ခင်ပွန်းနဲ့ ကွာရှင်းနိုင်ခဲ့ပြီးနောက် လွတ်လပ်မှုတွေပြန်ရသွားပြီဆိုတဲ့ Adele

Twitter "New Indian"

Chasing Pavements သီချင်းနဲ့ ကမ္ဘာ့ဂီတလောကကို တုန်လှုပ်စေခဲ့တဲ့ အဆိုတော် Adele ဟာ ယခုနှစ်အစောပိုင်းကတည်း လင်မယားချင်း အဆင်မပြေတော့တဲ့အတွက် အခုဆိုရင် ခင်ပွန်းဖြစ်သူ Simon Konecki နဲ့ တရားဝင်ကွာရှင်းလိုက်ပြီလို့ သိရပါတယ်။ သူတို့နှစ်ယောက်ဟာ ဘယ်လိုမှ ပေါင်းစည်းနိုင်ခြင်း မရှိတော့လို့ အခုလို ကွာရှင်းခဲ့ရတာပါတဲ့။

Adele ဟာ ခင်ပွန်းနဲ့ တရားဝင်ကွာရှင်းပြီးနောက် သီချင်းအယ်လ်ဘမ်အသစ်တွေ ထွက်ရှိဖို့ ရုပ်ပိုင်းကော စိတ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ Mirror သတင်းမှာတော့ “ Adele ဟာ သူမရဲ့ဘဝ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အခုဆိုရင် လွတ်လပ်မှုတွေ ခံစားနေရပါပြီ … အခုအဆင့်မှာ ကွာရှင်းလိုက်ခြင်းက ရှေ့ကို ခြေလှမ်းတွေ အများကြီး ရောက်စေပါလိမ့်မယ် .. ဒါပေမယ့် နှစ်ယောက်စလုံး သူတို့ရဲ့သားလေးကိုတော့ အကောင်းဆုံး ပေးဆပ်နေကြမှာပါ … သူမကတော့ သီချင်းအသစ်တွေအတွက် စိတ်ရောကိုယ်ရော အစစ အဆင်သင့်ဖြစ်နေပါပြီ … ယခုနှစ်အတောအတွင်းမှာကို သီချင်းအသစ်တွေ ထွက်ဖို့ရှိပါတယ်” လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေထဲမှာ ရုန်းကန်ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က သူမ ပြောဖူးပါတယ် … အတော်လေး ရုန်းကန်ခဲ့ရတဲ့နှစ်ဆိုပြီးပေါ့ … အဲဒီတုန်းက သီချင်းအသစ်တွေ ဖန်တီးရတာ ရောဂါကုနေရတာနဲ့တူတယ်လို့ ဆိုပါတယ် … အခု သူမရဲ့ပရိသတ်တွေနဲ့ မျှဝေမှုတွေ လာတော့မယ်လို့ ပြောလို့ရပါပြီ လို့ ဖော်ပြထားပါတယ်။

Adele နဲ့ Simon တို့ဟာ (၂၀၁၆)မှာ လက်ထပ်ခဲ့ကြပြီး၊ ယခုနှစ် ဧပြီလမှာ ကွာရှင်းကြောင်း ကြေညာခဲ့သူတွေပါ။ ဒါပေမယ့် သားကိုတော့ အတူတူ ကြည့်ရှူးစောင့်ရှောက်ကြဖို့ တာဝန်ကိုယ်စီ ယူခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Adele ရဲ့ ပရိသတ်ကြီးကတော့ သူမရဲ့ ဖန်တီးမှုအသစ်တွေကို ရင်ခုန်စွာ စောင့်ဆိုင်းနေကြပြီး၊ သီးချင်းနဲ့ ကမ္ဘာကို ထပ်ပြီး ကိုင်လှုပ်လေဦးမလား စောင့်ကြည့်ရမှာပါ။

လင်းသူရိန်

SHARE