ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးပြီး ဦးဦးဖျားဖျား Emmy ဆုရရှိထားတဲ့ Delhi Crime

twitter/mschhayasharma

အိန္ဒိယဒရာမာတီဗီစီးရီးဖြစ်တဲ့ Delhi Crime ဟာ International Emmy Award ကိုရရှိခဲ့တဲ့ ပထမဆုံးအိန္ဒိယရှိုးဖြစ်ပါတယ်။ ဒီစီးရီးဟာ Nirbhaya မုဒိမ်းမှုဖြစ်စဉ်ပေါ်မှာ အခြေခံထားတာဖြစ်ပြီး အကောင်းဆုံးဒရာမာစီးရီးအဖြစ် ဆုရရှိခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီး Shefali Shah ကတော့ အမှုကိုခေါင်းဆောင်နေရာကတာဝန်ယူဖြေရှင်းရတဲ့ Vartika Chaturvedi ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကောင်ကိုတော့ ဒေလီရဲအရာရှိ DCP Chaya Sharma အပေါ် အခြေခံထားတာပါ။

Shefali Shah ကတော့ ဒီဇာတ်လမ်းတွဲမှာ သူမဘယ်လောက်တောင် စိတ်ရောကိုယ်ပါမြှုပ်နှံထားတယ်ဆိုတာ ပြောပြခဲ့ပါတယ်။ ဖြစ်စဉ်တကယ်ဖြစ်ပွားခဲ့တဲ့ နေရာအမှန်တွေမှာ ရှုတင်ရိုက်တုန်းက Shefali Shah ရဲ့ အမျိုးသားနဲ့ သားနှစ်ယောက်တို့ဟာ သူမရဲ့လုံခြုံရေးအတွက် စိတ်ပူနေခဲ့ကြပါတယ်။

“ကျွန်မရှုတင်အိတ်ကိုလွယ်ပြီး အဲ့ဒီကိုသွားတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်မသိတယ်၊ ကျွန်မ အဲ့ဒီမှာ ဘာလုပ်ရမလဲဆိုတာလဲသိတယ်။ လေဆိပ်ကနေ ဒေလီကိုသွားတော့ အခင်းဖြစ်ခဲ့တဲ့နေရာတွေအားလုံးကို ဖြတ်သွားရတာလေ။ ကျွန်မအတွက် မလုံခြုံမှန်းသိတော့ တော်တော်လေးကြောက်မိတယ်။ မထင်မှတ်ဘဲ အတိုက်ခိုက်ခံရနိုင်တယ်။”

“ကျွန်မ အရင်ကလည်း ဒေလီကိုသွားဖူးပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ရှုတင်ရိုက်ဖို့အတွက်သွားတော့ တော်တော်စိတ်မသက်မသာဖြစ်မိတယ်။” လို့သူမက ဆိုပါတယ်။ ဒီအမှုဖြစ်စဉ်နဲ့ပတ်သက်လို့ သူမဆီက အကြံဉာဏ်တောင်းတဲ့အခါမှာတော့ Shefali Shah က အခုလိုဆိုပါတယ်။ “အင်း ကျွန်မတို့က သားတွေကိုမှန်ကန်တည့်မတ်အောင် ပြုစုပျိုးထောင်မှပဲ ကျွန်မတို့သမီးတွေအတွက် လုံခြုံစိတ်ချရမယ်။ ဒါ ကျွန်မ ကလေးတွေကိုလည်း သွန်သင်ပါတယ်။ သူတို့သာ တစ်ယောက်ယောက်ကို နာကျင်အောင်လုပ်ရင် ကျွန်မသတ်ရလိမ့်မယ်။”

ဖြစ်ရပ်မှန်ထဲက သူရဲကောင်းအမျိုးသမီး DCP Chaya Sharma နဲ့ လူချင်းတွေ့ဆုံခဲ့တဲ့ အမှတ်တရကိုလည်း Shefali Shah က အခုလို ဆိုပါတယ်။ “ဒီဂိုဏ်းကြီးတစ်ခုလုံးကို ဖြိုခွင်းနိုင်တဲ့ အမျိုးသမီးနဲ့တွေ့ခဲ့တယ်။ ကျွန်မမေးတဲ့မေးခွန်းအားလုံးကို သူသေချာဖြေပေးပါတယ်။ ရှုတင်တစ်လျှောက်လုံး ကျွန်မတို့မတွေ့ဖြစ်ခဲ့တာတောင် သူအများကြီး အကူအညီပေးပါတယ်။ သူက တပ်ဖွဲ့တစ်ဖွဲ့လုံးကို ဦးဆောင်ပြီး နောက်၅ရက်မှာ လူမှောင်ခိုဂိုဏ်းကိုဝင်စီးပြီး တရားခံတွေကိုဖမ်းဆီးနိုင်ခဲ့တယ်။” ထို့နောက်မှာတော့ မင်းသမီးကြီး Shefali Shah က Delhi Crime ဟာ သူမရဲ့ဘဝကို အချိုးအကွေ့တစ်ခုဖြစ်စေခဲ့တဲ့ဇာတ်ကားလို့လည်း မှတ်ချက်ပေးခဲ့ကြောင်း storypick အရ သိရပါတယ်။

READ
ရိုးရိုးလေးဝတ်ထားပေမဲ့ ဆွဲဆောင်မှုအပြည့်ရှိလွန်းနေတဲ့ အိချောပို

ShweMom

SHARE