Adele ပြောပြလာတဲ့ သူမရဲ့ Weight Loss လျှို့ဝှက်ချက်အကြောင်း

အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ Adele ရဲ့ Weight Loss အကြောင်းပဲဖြစ်ပါတယ်။ Adele ကတော့ အသံပါဝါအားကောင်းတာကြောင့် ကမ္ဘာတစ်လွှမ်းမှာ ရှိတဲ့ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ သူမကို သတိထားမိလာတာကတော့ သူမရဲ့ Weight Loss အကြောင်းပဲဖြစ်ပါတယ်။ အရင်တုန်းက Adele နဲ့အခုလက်ရှိ Adele ပုံကတော့ ကွာသွားပါတယ်။ အောက်က ပုံမှာ ယှဉ်ကြည့်နိုင်ပါတယ်။

stylecraze

Adele က ” ကျွန်မ အရင်တုန်းက အချိုအရမ်းကြိုက်တယ်။ လက်ဖက်ရည် ၊ ကော်ဖီတို့မှာဆို ချိုချိုလေးသောက်ရတာကြိုက်တော့ တစ်နေ့ (၁၀)ခွက်နဲ့ သကြား (၂)ဇွန်းဆီထည့်သောက်ဖြစ်တယ်။ တစ်နေ့ကို သကြား ဇွန်း (၂၀)ပေါ့။ အခုတော့ သကြားကိုဖြတ်ထားတယ်။” ဆိုခဲ့တယ်။ ဒါကြောင့် သင့်သာ ၀ိတ်ချချင်ပြီး ကျန်းမာတဲ့နေထိုင်မှုပုံစံကိုပြောင်းချင်ရင် သကြားဖြတ်ပါ။

READ
ဝမ်းချုပ်စေသော အစားအစာများ
stylecraze

(၂၀၁၆)ခုနှစ်မှာတော့ Adele က Sirtfood Diet ကိုစ၀င်ဖြစ်တယ်။ သူမရဲ့ fitness trainer ကတော့ Pete Geracimo ပဲဖြစ်တယ်။ ဒီ Diet ကတော့ ကိုက်လန် ၊ နနွင်း ၊ Green Tea နဲ့ ဂျုံတို့ပါဝင်တယ်။ ဒီအစားအသောက်တွေက အူတွေကို သန့်စင်ပေးနိုင်ပြီး ခန္ဓာကိုယ့်အတွင်း အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တယ်။
ဒီ Diet ကြောင့် တချို့လူတွေဆို (၇)ရက်အတွင်း (၇)ပေါင် ၀ိတ်ကျသွားခဲ့တယ်။

Hannwe Soe

SHARE