Beyonce ကို အရူးအမူအားပေးသူဖြစ်ကြောင်း သက်သေပြလိုက်တဲ့ Adele

Instagram/adele

လူငယ်ကြိုက်တေးသံရှင်မလေး Adele ကတော့ ဝါရင့်အဆိုတော် Beyonce ကို အပြည့်အဝ ဝန်းရံလိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ အချင်းချင်း Big Fan တွေဖြစ်ကြောင်း မကြာခဏ ဝန်ခံကြဖူးပါတယ်။ Adele ဟာ Black Is King ကို ကြည့်ပြီးနောက် Beyonce ဝတ်ဆင်ထားတဲ့ ဝတ်စုံအတိုင်း ပုံစံတူဝတ်ပြီး ဝန်းရံလိုက်တာပါ။

Someone Like You သီချင်းနဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Adele ဟာ Beyonce ကို ဘယ်လောက်ချစ်ကြောင်း အင်စတာဂရမ်မှာ စာတစ်ချို့လည်း ရေးတင်ခဲ့ပါတယ်။ “ကျွန်မတို့ အားလုံးကို ရှင့်ရဲ့အနုပညာနဲ့ ချစ်တတ်အောင် သင်ပေးခဲ့လို့  ကျေးဇူပါ ဘုရင်မကြီးရေ … ”လို့ ရေးခဲ့တာပါ။

 

 

View this post on Instagram

 

Thank you Queen for always making us all feel so loved through your art ♥️♥️

A post shared by Adele (@adele) on

Adele တုပဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကတော့ Beyonce ရဲ့နာမည်ကျော်သီချင်းဖြစ်တဲ့ Already သီချင်း MTV ထဲမှာ ဝတ်စုံအတိုင်းဖြစ်ပါတယ်။ နဂိုလို ဝဝကစ်ကစ်လေး မဟုတ်တော့တဲ့ Adele ကတော့ ဒီဝတ်စုံလေးနဲ့လည်း အလွန်လိုက်ဖက်နေပါတယ်။ သူမကတော့ ဝမ်းဆက်ဝတ်ဆင်ခဲ့တာမဟုတ်ဘဲ၊ အပေါ်အင်္ကျီသာ ဝတ်ဆင်ခဲ့တာပါ။

Beyonce ရဲ့ Black Is King အယ်လ်ဘမ်ဟာ ဇူလိုင်(၃၁)ရက်က စတင်ဖြန့်ချိခဲ့တာပါ။ ဖြန့်ချိပြီးမကြာမီမှာပဲ ပရိသတ်တွေရဲ့ ချီးကျူးသံတွေ ဝေဆာခဲ့ပါတယ်။ Lion King ကားတွန်းကားလေးရဲ ဇာတ်ကွက်တချို့ကို ပုံစံတူဖန်တီးထားတာပါ။

 

တကယ်က Adele ဟာ (၂၀၁၇)ခုမှာ Beyonce ရဲ့ Lemonade သီချင်းကိုကျော်ဖြတ်ပြီး Grammy ဆုကြီးကို ဆွတ်ခူးခဲ့ဖူးပါတယ်။ ထိုစဉ်တုန်းက Beyonce ဟာ Adele ကို အမုန်းပွားအာဃာတ ထားရမယ့်အစား၊ ဒီဆုဟာ တကယ်ထိုက်တန်တဲ့လူဆီကို ရောက်သွားလို့ ဝမ်းသာပါကြောင်း အပြုံးမပျက် ပြောခဲ့ဖူးပါတယ်။

Adele နဲ့ Beyonce တို့ဟာ (၂၀၁၁)မှာ လူချင်းပထမဆုံး နဖူးတွေ့ဒူးတွေ့ ဆုံဖူးကြပြီး၊ Adele အနေနဲ့ သူမရဲ့ Idol ကို တွေ့လိုက်ရလို့ နှလုံးရပ်မတက် အံ့သြဝမ်းသာခဲ့ရကြောင်း၊ နောက်ပြီး Beyonce ကိုယ်တိုင်က သူမရဲ့ Fan တစ်ယောက်ဖြစ်နေလို့ ထိတ်လန့်ပျော်ရွှင်သည်အထိ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

လင်းသူရိန်

SHARE