လူကလေးလေးအတိုင်း ပြုမူနေတဲ့ ဆင်ပေါက်ကလေးရဲ့ ချစ်စဖွယ်ဗီဒီယို

ဆင်တွေအိပ်ပျော်နေတာကို တော်ရုံမြင်ဖူးကြမယ် မထင်ပါဘူးနော်။ အခုဖော်ပြပေးမယ့် ဗီဒီယိုလေးကတော့ ဆင်ပေါက်ကလေးတစ်ကောင်ရဲ့ ချစ်စဖွယ်အိပ်ချင်မူးတူးဖြစ်နေတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ ဗီဒီယိုကို ထိုင်းနိုင်ငံမှာရှိတဲ့ ဆင်စခန်းတစ်ခုမှာ ရိုက်ကူထားခဲ့တာပါ။

Khun-Seuk အမည်ရှိဆင်ပေါက်ကလေးဟာ ဗီဒီယိုရိုက်ကူးစဉ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာပဲဖြစ်ပါတယ်။ အိပ်ပျော်နေရုံတင်မကဘဲ ဟောက်သံလိုလိုထူးဆန်းပြီး ချစ်ဖို့ကောင်းတဲ့အသံတွေထွက်နေတာပါ။

Viral Press

လူတွေအုံကာ သူအိပ်နေတာကို ဝိုင်းကြည့်နေတဲ့အတွက် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်ကာ မျက်လုံးလေးဖွင့်ကြည့်ခဲ့ပါတယ်။ နိုးလာပြီဆိုပြီး ချက်ချင်းမထသေးဘဲ ကင်မရာဆီကို မျက်လုံးမှေးမှေးလေးနဲ့ ကြည့်နေကာ ငြိမ်နေပါသေးတယ်။

ပြီးတဲ့အခါမှ နှာမောင်းလေးကို ကလေးလေးတစ်ယောက်သဖွယ် ပါးစပ်မှာတေ့ကာ မျက်လုံးလေးမှေးဆင်းပြီး ပြန်အိပ်ပျော်သွားပါတော့တယ်။

Viral Press

သု့ကိုထိန်းတဲ့ဆင်ထိန်းကတော့ Khun-Seuk ဟာ လူကလေးလေးတစ်ယောက်နဲ့ အလွန်တူပြီး အိပ်ရတာကို နှစ်ခြိုကာ အမြဲလိုလိုလည်း ချွဲတတ်သေးတယ်လို့ဆိုပါတယ်။

Viral Press

ဆင်စခန်းမှာလူတွေဒီလောက်တောင်အများကြီးသွားလာနေကြသော်လည်း အိပ်ပျော်နေတဲ့ Khun Seuk ကိုတော့ ဘယ်သူမှ အိပ်ရေးပျက်အောင် လုပ်နိုင်မယ်မထင်ပါဘူး။

Viral Press

Source: Daily Mail

READ
ဖြတ်ကနဲကြည့်ရင် ရိုင်းပြတဲ့ဓာတ်ပုံတွေလို့ ထင်ရစေမယ့် ဓာတ်ပုံတွေ

Penny

SHARE