တရုတ်နှစ်သစ်ကူးအမီ ပေါ်လာတဲ့ ချစ်စရာကောင်းတဲ့ ‘4 Generations Challenge’

ပြီးခဲ့တဲ့ အပတ်တုန်းက တရုတ်လူမျိုးတွေဟာ Tik Tok ကိုအသုံးပြုပြီး ‘4 Generations Challenge’ ကို စလုပ်ခဲ့ရာကနေ တစ်ကမ္ဘာလုံးကိုပါ ပြန့်နှံ့သွားခဲ့ပါတယ်။ မျိုးဆက်(၄) ဆက်ကိုပြတဲ့ စိန်ခေါ်မှုကတော့ ဒီလိုပါ။ ဥပမာ.. မိသားစုထဲက အငယ်ဆုံးမိသားစုဝင်တစ်ဦးကနေ ဖခင်ကို လှမ်းခေါ်လိုက်ပါတယ်။ ၄င်းဖခင်ကနေ တဖန် သူ့ရဲ့ ဖခင်ဖြစ်သူကို အဆင့်ဆင့် လှမ်းခေါ်ကြတာ ဖြစ်ပါတယ်။ ဗီဒီယိုတွေထဲမှာ တွေ့ရတဲ့အတိုင်းပဲ မိသားစုထဲမှာ မြေးကလေးကနေ အဖေ၊အမေ၊ အဖိုး၊အဖွား၊စသဖြင့် တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကြတာကို မြင်ရတာ ကြည်နူးစရာပါပဲ။ တချို့ကလည်း ဒီ ‘4 Generations Challenge’ Tik Tok ကို (၂၀၁၉) ခုနှစ်ရဲ့ ချစ်စရာအကောင်းဆုံး meme လို့ ခေါ်နေကြပါတယ်။

၎င်း ‘4 Generations Challenge’ တစ်ခုကို ဇန်န၀ါရီလ(၂) ရက်တုန်းက YouTube မှာ စတင်တွေ့ခဲ့ရပြီး ငါးရက်ထဲနဲ့ ကြည့်ရှုသူပေါင်း (၁၅၀,၀၀၀) ရှိခဲ့ပါတယ်။ Shanghaiist က ရှဲထားတဲ့ ဖေ့စ်ဘုတ်ပို့စ်တစ်ခုမှာတော့ ‘4 Generations Challenge’ ဗီဒီယိုတိုလေးတွေကို စုပေါင်းတင်ထားရာမှာ တစ်ပတ်အတွင်းထဲမှာပဲ အကြိမ်ပေါင်း(၁.၈) သန်းကျော် ကြည့်ရှုခံရကြောင်း သိရပါတယ်။

ဖေ့စ်ဘုတ်အပြင် တွစ်တာပေါ်မှာလည်း ၄င်းchallenge နဲ့ပတ်သက်လို့ အရမ်းခေတ်စားလာနေပါတယ်။ မိသားစုတစ်စုထဲက မျိုးဆက်လေးဆက်ကို တစ်ပြိုင်တည်း တွေ့ရတဲ့ ကြည်နူးစရာ အမှတ်တရ challenge လေးဖြစ်ပေမယ့်လည်း တချို့အဖိုးအဖွား မရှိရှာတော့တဲ့ သူတွေအတွက်တော့ ၀မ်းနည်းဖွယ်ကောင်းတဲ့ ဗီဒီယိုဖိုင်လေးတွေ ဖြစ်နေပါတော့တယ်။ တရုတ်နိုင်ငံက စတဲ့ ‘4 Generations Challenge’ ဟာ အမေရိကန်၊ အိန္ဒိယနဲ့ နော်ဝေနိုင်ငံတွေမှာတောင် ကူးစက်ပြန့်နှံ့နေပြီရှိလို့ သိရပါတယ်။

READ
ဖုတ်ကောင်အရုပ်နဲ့ လက်ထပ်တော့မယ်လို့ ဆိုလာတဲ့ ဆယ်ကျော်သက်ကောင်မလေး

လင်းလင်း (ShweMom)

Ref: asiaone

SHARE