ကပ်ရောဂါကြောင့် ဂျပန်သရုပ်ဆောင်မင်းသမီးကြီး Kumiko Okae ကွယ်လွန်

Image:twitter/@WarspiteHaven

COVID-19 က တော့ ကမ္ဘာတစ်ဝန်းမှာ ကူးစက် ဖြစ်ပွားလျက်ရှိပါတယ်။နိုင်ငံ တစ်ချို့ ကတော့ ဆေးကို လူသားတွေ မှာ စတင် စမ်းသပ် အသုံး ပြု နေပါပြီ။ လက် တ လော အချိန် ထိ တော့ ကာကွယ်ဆေး၊ ပျောက်ကင်း အောင် ကုသ နိုင်တဲ့ ဆေး အတိအ ကျ မ ပေါ် သေးပါဘူး။ရောဂါဖြစ်ပွားမှုကို ထိန်းချုပ် ရေး က သာ တွန်းလှန်နိုင်မယ့် အကောင်း ဆုံး နည်းတစ်နည်း ဖြစ်နေပါတယ်။COVID-19 ဖြစ်ပွား နေတဲ့  နိုင်ငံ တွေ ထဲက တစ်နိုင်ငံ ဖြစ်တဲ့ ဂျပန်မှာတော့ Kumiko Okae ဆိုတဲ့ မင်းသမီး ဒီရောဂါ ကြောင့် ကွယ်လွန် သွားခဲ့ ပါတယ်။

Image:twitter/@WarspiteHaven

သူ မကတော့ ဂျပန် မင်းသမီး တစ်ယောက် ဖြစ်သလို အစီအစဉ် တင်ဆက်သူ တစ်ယောက်ပါ။ Kumiko Okae က တော့ ဧပြီ (၂၃) ရက်နေ့က ဒေသစံ တော် ချိန် မနက် (၅)နာရီ  (၂၀) က တိုကျို ဆေးရုံမှာ ကွယ် လွန်သွားခဲ့ ရတာ ပါ။သူမ ကွယ်လွန် ချိန်မှာတော့ အသက် (၆၃)နှစ်ပါ။

READ
ပြင်သစ်နွေရာသီကြိုဆိုပွဲမှာ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့တဲ့ ဖြူဖြူကျော်သိန်း
Image:twitter/@WarspiteHaven

ဧပြီ (၃) ရက်နေ့ တည်းက စပြီး ဖျားနာ မှု ဝေဒနာကို ခံစား ခဲ့ ရတာပါ။အခြေ အနေ ဆိုးလာ လို့ နောက် ပိုင်းမှာတော့ ဆေးရုံ တင်ပို့ ခဲ့ပြီး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံ နေရာကို သိခဲ့တာပါ။ Okae က တော့  မနှစ်တည်းတုန်းက ရင်သား ကင်ဆာ ကြောင့် ခွဲစိတ် ကုသမှု  ခံယူခဲ့ရသူပါ။ဇန်န၀ါရီ နဲ့ ဖေ ဖော်ဝါရီ  လောက် တုန်းကလည်း ဓါတ် ရောင်ခြည် ကု ထုံးကို ခံယူ ထားခဲ့ရပါတယ်။

Source:.japantimes

SHARE