၃၂ နှစ်ပြည့် မွေးနေ့အတွက် ဆုတောင်းပေးသူတွေကို ကျေးဇူးတင်စကား ဆိုလိုက်တဲ့ Adele

Instagram/adele

Adele ကတော့ သူမရဲ့ သီချင်းတွေနဲ့အတူ အမြဲ ပရိသတ်ကြိုက်နှစ်သက်မှုကို ထိပ်ဆုံးနေရာတွေမှာ ရရှိတတ်ပါတယ်။ သူမကတော့ အမြဲလိုလို လူမှုကွန်ယက်ကို အသုံးပြုသူ တစ်ယောက် မဟုတ်ပါဘူး။ သူမကို ၁၉၈၈ ခုနှစ် မေလ ၅ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ မေလ ၅ ရက်နေ့က သူမရဲ့ ၃၂ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။

သူမရဲ့ မွေးနေ့မှာ သူမအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ချစ်သော ပရိသတ်တွေနဲ့ ချစ်ရတဲ့သူတွေကို ကျေးဇူးတင်ကြောင်း သူမရဲ့ ပုံနဲ့အတူ IG မှာ ပိုစ့်အသစ် တင်ခဲ့ပါတယ်။ သူမရဲ့ စာထဲမှာတော့ အခုလို ကာလမှာ ပရိသတ်တွေလည်း ကျန်းမာနေဖို့ မျှော်လင့်ကြောင်းကိုလည်း ရေးသားထားပါတယ်။ ဒါ့အပြင် ဒီကပ်ရောဂါကို လူအများအတွက် ကုသမှု ပြုလုပ်ပေးနေတဲ့ ဆေးပညာရပ်ဝန်းက ဝန်ထမ်းတွေနဲ့ ပညာရှင်တွေကိုလည်း ကျေးဇူးတင်ထားပါသေးတယ်။

သူမရဲ့ ပုံအသစ်အရတော့ သူမက ဒီကာလတွေမှာ အရင်ထက် ကိုယ်အလေးချိန် အများကြီးကို ကျသွားပုံပေါ်ပါတယ်။ မျက်နှာလေး ချောင်ကျသွားတာ မြင်ရတော့ နေမကောင်းဖြစ်နေတာလားလို့တောင် စိုးရိမ်မိပါတယ်။ ဒါပေမယ့် ဘယ်လို ကိုယ်အလေးချိန် ဖြစ်ဖြစ် သူမကတော့ လှနေဆဲပဲ ဖြစ်ပါတယ်။ ဒီမွေးနေ့အတွက် ပရိသတ်တွေ ရှေ့မရောက်ခင် သူမ နောက်ဆုံး တင်ခဲ့တဲ့ပိုစ့်ကတော့ ၂၀၁၉ ဒီဇင်ဘာလမှာ ဖြစ်ပြီး ပရိသတ်တွေအတွက် Christmas ဆုတောင်းပေးခဲ့ခြင်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီလမှာတော့ သူမသူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို သွားရောက်ခဲ့သလို ပွဲလာပရိသတ်တစ်ယောက် တင်ထားခဲ့တဲ့ ဗီဒီယိုထဲမှာ သူမက အခုနှစ် စက်တင်ဘာလမှာ အခွေသစ် ထွက်ရှိသွားဖို့ မျှော်လင့်ထားကြောင်းကို ပြောထားခဲ့တာပါတယ်။ ၂၀၁၅ မှာ သူမရဲ့ တတိယမြောက် သီချင်းခွေကို ထွက်ရှိထားတာ ဖြစ်ပြီး Music Chart မှာ ထိပ်ဆုံး ၂၅ မှာ ရှိနေခဲ့ပါတယ်။ သူမရဲ့ သီချင်းတွေနဲ့အတူ သူမကလည်း ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

READ
ကိုယ်တိုင် Selfie ဆွဲပြီး ပဲတွေများတတ်လာတဲ့ Song ညီအစ်ကို

Kham

SHARE