အဝေးပြေးလမ်းမပေါ်မှာ ကားနှစ်စီးအတိုက်ခံလိုက်ရတဲ့ ကိုရီးယားမင်းသမီး

မေလ ၆ ရက်နေ့မှာတော့ အသက် (၂၈ ) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုရီးယားမင်းသမီးတစ်ဦးဟာ အင်ချွန်းလေဆိပ် အဝေပြေးလမ်းမပေါ်မှာ ကားအက်စီးဒင့်ဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။ သူမကတော့ သူမရဲ့ ကားကို ရပ်ထားတဲ့အနီးမှာ ရပ်နေစဉ်မှာ တက္ကစီတစ်စီးနဲ့ ဆလွန်းကားတစ်စီးရဲ့ ဆင့်တိုက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် သူမကို တိုက်လိုက်တဲ့ အသက် ၅၆ နှစ်အရွယ် တက္ကစီမောင်းသမားနဲ့ အသက် ၇၃ နှစ်အရွယ် ဆလွန်းကားမောင်းသူတို့ကို ရဲတွေက စစ်ဆေးနေပြီဖြစ်ပါတယ်။

သတင်းတွေအရတော့ မင်းသမီးရဲ့  ယောကျာ်းဖြစ်သူက သန့်စင်ခန်းအသုံပြုချင်တာကြောင့် မင်းသမီးက ကားကို အရေးပေါ်အချက်ပြမီးဖွင့်ပြီး ရပ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမဲ့ ရဲတွေကတော့ မင်းသမီးက ဘာကြောင့် ကားရဲ့ အပြင်ဘက်မှာ ထွက်ရပ်နေရတာလဲဆိုတာကို စုံစမ်းနေကြပါတယ်။ ဒါ့အပြင် ကားကို ဘေးမှာမရပ်ပဲ ဘာကြောင့် အဝေးပြေးလမ်းမပေါ်မှာ တက်ရပ်သလဲဆိုတာကိုလည်း စုံစမ်းနေကြပါတယ်။ မင်းသမီးက ဘယ်သူလဲဆိုတာကို အစောပိုင်းမှာ ထုတ်ဖေါ်ပြောခြင်းမရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ပရိသတ်တွေကို တရားဝင် အသိပေးလိုက်ပြီဖြစ်ပါတယ်။

READ
ကြည့်ရင်းကြည့်ရင်းနဲ့ တစိမ့်စိမ့်တွေးပြီး ကြောက်လာစေမယ့် Pet Sematary ရုပ်ရှင်

အဲဒီမင်းသမီးကတော့ ဒရာမာစီးရီးတွေမှာ ပါဝင်နေကျ မင်းသမီးတစ်ယောက်ဖြစ်ပြီး ၂၀၁၀ ခုနှစ်တုန်းက B.Dolls ဆိုတဲ့ မိန်းကလေးကေပေါ့အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခဲ့တဲ့ Han Ji Sung ဖြစ်ပါတယ်။ သူမကတော့ ဒီနှစ်ထဲမှာ ထွက်မယ့် “One Punch” ဆိုတဲ့ ရုပ်ရှင်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Source: Kstarlive

SHARE