မမှတ်မိနိုင်တော့ လောက်တဲ့ အထိ သိသိသာသာ ၀ိတ်ကျ သွားတဲ့ Adele

Image:twitter/@ashtonpittman & Adele

Adele ကတော့ အသံပါဝါ အား အရမ်းကို ကောင်းတဲ့ အဆိုတော် တစ်ယောက်ပါ။(၁၉၈၈) မှာ မွေးခဲ့တဲ့ သူမဟာ BRIT ကျောင်းကနေ ဘွဲ့ရခဲ့ပါတယ်။XL Recordings နဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီး (၂၀၀၇)မှာတော့ Brit Awards Critics’ Choice award ဆု နဲ့ BBC Sound of 2008 ဆု တို့ကို ရခဲ့ပါတယ်။ဆုတွေ လည်း အများကြီး သိမ်း ပိုက်ထားတဲ့ ပါရမီရှင် အဆိုတော် Adele  ကတော့ ၀၀ ပြည့်ပြည့်လေးနဲ့ လှသူပါ။ဒါပေမယ့် အခုဆိုရင်တော့ သူမရဲ့  Body Weight ကို ပြင်းပြင်းထန်ထန် Diet လုပ်ပြီးချ လိုက်ပုံရပါတယ်။

Image:IG/ Adele
Image:IG/ Adele

ဝိတ်အရမ်းကျသွားတဲ့ သူမရဲ့ ပုံတွေ ကို ကြည့်ပြီး အားလုံး အံ့သြသင့်ခဲ့ပါတယ်။ဝိတ်က (၃ စတုန်) ပေါင်ချိန် နဲ့ ဆိုရင် (၄၂) ပေါင် လောက် ၀ိတ်ကျသွားခဲ့တာပါ။ဝိတ်ကျ သွားတဲ့ သူမရဲ့ ပုံစံက လေ့ကျင့်ခန်းတွေ လုပ်ပြီး ကျသွားတဲ့ ပုံမျိုး လုံးဝ မဟုတ်ပဲ ပြင်းထန်လွန်းတဲ့ Diet တွေ ကြောင့် ကျသွားတာလို့ အားလုံးက သတ်မှတ်ခဲ့ကြပါတယ်။မျက်နှာ မှာ ပါးစွမယ်နားစွယ်တွေ ရော၊အသားအရေ တွေကပါ ကျသွားတဲ့ ပုံ က လေ့ကျင့်ခန်း ကြောင့်  ကျတဲ့ ပုံမျိုးနဲ့ တခြားစီပါ။သူမကိုယ်တိုင်ကလည်း လေ့ကျင့်ခန်းလုပ်ရတာ မကြိုက်ဘူးလို့ ပြောခဲ့ဖူးပါတယ်။

Image:twitter/@ashtonpittman
Image:twitter/@ashtonpittman

Adele ၀ိတ်ကျရတဲ့ လျှို့ဝှက်ချက်ကတော့ LA အခြေစိုက် fitness  နည်းပြ Camila Goodis ရဲ့ အကူအညီ ကြောင့်ပါ။သူမလိုချင်တဲ့ Body မျိုးကို ရအောင် ကူညီပေးခဲ့တာပါ။Camila ရဲ့ အွန်လိုင်းပေါ်မှာ ဖော်ပြထားတဲ့ ကိုယ်ရေး အကျဉ်း အရ သူမဟာ အမျိုးမျိုးသော training exercises တွေကို သုံးတယ်လို့ သိရပါတယ်။ဒါပေမယ့်လည်း Adele ကိုတော့ သူမကိုယ်တိုင်က လေ့ကျင့်ခန်း လုပ်ရတာ မကြိုက်ဘူးလို့ ပြောထားတဲ့ အတွက်  Diet နည်းလမ်းနဲ့ ၀ိတ် ကျ အောင် လုပ် ပေးခဲ့တယ်လို့ Camila Goodis က ဆိုပါတယ်။ Robbie Williams ရဲ့ ဇနီး  Ayda ရဲ့ မိတ်ဆက် ပေးမှု ကနေ Adele နဲ့ Camila Goodis တို့  တွေ့ ဆုံဖြစ်ခဲ့တာပါ။” Ayda ကို အကြာကြီး Trainေ ပး ဖြစ် ခဲ့ပါတယ်။သူတို့နဲ့ Adele တို့က သူငယ်ချင်းဆိုတော့ အဲ့မှာပဲ Adele ကိုလဲ Train ဖြစ်ခဲ့တာပါ.Adele ကတော့ လေ့ကျင့်ခန်း လုပ်ရတာ မကြိုက် တော့ သူ့ရဲ့ Lifestyle ကို ပြောင်းခိုင်းလိုက်တယ်..” ဆိုပြီး  Camila က ပြောခဲ့ပါတယ်။

READ
လေဒီဂါဂါလား ထင်မှတ်မှားရတဲ့ ပွင့်နဒီမောင်ရဲ့ အမိုက်စားဓါတ်ပုံများ
Image:twitter/@ashtonpittman
Image:twitter/@ashtonpittman

Adele ၀ိတ် ကျသွားတာကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သူမ ပရိသတ်တွေ က  ပြီးခဲ့တဲ့ အောက်တိုဘာ မှာ စ သတိထား မိခဲ့တာပါ။Drake ရဲ့ မွေးနေ့ပါတီကို တက်လာတာဖြစ်ပြီး အဲ့ဒီတည်းက တော်တော်လေး ပိန်သွားခဲ့တာပါ။အဲ့ဒီ တုန်းက ” ကျမ အရင်တုန်းက တော့ ငိုခဲ့ဖူးတယ်။ဒါပေမယ့် ကျမ အခု ချွေးထွက်နေ ပါပြီ..” ဆိုပြီး သူမရဲ့ IG မှာ တင်ခဲ့ပါတယ်။သူမရဲ့ Fitness စနစ်အသစ်ကို ရည်ညွှန်းပြီး တင်ခဲ့ဖူးပါတယ်။ခုလို ၀ိတ်ကျ အောင် အာဟာရ ကျွမ်းကျင်ပညာရှင် Joe Wicks  ၊ Personal Trainer Dalton Wong တို့နဲ့ အတူတူ လက်တွဲ ခဲ့မယ်လို့ ယူဆရပါတယ်။တစ်နှစ်အတွင်း ပေါင် (၄၀) ကျော် လောက် ကျ အောင် အစားအသောက် Diet Plan ကို တော်တော် လေး တင်းကျပ် ခဲ့သလို၊သကြား ကိုလည်း လုံးဝ ဖြတ်ခဲ့ပုံရပါတယ်။

Source:Dailymail

SHARE