မိန်းက လေးတော်တော်များများက သူတို့ ဘ၀ရဲ့ လက်တွဲ ဖော်နဲ့ ပတ်သက်ပြီး အနည်းနဲ့ အများဆိုသလို စံနှုန်း သတ်မှတ် ချက် တွေ ထားလေ့ရှိပါတယ်။ideal type က ဘာလဲ မေးရင် အရပ်ရည်ရမယ်၊ရုပ်ချော ရမယ်… တွေ ပြောပေမယ့် အဲ့လို လူမျိုး နဲ့ ဖူးစာဆုံ ခွင့် ရချင် မှ ရတာပါ။ကံတရားက ဆန်းကျယ်တယ်လို့ ပြော ရမှာပါ။ အဲ့ လို စံနှုန်း ထားသူ တော်တော်များများကို ကြည့်ရင် သူတို့စံနှုန်း တွေ နဲ့ ဆန့်ကျင် ဘက် လူနဲ့ ဆုံ ကြတာ များပါတယ်။(တချို့ ရတဲ့ သူလည်း ရကြပါတယ်)။လက်တွဲ ဖော် ရွေးချယ်မှု မှာ ရုပ်ရည်စံနှုန်းသတ်မှတ် မထားပါဘူး ပြော ပြီး ရုပ်ချောသူတွေ နဲ့ ဖူးစာ ဆုံခဲ့ကြတဲ့ ကိုရီးယား ဆယ်လီမမ တွေ အကြောင်းကိုတော့ Koreaboo မှာ အခုလို ဖော်ပြထားပါတယ်။
Go So Young
View this post on InstagramA post shared by momo (@kosoyoung_official)
၂၀၁၇ နောက်ပိုင်း တည်းက ဇာတ်ကားသစ် မရိုက်တာ ကြာပါပြီ။ Go So Young ကလည်း ကိုရီးယားအ နုပညာ လောကရဲ့ ရုပ်ချော တဲ့ မင်းသားကို ခင်ပွန်း တော် ထားရသူပါ။အဲ့လို သာ တော် ထားပေမယ့်လည်း အရင် က တော့ ..”ကျွန်မ လိုချင်တဲ့ စိတ်ကူးထဲက ချစ်သူ ပုံစံ က တိတ်တိတ်ဆိတ်ဆိတ် နေတတ်ပြီး နည်းနည်း အထီးကျန်တဲ့ ပုံ ပေါက်နေတဲ့ လူမျိုး။မျက်ရစ် တွေနဲ့ ရုပ်ချော တဲ့လူ မျိုးဆိုရင် ၀န် လေးတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။အဲ့လို ပြောခဲ့ ပေမယ့်လည်း တကယ် ရ တော့ Jang Dong Gun လို ရုပ်ချော တဲ့ မင်းသားနဲ့ ရခဲ့ပါတယ်။၂၀၁၀ မှာ လက်ထပ်ခဲ့တာပါ။
View this post on Instagram
Shin Min Ah
Shin Min Ah က တော့ ရုပ်ချော တဲ့ မင်းသားေ မ်ာဒယ် Kim Woo Bin နဲ့ ၂၀၁၅ တည်းက တွဲ နေတာပါ။MBC ရဲ့ Section TV မှာ တော့ သူမ ဖြေခဲ့ဖူးတဲ့ အင်တာဗျူး ဟောင်း တစ်ခုကို ဝေမျှ ပေးချင်ပါတယ်။သူမက တော့ အဲ့ဒီမှာ” ကျွန်မကို ချစ်ပေး၊ကြင်နာတတ်၊နွေးထွေးပြီး ဂရုစိုက် မှု ပေးနိုင်တဲ့ လူမျိုးကို လိုချင်ပါတယ်။ကျွန်မကို ချစ်တယ်ဆိုတာ ခံစားလို့ ရနိုင်တဲ့ လူမျိုး ကို လိုချင်ပါတယ်..”။ရုပ်ရည်က တော့ အဓိက မကျ ဘူး လို့ ပြောခဲ့ပါတယ်။ဒါပေမယ့်လည်း တကယ် ဖူးစာဆုံတော့ Kim Woo Bin လို ရုပ်ချော တဲ့ မင်းသားနဲ့ ဖူးစာ ဆုံ ခဲ့ပါတယ်။ Shin Min Ah က တော့ Kim Woo Bin ကင်ဆာ ရောဂါ ခံစား၊ကုသ နေတဲ့ အချိန် မှာလည်း အနားမှာ အတူ ရှိ နေ ပေးခဲ့ပါတယ်။
