ဇာတ်လမ်းတွဲအသစ်မှာ သူနာပြုအဖြစ် မြင်တွေ့ရဖွယ်ရှိတဲ့ မင်းသမီး Shin Min Ah

IG/shinminah_fanclub

စက်တင်ဘာလ ၉ ရက်နေ့မှာတော့ Ilgan Sports ကနေ “I Am a Nurse, a Human” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ သူနာပြုအဖြစ် သရုပ်ဆောင် Shin Min Ah တစ်ယောက် ပါဝင်သွားနိုင်ချေ ရှိတယ်ဆိုပြီး ရေးသား ထားခဲ့ပါတယ်။ ၁၅ နှစ်ကြာ လုပ်သက်အတွေ့အကြုံ ရှိနေတဲ့ သူနာပြုတစ်ယောက် နေရာမှာ သရုပ်ဆောင်ရမှာပါ။

ဇာတ်လမ်းတွဲအသစ်မှာ သရုပ်ဆောင် Shin Min Ah တစ်ယောက် ပါဝင်ဖို့ အလားအလာ ရှိတယ်ဆိုပြီး soompi ကနေလည်း အခုလို ရေးသားထားခဲ့ပါတယ်။

 

 

View this post on Instagram

 

She’s so cute😍 #shinminah #신민아

A post shared by SHIN MIN AH 🇻🇳 (@shinminah_fanclub) on

Shin Min Ah ရဲ့ အေဂျင်စီ ဖြစ်တဲ့ AM Entertainment ကတော့ အခုလို ထွက်ရှိနေတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး “I Am a Nurse, a Human”ဇာတ်လမ်းတွဲအတွက် Shin Min Ah ကို ကမ်းလှမ်းထားတာ မှန်ပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီး အတည်မပြုရသေးပါဘူးလို့ ထုတ်ပြောခဲ့ပါတယ်။

 

 

View this post on Instagram

 

Min Ah is beautiful just like the flowers she holding🌹#shinminah

A post shared by SHIN MIN AH 🇻🇳 (@shinminah_fanclub) on

စာရေးဆရာမ Kim Hyun Ah ရေးသားထားတဲ့ “I Am a Nurse, a Human” စာအုပ်ကို ၂၀၁၈ မှာ ထုတ်ဝေခဲ့ပြီး မကြာခင်မှာ ရုပ်ရှင်အဖြစ် အသက်သွင်းမှာ ဖြစ်ပါတယ်။ စာရေးဆရာမ ရဲ့ ၂၁ နှစ်ကြာ ဆေးလောက အတွေ့အကြုံကို အခြေအနေကို အခြေခံပြီး သူနာပြုတွေအကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။ သူနာပြုတွေက အရာရာ ကယ်နိုင်တဲ့ နတ်သမီးတွေ မဟုတ်ဘဲ လူသားတွေ ဖြစ်တဲ့အကြောင်းကို လူနာတွေကို အကောင်းဆုံး ကယ်ဖို့ ကြိုးစားလေ့ ရှိတဲ့ သူနာပြုတွေအကြောင်းကို အလှပဆုံး ဖော်ပြထားတာ ဖြစ်ပါတယ်။ ဆေးလောကမှာ သူနာပြုတွေက ဒေါက်တာတွေလိုပဲ ကုသမှုတွေမှာ အဖိုးတန်တဲ့သူတွေ ဖြစ်နေတာကိုလည်း ပြောပြထားတာပဲဖြစ်ပါတယ်။

READ
ပိုးကြာဖြူခင်ကို စိန်လက်စွပ် မွေးနေ့ လက်ဆောင် ပေးခဲ့တဲ့ စိန်လင်း(Aroma)

 

 

View this post on Instagram

 

What I love about Shin Min Ah is her true simplicity in life💛 #shinminah

A post shared by SHIN MIN AH 🇻🇳 (@shinminah_fanclub) on

သတင်းတွေအရ Shin Min Ah က ICU သူနာပြုတစ်ယောက်ဖြစ်တဲ့ Park Hee Ae နေရာမှာ သရုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးရုံကို ဝင်တိုင်း စိတ်ငြိမ်အောင် အားတင်းပြီး ဆေးရုံက ထွက်တဲ့အချိန်တိုင်း မျက်ရည်ကျရတဲ့ ဇာတ်ရုပ်မျိုးကတော့ Park Hee Ae ရဲ့ နေရာ ဖြစ်ပါတယ်။ သူမက တခြားသူတွေထက်ပိုပြီး အလုပ်လုပ်ပြီး သူမရဲ့ လူနာတွေကို ဂရုစိုက်တတ်ပါတယ်။ လူနာရဲ့ အုပ်ထိန်းသူတစ်ယောက်က သူမကို အနိုင်ကျင့်တဲ့ အခြေအနေ ပြီးတဲ့နောက်မှာတာ့ သူမက အရာရာတိုင်းကို သည်းမခံဖို့ ဆုံးဖြတ်ခဲ့တာမျိုးကိုလည်း ဇာတ်လမ်းမှာ ပါဝင်မှာ ဖြစ်ပါတယ်။

READ
Relationship မှာ Got Married လို့ တင်လိုက်တဲ့ မေသန်းနု

 

 

View this post on Instagram

 

Sunny smile☀#shinminah

A post shared by SHIN MIN AH 🇻🇳 (@shinminah_fanclub) on

မကြာသေးခင်ကပဲ သူမက Here ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့လည်း လက်ခံခဲ့ပါသေးတယ်။ ဒါပေမယ့် ရိုက်ကူးရေးက နိုင်ငံခြားမှာ မို့ ခရီးထွက်လို့ မရသေးတဲ့ အခုလိုကာလကြောင့် နောက်ရွှေ့ထားတာ ဖြစ်ပါတယ်။

မကြာခင်မှာလည်း သူမ ပါဝင်ထားတဲ့ Diva ဆိုတဲ့ ရုပ်ရှင်ကို စက်တင်ဘာလ ၂၃ ရက်နေ့မှာ ပြသတော့မှာ ဖြစ်ပါတယ်။

Kham

 

SHARE