ရောဂါကြောင့် အမွေးတွေကျွတ်ခဲ့ရတဲ့ငှက်ကလေး လူမှုကွန်ယက်မှာ ရေပန်းစားနေ

Rhea လို့ အမည်ရတဲ့ ကြက်တူရွေးမျိုးနွယ် ငှက်ကလေးတစ်ကောင်ဟာ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ Psittacine Beak and Feather Disease လို့ ခေါ်တဲ့ ရောဂါကို ခံစားခဲ့ရပြီးနောက် သူ့မှာရှိတဲ့ ငှက်မွေးတွေ အကုန်ကျွတ်ခဲ့ရပါတယ်။ အဆိုပါ
ငှက်မလေးကို မွေးမြူထားသူကတော့ Isabella Eisenmann လို့အမည်ရတဲ့ အသက်(23)နှစ်အရွယ် မိန်းမပျိုလေး ဖြစ်ပြီး Rhea ရဲ့ သနားစဖွယ်ပုံလေးတွေကို Facebook မှာ တင်ခဲ့ပါတယ်။

အခုအခါမှာတော့ Rhea မှာ ကိုယ်ပိုင် Instagram အကောင့်တစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်ပြီး သူရဲ့ လုံးတီးခန္ဓာကိုယ်လှီလှီ
လေးကြောင့် ပရိသတ်တွေက အအေးဒဏ်ကို အကာအကွယ်ပေးမယ့် ဆွယ်တာအင်္ကျီလေးတွေ ပိုင်ရှင် Isabella ဆီကို ပို့ပေးခဲ့ကြပါတယ်။

READ
(၂)လအတွင်း (၃)ကြိမ်မြောက်ထောင်ထဲထပ်ရောက်နေပြန်တဲ့ လည်ပင်းကြီးရာဇ၀တ်သား

အဲဒီငှက်ကလေးဟာ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ရောဂါကို ဇူလိုင်လမှာ စတင်ခံစားခဲ့ရပြီး နောက်ပိုင်းမှာတော့ ငှက်တောင်တွေ အကုန်ကျွတ်ခဲ့ရပါတယ်။ ဒါကြောင့်  ဘော်စတွန်မြို့က ဆေးခန်းတစ်ခုမှာ ၎င်းကို ပြသခဲ့ပေမယ့် သက်သာမှုတော့ မရရှိခဲ့ပါဘူး။

Rhea လို့ အမည်ရတဲ့ Instagram ကို စတင်ဖွင့်လှစ်ချင်းမှာပဲ ပရိသတ် 122000 အထိ ရရှိခဲ့ပြီး ငှက်ကလေးအတွက် အနွေးထည်တွေ ဆွယ်တာတွေကို ပိုင်ရှင်ထံ ပေးပို့ခဲ့ကြပါတယ်။ Isabella က ” အစကတော့ ဆဲတဲ့ အပြစ်ပြောတဲ့ မှတ်
ချက်တွေကို လက်ခံရရှိခဲ့ပါတယ် … သူရဲ့လက်ရှိ ရုပ်သွင်ကိုပဲ မြင်ကြတာကိုး … ကျွန်မက ဂရုမစိုက်ပါဘူး … “လို့ ရှင်းပြခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Rhea ရဲ့ အခြေအနေကို အပြည့်အ၀နားလည်ပြီး အားပေးခဲ့ကြတဲ့သူတွေ၊ ကူညီထောက်ပံ့ခဲ့ကြသူ
တွေ များပြားစွာပေါ်လာခဲ့ပါတယ်။ Isabella က ” ကျွန်မက သူတို့ကိုယ်သူတို့ ကွဲပြားခြားနားစွာ လက်ခံထားကြသူတွေ
အားလုံးကို  … Rhea က သူ့ကိုယ်သူ လက်ခံသလိုမျိုး လက်ခံမှုတွေ ရှိစေချင်တာပါ “လို့ ဆိုပါတယ်။

READ
ရုတ်တရက် ခေါင်းအမြန်လှည့်ရင်းနဲ့ လေဖြတ်သေဆုံးသွားတဲ့ (၁၇)နှစ်အရွယ် ကောင်လေး

Isabella က ” သူမက မပျံနိုင်ပါဘူး … ဒါပေမယ့် သူမက အားမလျှော့ဘဲ ကြိုးစားနေပါတယ် .. ငှက်တောင်မရှိတဲ့အ
တွက် … အအေးဒဏ်တော့ ခံရတာပေါ့ … ဒါပေမယ့် အခုတော့ သူမမှာ ချစ်စရာကောင်းတဲ့ အရောင်သွေးစုံတဲ့ ဆွယ်တာအကျီလေးတွေ ရှိနေပါပြီ”လို့ ဆိုခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE