အမျိုးသမီးကစားသမားတွေကို အမျိုးသားတွေနဲ့တန်းတူ ဆုကြေးပေးတော့မယ့် Adidas

ကမ္ဘာကျော် sportswear ကုမ္ပဏီ Adidas ကနေ ၂၀၁၉ အမျိုးသမီး ကမ္ဘာ့ဖလားပွဲစဉ်မှာ စပွန်ဆာပေးမယ့် အမျိုးသမီး ဘောလုံးကစားသမားတိုင်းကို အမျိုးသားကစားသမားများနဲ့ တန်းတူ ဆုကြေးပေးတော့မှာ ဖြစ်တဲ့အကြောင်းကို ကြေညာလိုက်ပါတယ်။

3DExport

ထိုအစီအစဉ်ကနေ အမျိုးသမီးနဲ့ အမျိုးသားအားကစားသမားတွေကြားက ခွဲခြားထားမှုကို ပယ်ဖျက်လာနိုင်ဖို့ လှုံ့ဆော်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း Adidas ကုမ္ပဏီဘက်က ပြောထားပါတယ်။ မတ်လ ၉ ရက်နေ့တုန်းက Adidas တရားဝင်တွစ်တာမှာ တင်ခဲ့တဲ့ စတေးတပ်မှာ “၂၀၁၉ ဖီဖာ အမျိုးသမီးကမ္ဘာ့ဖလားပွဲစဉ်ကို ဝင်ခွင့်ရတဲ့ Adidas က စပွန်ဆာပေးထားတဲ့ ကစားသမားတိုင်းကို အမျိုးသားကစားသမားများအတိုင်း ဆုကြေးပေးတော့မှာ ဖြစ်ကြောင်း ယနေ့ ကြေညာလိုက်ပါတယ်” လို့ Executive Board Member ဖြစ်တဲ့ Eric Liedtke ရဲ့ လက်မှတ်နဲ့အတူ တင်ထားခဲ့ပါတယ်။

Twitter

 

ပြီးခဲ့တဲ့ မတ်လ (၈) ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တုန်းက အမေရိကန်အမျိုးသမီး ဘောလုံးအသင်းဟာ ယူအက်စ်ဘောလုံးဖက်ဒရေးရှင်း (US Soccer Federation) ကို ဆန္ဒပြပြီး တရားစွဲခဲ့ကြပါတယ်။ တရားစွဲခဲ့ရတဲ့ အကြောင်းကတော့ အမျိုးသားကစားသမားများနဲ့ တန်းတူအခွင့်အရေးမပေးပဲ ဆုကြေးတွေကို လျှော့ပေးတာကြောင့်ပါ။

READ
မျက်မှန်လုဖို့ကြိုးစားတဲ့ပရိသတ်ကို ကွန်ဖူးကစ်တွေ၊ လက်သီးတွေနဲ့တိုက်ခိုက်ခဲ့တဲ့ အဆိုတော်
Hellogiggles

“ဒီလိုဆန္ဒဖော်ထုတ်နေကြတာဟာ မှန်ကန်တယ်လို့ ကျွန်မ ယူဆပါတယ်။ အမျိုးသားအသင်းနဲ့ ကျွန်မတို့ကို ခွဲခြားဆက်ဆံမှုတွေ ရှိနေခဲ့တာ သေချာပါတယ်” လို့ အမေရိကန် အမျိုးသမီးဘောလုံးအသင်းရဲ့ ကွင်းလယ်ကစားသမား Megan Rapinoe က The Associated Press သတင်းမီဒီယာကို ဖြေကြားခဲ့ပါတယ်။ ယခင်ကတည်း USSF ကနေ အမေရိကန် နိုင်ငံအဆင့် အမျိုးသမီးဘောလုံးအသင်းနဲ့ အမျိုးသားအသင်းတို့ကြား အခွင့်အရေးပေးမှုတွေကို ကွာဟချက် ထားခဲ့တာပါ။ အမေရိကန်အမျိုးသမီးအသင်းကတော့ ၂၀၁၅ ခုနှစ် ကမ္ဘာ့ဖလားတုန်းက ဗိုလ်စွဲခဲ့ပါတယ်။

EPA

Ref: Dailymail

SHARE