သူငယ်ချင်းရဲ့ Wedding Party မှာ ဖျော်ဖြေပေးခဲ့တဲ့ Adele

Image:IG/Adele

Adele  က တော့ အသက် (၃၁)နှစ်အရွယ် ကမ္ဘာ ကျော်အဆိုတော် တစ်ယောက်ပါ။သူမဟာ ပြီးခဲ့တဲ့ ရက်က သူငယ်ချင်း တစ်ယောက်ရဲ့ Wedding Party မှာ သီချင်း သီဆို ပေးခဲ့ပါတယ်။သူမရဲ့ ကမ္ဘာကျော်သီချင်း “Rolling in the Deep.” ကို သီဆို ခဲ့တာပါ။မင်္ဂလာ ပွဲ တက်ရောက်လာတဲ့ ဧည့်သည်တွေ က ဗီဒီယိုဖိုင်တွေ ရိုက်ပြီး တွစ်တာ ပေါ်မှာ တင်ထား တာမို့ Adele ရဲ့ ဖျော် ဖြေမှု ဗီဒီယိုဖိုင်တွေ အများကြီး အွန်လိုင်းပေါ် ကို ထွက် ပေါ် လာခဲ့ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ တော့ မယုံနိုင်စရာ ကောင်းအောင် ၀ိတ်ကျသွားတဲ့  Adele ကို တွေ့ရမှာပါ။Body ကတော့ မမှတ် မိနိုင်တော့ လောက် အောင် ပြောင်းလဲ ခဲ့ပေမယ့် အသံ အား ကောင်းကောင်းကြီး ကတော့ အခုထိ မပြောင်းလဲ ပဲ ရှိနေတုန်းပါ။ဗီဒီယိုဖိုင်ထဲမှာတော့ လှိုင်းတွန့် ponytail ကြီးနဲ့ အရမ်းမိုက် အရမ်းလှ နေတဲ့ Adele ကို တွေ့ ရမှာပါ။ ပန်း တွေ နဲ့ ပွင့်ရိုက်ထားတဲ့ စကပ် ပွပွကြီးကို ၀တ်ထားပါတယ်။Adele က တော့ Candi Staton’ ရဲ့ “Young Hearts Run Free” နဲ့  Beyonce ရဲ့  “Crazy in Love.”  သီချင်းတို့ကိုပါ သီဆို ခဲ့ပါတယ်။

သူမရဲ့ အယ်ဘမ် သစ်နဲ့ ပတ်သက်ပြီး Adele က ပြောထားတဲ့ အသံ ဖိုင်တစ်ခုလည်း ထွက်လာခဲ့ပါတယ်။Wedding Party ပွဲမှာ Adele ရဲ့ အသံ လို့ ယူဆရ တဲ့ အသံ တစ်ခု က စက်တင်ဘာကျရင် အယ်ဘမ် ထွက်လိမ့်မယ် ဆိုပြီး ပြောထားတဲ့ အသံပါ။Adele နဲ့ တစ်သံ တည်းဆို ပေမယ့်လည်း ကာယကံရှင် ဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး အခုထိ တရားဝင် ထုတ်မပြောသေးပါဘူး။

READ
ပုရိသတွေကြားမှာ နာမည်ကြီးနေတဲ့ Claudia Kim
Image:IG/Adele

Adele ရဲ့ ကိုယ်စားလှယ် နှစ်ယောက်ကလည်း ဒါ နဲ့ ပတ်သက်ပြီး မှတ် ချက် ပေးဖို့ တောင်းဆို ထားပေမယ့် ဘာမှ မ ပြော သေးပါဘူး။Adele   ကတော့ (၂၀၁၅) စက်တင်ဘာ နှောင်းပိုင်းမှာ 25 အယ်ဘမ် ထွက်ခဲ့ပြီး ကမ္ဘာ လှည့် ဖျော်ဖြေပွဲ World Tour တွေ ကို ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီ အယ်ဘမ် နဲ့ ဆုတွေ အများကြီး ရခဲ့ပါတယ်။

Source:ladbible/insider

SHARE