Park Shin Hye
View this post on InstagramA post shared by 박신혜 (@ssinz7)
Park Shin Hye က တော့ အရင် တုန်းက အရပ်ရှည်တဲ့ လူကို ကြိုက် တယ်လို့ ပြောခဲ့ဖူးပါတယ်။သူမ မှီ လို့ရတဲ့ လူမျိုးကို ကြိုက်တယ်၊ တခြား ရုပ်ရည် စံနှုန်းမျိုးတော့ မရှိပါဘူး လို့ ပြောခဲ့ဖူးပါတယ်။သူမက တော့ မင်းသား Choi Tae Joon နဲ့ တွဲ ခဲ့ပါတယ်။အရပ်လည်း ရှည် ၊ရုပ် ရည် ပါ ပြည့် စုံတဲ့ မင်းသားမျိုးပါ။တက္ကသိုလ် မှာတည်းက စ တွေ့ခဲ့ပြီး သူငယ်ချင်း ဘ၀ နဲ့ အရင် စ ခဲ့တာပါ။၂၀၁၈ လောက်ကမှ ချစ်သူတွေ ဖြစ်သွားတာပါ။
View this post on Instagram
Lee Na Young
View this post on Instagram
နောက် တစ်ယောက်က တော့ Lee Na Young ပါ။ Romance is a Bonus Book ဇာတ်ကား အပြီး ၂၀၁၈ လောက် တည်းက ဇာတ်ကား သစ် မရိုက်ဖြစ်တာ ကြာပါပြီ။သူမ ရဲ့ ခင်ပွန်း က တော့ Won Bin ပါ။ Lee Na Young ကလည်း အရင် တုန်းက Infinity Challenge မှာ လက်တွဲ ဖော် နဲ့ ပတ်သက်ပြီး ရုပ်ရည်က အဓိက မကျ ဘူး၊ရုပ်ရည်ကို မကြည့်ပါဘူး လို့ ပြောခဲ့ဖူးပါတယ်။အရင်က ဖြေခဲ့ဖူးတဲ့ ideal type နဲ့ ပတ်သက်ပြီး Won Bin နဲ့ ဖူးစာဆုံ ပြီး နောက်မှာ တော့ ရယ်ရယ်မောမော နဲ့..”ဟုတ်တယ်လေ. ရုပ်ရည်ကို မကြည့်ဘူး ပြောတာ၊ရုပ်ချော တာကို မကြိုက်ဘူး ပြောတာမှ မဟုတ်တာ..” ဆိုပြီး ပြန် တုံ့ပြန် ခဲ့ပါတယ်။သူတို့ အတွဲ လေးက တော့ ၂၀၁၅ က လက်ထပ်ခဲ့တာပါ။
View this post on Instagram
Son Ye Jin
View this post on Instagram
အပျိုကြီးမမ Son Ye Jin က တော့ ၂၀၂၁ နှစ်စ မှာ Dating သတင်း ထွက်ခဲ့သူပါ။ Hyun Bin ရော သူမရဲ့ အေဂျင်စီ က ပါ ဒီသတင်း မှန်ကန် ကြောင်း အတည်ပြု ခဲ့ပါတယ်။ရုပ်ရည် က အဓိက မကျ ပါဘူး လို့ ပြောခဲ့ဖူး ပေမယ့် ပျိုတိုင်းကြိုက် တဲ့ နှင်းဆီခိုင် လူချောကြီး နဲ့ ဖူးစာ ဆုံ ခဲ့တာပါ။အရင် တုန်းက အင်တာဗျူး ဟောင်းတစ်ခု မှာတော့..”ကျွန်မ နဲ့ စကားပြောလို့ အဆင် ပြေမယ့် လူမျိုး၊ကျွန်မ မျက်နှာ ကို ကြည့်လိုက် တာနဲ့ ကျွန်မ ခံစားချက်ကို ဖတ်နိုင် မယ့် လူမျိုးကိုကြိုက်တယ်၊ရုပ်ရည်က တော့ ဂရုမစိုက်ပါဘူး..” လို့ ပြောခဲ့ဖူးပါတယ်။
View this post on Instagram
#SHWEMOM