Apple ကုမ္ပဏီမှာ အလုပ်ရချင်လို့ လုံခြုံရေးဆာဗာထဲနှစ်ကြိမ်ဝင်ပြခဲ့တဲ့ ၁၃ နှစ်သားလေး

သြစတေးလျတောင်ပိုင်း Adelaide မှာ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ Apple ကုမ္ပဏီရဲ့ လုံခြုံရေးဆာဗာထဲခိုးဝင်ကာ အချက်အလက်ခိုးယူမှုတစ်ခုကို ၂ ကြိမ်တိတိကျူးလွန်ခဲ့တယ်လို့ ABC သတင်းဌာနမှ ဖော်ပြထားပါတယ်။

၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ်တုန်းက Apple ကုမ္ပဏီမှ အတွင်းရေးအချက်အလက်တချို့ နှစ်ကြိမ်တိုင်တိုင် ခိုးယူခံခဲ့ရပါတယ်။ လုံခြုံရေးစနစ်ကို ဖောက်ထွင်းဟာ အချက်အလက်ခိုးသွားသူကို ခြေရာခံလိုက်ကြည့်လိုက်တဲ့အခါမှာတော့ ဆယ်ကျော်သက်အရွယ် ကလေးတစ်ဦးဖြစ်နေတာကို အံ့သြစွာတွေ့ခဲ့ရတာပါ။

shutterstock_

 

Apple ကုမ္ပဏီဟာ ဆယ်စုနှစ်အတော်ကြာအောင် အင်အားကြီးတဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တာကြောင့် သူတို့ရဲ့ လုံခြုံရေးစနစ်တွေကိုလည်း သေသေချာချာ ထိန်းသိမ်းထားမှာ အသေအချာပါပဲ။ ဒါကိုတောင် ၁၃ နှစ်သာ ရှိသေးသူလေးက ရအောင် ဝင်နိုင်တယ်ဆိုတော့ မလေးစားဘဲမနေနိုင်ပါဘူး။

shutterstock_

အဲဒီ hacker လေးဟာ အခုအချိန်မှာတော့ အသက် ၁၇ နှစ်ရှိနေပြီဖြစ်ပြီး Adelaide လူငယ်ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရင်း နည်းပညာဥပဒေချိုးဖောက်မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။ အဆိုပါလူငယ်လေးဟာ Apple ဆာဗာထဲကို ကုမ္ပဏီဝန်ထမ်းတစ်ဦးလို့ နည်းပညာနဲ့လှည့်စားကာ အချက်အလက်တွေကို download ရယူခဲ့တာပါ။ ဒီလိုမျိုးပြစ်မှုမျိုးကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတုန်းက တစ်ကြိမ်နဲ့ ၂၀၁၇ ခုနှစ်အစောပိုင်းမှာတုန်းက တစ်ကြိမ်ဖြစ်ပြီး ကြံရာပါအဖြစ် နောက်ထပ်ရွယ်တူဆယ်ကျော်သက်တစ်ယောက် ပါဝင်နေပါသေးတယ်။

READ
ကားပါကင်ထိုးဖို့အတွက် ခက်ခက်ခဲခဲကြိုးစားခဲ့ရတဲ့ အမျိုးသမီး
shutterstock_

တရားခံလူငယ်ရဲ့ရှေ့နေ Mark Twiggs ကတော့ တရားရုံးကို သူ့အမှုသည်ဟာ Apple မှာ အလုပ်လုပ်ချင်တဲ့အတွက် ဒီလိုမျိုး hack လိုက်ရင် အထင်ကြီးပြီး အလုပ်များခန့်မလားလို့ ကလေးပီပီ အတွေးတစ်ခုတည်းနဲ့ အမှုကျူးလွန်မှန်းမသိကျူးလွန်ခဲ့တာလို့ တင်ပြခဲ့ပါတယ်။ ဒီလိုကုမ္ပဏီ လုံခြုံရေးဆာဗာတွေထဲ ခိုးဝင်ပြပြီး အချက်အလက် ခိုးယူပြသူတွေဟာ ဘယ်သူလဲ သိသွားတိုင်းလိုလို အလုပ်တန်းခန့်လေ့ရှိတဲ့ ဥရောပရာဇဝင်ကြောင့် စိတ်ကူးယဉ်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ပါ။ အနာဂတ်မှာလည်း ဆိုက်ဘာလုံခြုံရေးနဲ့ အကြမ်းဖက်တိုက်ဖြတ်ရေးတို့ကို တက္ကသိုလ်မှာ အထူးပြုအနေနဲ့ သင်ယူဖို့ စီစဉ်ထားတာကြောင့် ယခုတစ်ခါမှာတော့ ခံဝန်နဲ့သာ လွှတ်ပေးဖို့အတွက် ရှေ့နေ Mark Twiggs က တရားရုံးကို တောင်းဆိုခဲ့ပါတယ်။

တင်ပြချက်တွေနဲ့ အချက်အလက်တွေ ခိုးယူခဲ့ရုံကလွဲပြီး ပြန်လည်ဖြန့်ဖြူးမှုလည်း မရှိခဲ့တာကြောင့် ပါရမီထူးတဲ့ လူငယ်လေးရဲ့ အနာဂတ်ကို ရှေးရှုပြီး အမှုကို တာဝန်ယူခဲ့တဲ့ တရားသူကြီးမင်း David White မှ အမေရိကန်ဒေါ်လာ ၅၀၀ နဲ့ အာမခံခိုင်းကာ ၉ လတိတိစောင့်ကြည့်အနေအထားမှာ ထားသွားမယ်ဆိုတဲ့ အမိန့်ကို ချမှတ်ခဲ့ပြီး ထိန်းသိမ်းထားရာမှ လွှတ်စေခဲ့ပါတယ်။

READ
အမူးလွန်ပြီးသုံးလွှာကပြုတ်ကျခဲ့ပေမယ့် စီးကရက်တောင်းသောက်တဲ့သူ

Penny

SHARE