီကာဟာ တိုယိုရိုယာမာဆာကီရဲ့ အကျော်ကြားဆုံးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ရှီရိုးအီကျိုတိုကို ရုပ်သံအဖြစ် ပြန်လည်ဖန်တီးတင်ဆက်မှုမှာ ပါဝင်ထားပါတယ်။ အီရီကာဟာ (၂၀၀၅) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ 1 Liter of Tears ဒရာမာဇာတ်ကားနဲ့အတူ ဂျပန်နိုင်ငံထဲမှာသာမက အာရှတစ်ခွင်မှာပါ ကျော်ကြားလာခဲ့သူ သရုပ်ဆောင်မင်းသမီးလည်း ဖြစ်ပါတယ်။

https://www.instagram.com/p/Bc56aU3B8iS/?utm_source=ig_web_copy_link

လင်းလင်း (ShweMom)

SHARE