ပရိုဂျူဆာက မကျေနပ်လို့ အဖြစ်ဆိုးခဲ့ရတဲ့ အိန္ဒိယရုပ်ရှင်မင်းသမီး

instagram/malvimalhotra

အောက်တိုဘာ ၂၆ရက် ညကိုးနာရီဝန်းကျင် မွန်ဘိုင်းမြို့ရဲ့ ဗာဆိုဗာရပ်ကွက်မှာ မထင်မှတ်တဲ့ ဖြစ်ရပ်ဆိုးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ရုပ်ရှင်မင်းသမီး Malvi Malhotra ဟာ ကော်ဖီဆိုင်ကနေ အိမ်ကိုပြန်လာရင်း ဓားနဲ့အထိုးခံလိုက်ရတာ ဖြစ်ပါတယ်။ Malhotra ဟာ ဝမ်းဗိုက်နဲ့ လက်နှစ်ဖက်တို့မှာ ဒဏ်ရာရသွားခဲ့ပါတယ်။


DNA India ရဲ့မှတ်တမ်းမှာတော့ Malhotra ကို Yogesh Kumar Mahipal Singh ဆိုသူက ဓားနဲ့ထိုးသွားတာဖြစ်ကြောင်း သိရပါတယ်။ ဒဏ်ရာရရှိသွားတဲ့ Malhotra ကိုတော့ Kokilaben Ambani ဆေးရုံကိုခေါ်ဆောင်သွားခဲ့ပြီး အခုထက်ထိ ဆေးကုသနေဆဲဖြစ်တယ်ဆိုပါတယ်။

READ
သွား(၉)ချောင်းကျွတ်တဲ့အထိ ရည်းစားဟောင်းရဲ့ ရိုက်နှက်ခြင်းကိုခံခဲ့ရတဲ့ ကောင်မလေး

Storypick သတင်းအရတော့ မွန်ဘိုင်းရဲတွေဟာ အမှုဖွင့်ထားပြီး အမှုကိုဆက်လက်စုံစမ်းနေတယ်ဆိုပါတယ်။ တရားခံအဖြစ်ယူဆရတဲ့ Yogesh Kumar Mahipal Singh ဟာ သူ့ကိုယ်သူပရိုဂျူဆာတစ်ဦးဖြစ်ကြောင်း ပြောခဲ့ပါတယ်။


သူဟာ မင်းသမီး Malhotra နဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကစပြီး ဖေ့စ်ဘုတ်ပေါ်ကနေတဆင့် ရင်းနှီးခဲ့တာပါ။ အပြင်မှာ တစ်ကြိမ်တွေ့ခဲ့ပြီးတဲ့နောက် မင်းသမီး Malhotra ကို ပရိုပို့စ်လုပ်ခဲ့ရာ မင်းသမီးက ငြင်းပယ်ခဲ့တယ်ဆိုပါတယ်။ အခုလိုငြင်းပယ်မှုဟာ ဓားထိုးမှုရဲ့အကြောင်းရင်းဖြစ်တယ်လို့ ရဲအဖွဲ့က ယူဆထားကြပြီး အသေးစိတ်အဖြစ်အပျက်အတွက် စီစီတီဗီတွေပြန်စစ်ဆေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

View this post on Instagram

 

A post shared by Malvi Malhotra (@malvimalhotra) on


ShweMom

SHARE