လူ(၃၃)ယောက်ကို တန်းစီပြီးတော့ တရားစွဲဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ Han Hyo Joo

“W” ဇာတ်လမ်းတွဲ မင်းသမီး Han Hyo Joo နဲ့ သူမရဲ့ အနုပညာအေဂျင်စီဖြစ်တဲ့ BH Entertainment ကတော့ မေလ ၁၀ ရက်နေ့မျာ တရားဝင်ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းကတော့ Han Hyo Jooကို Burning Sun ကလပ်ကိစ္စမှာ ပါဝင်နေတယ်ဆိုပြီးတော့ ကောလဟာလတွေ လွှင့်နေတဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူတော့မယ်ဆိုတာကို အသိပေးခဲ့တာဖြစ်ပါတယ်။

Han Hyo Joo နဲ့ပတ်သတ်တဲ့ ကောလဟာလတွေ စတင်ခဲ့တာကတော့ မေလ ၄ ရက်နေ့မှာ The It’s Know  ဆိုတဲ့ အစီအစဉ်တစ်ခုကနေ စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကတော့  Burning Sun ကနေ ပြုလုပ်တဲ့ အလှကုန်ပစ္စည်းပွဲတစ်ခုကို မင်းသမီး Han Hyo Jooကတက်ရောက်ခဲ့ပြီး အဲဒီနေ့က သူမရဲပုံစံက မသကာင်္စရာကောင်းနေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ Burning Sun နဲ့ ပတ်သတ်တဲ့သူတစ်ဦးကတော့ Han Hyo Jooရဲ့ ပုံစံက ဆေးသုံးထားတဲ့သူလို့ပဲလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

READ
ကင်ဆာဓါတုကုထုံးခံယူပြီးနောက် ပေါင်(၂၀)လောက်ကျသွားတဲ့ Kim Woo Bin

အဲဒီအစီအစဉ်အပြီးမှာတော့ Burning Sunနဲ့ ပတ်သတ်နေတဲ့သူက Han Hyo Joo, Kim Go Eun ဒါမှမဟုတ်Jung Eun Chaeလားဆိုပြီးတော့ မေးခွန်းတွေထုတ်နေကြတာဖြစ်ပါတယ်။ Han Hyo Joo နဲ့ Kim Go Eunရဲ့ အေဂျင်စီဖြစ်တဲ့BH Entertainment နဲ့ မင်းသမီး Jung Eun Chae တို့ကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ငြင်းဆိုထားပြီဖြစ်ပါတယ်။

ဒါ့အပြင် Han Hyo Jooရဲ့ အေဂျင်စီကတော့ Burning Sun ကို Han Hyo Jooက တစ်ခါမှ သွားခဲ့ဖူးခြင်းမရှိတဲ့အကြောင်းကိုပြောထားပြီး ကောလဟာလတွေက Han Hyo Jooရဲ့ ဂုဏ်သိက္ခာကို ဆိုးဆိုးရွားထိခိုက်စေလို့ ကောလဟာလပျံ့စေတဲ့သူ ၃၃ယောက်ကို ရဲစခန်းမှာ အမှုဖွင့်ထားပြီးပြီလို့ ဒီကနေ့မှာ အသိပေးခဲ့ပါတယ်။

READ
ရေဘေးသင့် ပြည်သူတွေကို ကူညီပေးနေတဲ့ ပရဟိတမင်းသား

Source: Koreaboo

SHARE