မျက်စိမမြင်၊နားမကြားပေမယ့် တစ်ဖက်သားကို နှစ်သိမ့်တဲ့နေရာမှာ တော်လွန်းတဲ့ ခွေးလေး

Facebook/Sherios Shenanigans

ခွေးတွေဟာ လူတွေအတွက်တော့ မိတ်ဆွေကောင်းတွေ ဖြစ်ပါတယ်။ သူတို့ကို မေတ္တာပေးရင် သူတို့က ကိုယ်ပေးတာထက် မေတ္တာပိုပေးတတ်တဲ့ သစ္စာရှိအဖော်ကောင်းတွေလည်း ဖြစ်ပါတယ်။ ဒီအချက်ကိုတော့ ရှရယ်စမစ်အမည်ရတဲ့ အမျိုးသမီးက ကောင်းကောင်းနားလည်ပါတယ်။ ရှရယ်က သူမလက်လှမ်းမှီသလောက် ကူကယ်ရာမဲ့တဲ့ တိရစ္ဆာန်လေးတွေကို စောင့်ရှောက်နေသူပါ။ တိရစ္ဆာန်လေးတွေကို စောင့်ရှောက်ပြီး သူတို့တွေ ပြန်ကျန်းမာလာတဲ့အခါမှာတော့ မွေးစားမယ့်အိမ်လေးတွေကို ရှာဖွေပေးလေ့ရှိပါတယ်။

Facebook/Sherios Shenanigans

ဒီလိုနဲ့ ရှရယ်က ရှီရိုအမည်ရတဲ့ ခွေးလေးတစ်ကောင်နဲ့ ဆုံဖြစ်ခဲ့တာပါ။ ရှီရိုက နားပင်းနေတဲ့ ခွေးလေးတစ်ကောင်ဖြစ်ပါတယ်။ မျက်စိကလည်း သိပ်မကောင်းပါဘူး။ ဒါကြောင့် ရှရယ်က သနားပြီး သူကိုယ်တိုင် မွေးစားခဲ့တာပါ။ ရှီရိုဟာ ရှရယ်နဲ့နေလာတာ (၂) နှစ်လောက် ရှိနေပါပြီ။ ရှီရိုကို မွေးစားသူတွေရှိခဲ့ပါတယ်။ (၄) ကြိမ်တိုင် မွေးစားခံခဲ့ရပေမယ့် နောက်ပိုင်းမှာ သခင်တွေက ဂေဟာဆီမှာပဲ ပြန်လာထားသွားကြတာ ဖြစ်ပါတယ်။

READ
အဖမဲ့သားကို မျက်နှာမငယ်စေချင်တဲ့ မိခင်တစ်ယောက်ရဲ့ ကြိုးပမ်းအားထုတ်မှု
Facebook/Sherios Shenanigans

A year ago today a leader from an organization that is meant to help kids and youths who have mental health and…

Posted by Sherio’s Shenanigans on Tuesday, January 7, 2020

ရှီရိုဟာ တိရစ္ဆာန်ဂေဟာတွေမှာလည်း လှည့်လည်နေထိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ရှရယ်နဲ့ တွေ့ပြီးတဲ့နောက်မှာတော့ ရှီရိုရဲ့ အခြေအနေက လုံးဝကို ပြောင်းလဲသွားခဲ့ပါတယ်။ သခင်တွေရဲ့ အကြိမ်ကြိမ်စွန့်ပစ်ခံရပြီး လမ်းပေါ်မှာပဲ ကျင်လည်ရတာများတဲ့ ရှီရိုအတွက် ရှရယ်က ကျေးဇူးရှင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ်တိုင်က ဒုက္ခိတခွေးလေးဖြစ်နေပေမယ့် ရှရယ်ရဲ့ အလုပ်ကို သူက တတ်နိုင်သမျှ ကူညီပေးခဲ့ပါတယ်။ ရှရယ်ရဲ့ ဂေဟာကို ရောက်လာတဲ့ သနားစရာ ခိုကိုးရာမဲ့ ခွေးလေး၊ ကြောင်လေးတွေကို နှစ်သိမ့်ဖေးမပေးဖို့ တာဝန်ကို ရှီရိုက သူကိုယ်တိုင် ယူလိုက်ပါတယ်။

READ
သမီးဖြစ်သူ အားတက်အောင်လို့ ပရိသတ်ထဲကနေ ပန်းပွားအက လိုက်ကခဲ့တဲ့ ဖေဖေ
Facebook/Sherios Shenanigans

ရှရယ်ကတော့ ရှီရိုနဲ့ ပတ်သက်ပြီး “ရှီရိုကို ကယ်ပြီးတော့ ကျွန်မနောက်ထပ် ဗိုက်ကြီးနေတဲ့ ခွေးမလေးတစ်ကောင်ကို ကယ်ပါတယ်။ ခွေးမလေးက သူ့ကလေးတွေတောင် သူမစောင့်ရှောက်နိုင်တော့ဘူး။ အရမ်းနေမကောင်းဖြစ်နေတာ။ ရှီရိုက သူ့ကလေးတွေကို သွားစောင့်ရှောက်ပေးပါတယ်။ ကြောင်လေးပဲ ဖြစ်ဖြစ် ၊ ခွေးလေးပဲ ဖြစ်ဖြစ် ကျွန်မဆီလာတဲ့ ဒုက္ခသည်လေးတွေကို ရှီရိုက စိတ်ရှည်လက်ရှည်နဲ့ စောင့်ရှောက်ပေးပါတယ်။ တိရစ္ဆာန်လေးတွေ အားလုံးက ရှီရိုနဲ့ အရင်ရင်းနှီးပြီးမှ ကျွန်မနဲ့ ရင်းနှီးကြတာပါ။ သူတို့လေးတွေကလည်း ရှီရိုကို ယုံကြည်ကြတယ်… ” လို့ ခုလို ပြောပြခဲ့တာကိုလည်း Boredpanda အရ သိရပါတယ်။

Facebook/Sherios Shenanigans

လင်းလင်း (ShweMom)

SHARE