တောမီးလောင်ပြီးနောက်ကျန်ရစ်ခဲ့တဲ့ koala လေးတွေကို ကူရှာပေးနေတဲ့ ခွေးလေး

Twitter / MSN

တောမီးကြောင့် ဒဏ်ရာရပြီး မိဘမဲ့သွားခဲ့တဲ့ koala လေးတွေကို မီးသတ်သမားတွေနဲ့အတူကူညီကယ်ဆယ်ခဲ့တာက တော့ ခွေးလေး Bear ပဲဖြစ်ပါတယ်။

Koala တွေရဲ့မစင်နဲ့အမွှေး (၂)မျိုးလုံးကို အနံ့ခံပြီးရှာနိုင်တာ ကမ္ဘာပေါ်မှာခွေးတစ်မျိုးတည်းသာရှိတဲ့အတွက်  ခွေးလေး Bear ရဲ့အကူအညီကိုယူပြီး တောမီးလောင်မှုမှာကျန်ရစ်ခဲ့တဲ့ Koala လေးတွေကိုရှာဖွေကယ်ဆယ်ခဲ့ရ တာ ဖြစ်ပါတယ်။

ဒီကယ်ဆယ်ရေးလုပ်ငန်းလုပ်နေစဉ်အတွင်း ခွေးလေး Bear ကိုကယ်ဆယ်ရေးဝတ်စုံဝတ်ပေးထားတဲ့အပြင်ခြေေ ထာက် တွေကိုလည်း အပူဒဏ်ကိုကာကွယ်နိုင်တဲ့ခြေအိတ်တွေကိုဝတ်ပေးထားပါတယ်။ မီးဘေးရဲ့လွတ်ရာလုံခြုံတဲ့  နေရာတွေကိုလွှတ်ပြီး Koala လေးတွေကိုရှာဖွေကယ်ဆယ်စေခဲ့ပါတယ်။

 

Bear လေးဟာ ဒီတစ်ပတ်အတွင်း New South Wales နဲ့ Queensland ပြည်နယ်တွေမှာ Koala လေးတွေကိုတပ်ဖြန့် ရှာဖွေစေခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ပဲ မီးလောင်မှုဖြစ်ပွားရာနေရာအနီးဝန်းကျင်မှာ Koala လေးတွေရဲ့အရိပ်အယောင်ကိုတောင်မေ တွ့ရပါဘူး။ဒါပေမယ့် သူတို့လေးတွေကို အသက်ရှင်လျက်ပြန်တွေ့နိုင်ဖို့မျှော်လင့်တယ်လို့ IFAW တိရစ္ဆာန်ပရဟိတအဖွဲ့က Bear ရဲ့ရှာဖွေနေတဲ့ပုံလေးနဲ့အတူ အများပြည်သူတွေသိဖို့ဝေမျှခဲ့ပါတယ်။

Bear ဟာ သူ့သခင်ရဲ့စွန့်ပစ်မှုကိုခံခဲ့ရတဲ့ခွေးလေးဖြစ်ပြီး သူ့မှာ အစွဲအလန်းကြီးလွန်းတဲ့ရောဂါရှိတာကြောင့် သူဟာ အရမ်းကြီးအလုပ်လုပ်လို့မရပါဘူး။ဒါပေမယ့် Bear လေးဟာ ကြိုးစားပြီးရှာဖွေကယ်ဆယ်မှုတွေလုပ်ဆောင်ခဲ့ ပါ တယ်။ Bear ရဲ့အလုပ်အရေးကြီးပုံကို IFAW တိရစ္ဆာန်ပရဟိတအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Josey Sharrad ကရှင်းပြခဲ့ပါ  တယ်။ အခုချိန်မှာ Koala လေးတွေရဲ့အသက်ရှင်သန်မှုဟာ အရမ်းအရေးကြီးတဲ့အခြေအနေဖြစ်တယ်လို့ Brisbane Times သတင်းစာမှာ Josey Sharrad ကဖော်ပြခဲ့ပါတယ်။

အခုလ(၁၈)ရက်နေ့ကလည်း New South Wales ပြည်နယ်မှာ မီးလောင်ဒဏ်ရာရရှိနေတဲ့ koala တစ်ကောင်ကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။ Taree မြို့ရွာလေးမှာလည်း Flash အမည်ရှိတဲ့ koala တစ်ကောင်ကိုတွေ့ရှိ  ခဲ့ပြီး ကူညီကယ်ဆယ်မှုတွေလုပ်ပြီး ဆေးကုသမှုတွေပေးခဲ့ရပါတယ်။

တောမီးလောင်ကျွမ်းတဲ့နေရာကနေ ကယ်ဆယ်နိုင်ခဲ့တဲ့ koala (၂)ကောင်ကို မီးသတ်သမားတွေ က ရေတွေတိုက်နေတာကို ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ koala လေးတွေကို မတွေ့တွေ့အောင်ရှာဖွေပြီးကယ်ဆယ်မှုတွေလုပ်မယ်လို့ Brisbane  မီးသတ်တပ်ဖွဲ့ဝင်တွေကပြောပါတယ်။

Thae

SHARE