အကောင်ရေ (၁၀၀) မှာ (၁) ကောင်ရှိခဲတဲ့ ရှားပါးပန်းနုရောင်အသွေးနဲ့ ခွေးဘီလူးလေး

Twitter/MariaMilk

ချစ်စရာကောင်းတဲ့ Milkshake အမည်ရ ခွေးကလေးဟာ ဆိုရှယ်မီဒီယာမှာ စတားဖြစ်နေပါတယ်။ Milkshake မှာ ထူးခြားချက်ကတော့ တစ်ကိုယ်လုံး ပန်းနုရောင်လေး ဖြစ်နေတာပါ။ ဒီလိုခွေးမျိုးဟာ တစ်ကမ္ဘာလုံးမှာ ခွေးဘီလူးအကောင်ရေ (၁၀၀) ထဲ တစ်ကောင်တောင် ရှိဖို့ ခဲယဉ်းပါတယ်။ Milkshake ဟာ (၁၇) လသားအရွယ်ပဲ ရှိပါသေးတယ်။

သူ့မှာ  ပြည့်ဖိုင့်နေတဲ့ မျက်နှာလေးနဲ့ အပြာရောင်မျက်လုံးတွေရှိတဲ့အပြင် ပန်းရောင်ပြေးနေတဲ့ အမွှေးတွေနဲ့ အရေပြားက သူ့ကို အခြားခွေးတွေကြား အထင်းသားဖြစ်စေပါတယ်။ အခုလို ပုံမှန်မဟုတ်တဲ့ ရောင်ခြယ်မျိုးရှိနေရတာက Milkshake ဟာ သူ့ရဲ့မျိုးရိုးထဲက တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့ အယ်လ်ဘီနိုခွေးဘီလူးတစ်ကောင်ကနေ အမွေဆက်ခံလာတဲ့အတွက် အရေပြားရောင်ခြယ်အချို့ ပျောက်ဆုံးကုန်တာ ဖြစ်ပါတယ်။

Twitter/MariaMilk

Milkshake ရဲ့ သခင်မကတော့ အသက် (၃၃) နှစ်အရွယ် မာရီယာဆိုသူ လန်ဒန်နေအမျိုးသမီးပါ။ မာရီယာဟာ မွေးချင်း ညီအစ်ကိုမောင်နှမတွေနဲ့မတူပဲ သီးခြားအရောင်တစ်ရောင်ကွဲထွက်နေတဲ့ Milkshake ကို သဘောကျပြီး မွေးစားခဲ့တာ ဖြစ်ပါတယ်။ Milkshake ကို ရက်သတ္တပတ် (၁၀) ပတ်သားအရွယ်လောက်ကတည်းက မာရီယာက မွေးလာတာပါ။ အခုဆိုရင်တော့ Milkshake ဟာ အင်စတာဂရမ်ပေါ်မှာလည်း ကျော်ကြားနေပြီဖြစ်ကာ follower ပေါင်း (၅၅,၁၀၀) ကျော်နဲ့ ဖြစ်နေပါပြီ။

READ
(၁၀)လီတာလောက်ရှိတဲ့ရေဖျဉ်းကြောင့် ကိုယ်ဝန်သည်နဲ့တူနေတဲ့ကောင်မလေး
Twitter/MariaMilk

မာရီယာကတော့ “ကျွန်မ အရင်တုန်းက ပန်းရောင်ရှိတဲ့ခွေးဆိုတာ မမြင်ဖူးဘူး။ ဒီလိုခွေးတွေဟာ ရှားပါတယ်။ ကျွန်မအထင် တစ်ကမ္ဘာလုံးမှာ Milkshake လိုမျိုး အရောင်နဲ့ခွေးဟာ အကောင် (၃၀) လောက်ပဲ ရှိမယ်။ တစ်ကမ္ဘာလုံးပေါင်းလိုက်ရင်တောင် အကောင် (၁၀၀) မရှိနိုင်ဘူး။ သူက အယ်လ်ဘီနိုတော့ မဟုတ်ဘူး။ သူ့မှာ အရေပြားရောင်ခြယ် ပုံမှန်မရှိတာပဲ ရှိတယ်။ အယ်လ်ဘီနိုမဟုတ်တဲ့အတွက် အမြင်နဲ့အကြားအာရုံ ချို့တဲ့တာလည်း မရှိဘူး။ ကျန်းမာပျော်ရွှင်တဲ့ ခွေးကလေးပါ…” လို့ ဆိုပါတယ်။

Twitter/MariaMilk

Milkshake ဟာ အင်စတာပေါ်ကျော်ကြားသလို ခွေးပြိုင်ပွဲတွေ ပြပွဲတွေမှာလည်း ၀င်ပြီးဆင်နွှဲရပါသေးတယ်။ သူ့မှာ ထရိန်နာတစ်ယောက်လည်း ရှိပြီး အနာဂတ်မှာ တီဗီအစီအစဉ်တွေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွေထဲ ပါဝင်နိုင်ဖို့ Milkshake က ထရိန်နာနဲ့ လေကျင့်ရေးဆင်းနေကြောင်းလည်း unilad သတင်းအရ သိရပါတယ်။

READ
ကားမောင်းရင်း အိပ်ငိုက်နေတဲ့ တက္ကစီဒရိုင်ဘာ ကိုမှ ရွေးပြီးငှားမိတဲ့အမျိုးသမီးရဲ့အဖြစ်

လင်းလင်း (ShweMom)

SHARE