ဧရာမဟင်းပွဲတွေကို မိဘမဲ့ကလေးများအတွက် အမြဲချက်ပြုတ်ပေးတဲ့ YouTuber အဖိုး

YouTube

YouTube မှာ ဘာတွေကြည့်ရတာအကြိုက်ဆုံးလဲမေးရင် အစားအသောက် အစီအစဉ် တွေပါပဲ။ အစာစားပြတဲ့ ဗီဒီယိုတွေ၊ ချက်ပြုတ်ပြတဲ့ ဗီဒီယိုတွေကို တစ်နေကုန်ထိုင်ကြည့်ခိုင်းရင်တောင် မပျင်းမရိဘဲ ကြည့်နိုင်ပါတယ်။ ဟင်းချက်တဲ့ဗီဒီယိုတွေတင်တဲ့ YouTube channel တွေထဲကမှ အမြဲတမ်းသတိထားမိနေတဲ့ channel တစ်ခုရှိပါတယ်။ Grandpa Kitchen ဆိုတဲ့ channel တစ်ခုပါ။

Subscribers ပေါင်း (၄,၁၁၄,၉၃၄) ယောက်တောင် ရှိနေပြီး အိန္ဒိယအခြေစိုက် YouTube channel တစ်ခုဖြစ်ပါတယ်။ အဓိကကတော့ ချစ်စဖွယ်အဖိုးအိုတစ်ယောက် မိဘမဲ့ကလေးပေါင်းများစွာအတွက် လှူဒါန်းကျွေးမွေးဖို့ စားစရာတွေချက်ပြုတ်နေတဲ့ ဗီဒီယိုတွေကို တင်တာပါ။

YouTuber

အဖိုးဟာ အသက် (၇၃) နှစ်ရှိပြီး နာမည်ကတော့ Narayana Reddy လို့သိရပါတယ်။ Subscribers ပေါင်း (၄) မီလီယံလောက်ရှိပြီး သူ့ရဲ့ဗီဒီယိုတစ်ခုချင်းဆီတိုင်းမှာ ကြည့်ရှုသူာလည်း မီလီယံနဲ့ချီနေပါတယ်။ Grandpa Kitchen ဆိုတဲ့ YouTube channel ကိုတော့ ၂၀၁၇ သြဂုတ်လမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုအချိန်အထိ YouTube user တွေကြား နာမည်ကြီးစွာ ရပ်တည်နေတာပါ။

READ
"မြွေအနမ်းရှင်"လို့ နာမည်ကြီးခဲ့သူ၊ တောကြီးမြွေဟောက်ကိုက်လို့ သေဆုံး
YouTuber

ပုံမှန်မြင်တွေ့နေကြ ဟင်းချက်နည်းဗီဒီယိုတွေလိုမဟုတ်ဘဲ လူပေါင်းရာချီအတွက် ဧရာမဟင်းပွဲတွေ ချက်ပြလေ့ရှိပါတယ်။

YouTuber

ဆိတ်အကောင်လိုက်သုံးပြီး ဒံပေါက်ချက်တဲ့ဗီဒီယိုဟာဆိုရင် Grandpa ရဲ့ အကျော်ကြားဆုံး ဗီဒီယိုတွေထဲက တစ်ခုဖြစ်ပါတယ်။

YouTuber

တစ်ခါတစ်ရံမှာ နာမည်ကြီးကြက်ကြော်ဆိုင်က ကြက်ကြော်တွေလိုမျိုး ချက်ပြုတ်လေ့ရှိပြီး mac & cheese, lasagna တို့လိုမျိုး အမေရိကန်၊ ဥရောပအစားအစားစာတွေ ချက်တာကိုလည်း တစ်ခါတစ်ရံမြင်တွေ့ရမှာပါ။

YouTuber

ဒီဗီဒီယိုမှာတော့ လူတိုင်းကြိုက်တဲ့ ပီဇာကို ဒန်အိုးကိုထင်းမီးနဲ့မြိုက်ကာ ဧရာမအရွယ်အစားဖြစ်အောင် ဖုတ်ပြသွားတာပါ။

Grandpa နဲ့အပေါင်းအပါများဟာ ဟင်းတွေချက်ပြီး မိဘမဲ့ကျောင်းတွေဆီကို အမြဲတမ်းသွားရောက်လှူဒါန်းလေ့ရှိပါတယ်။ ပစ္စည်းကိရိယာအစုံအလင်နဲ့ ဟင်းပွဲတွေကို ချက်ပြုတ်တာမဟုတ်ဘဲ ထင်မီးနဲ့ အိမ်ချက်ပုံစံမျိုး ချက်ပြုတ်လေ့ရှိပေမယ့် Grandpa ရဲ့ ဟင်းလျာတွေဟာ စေတနာတွေပိုလျှံနေတာကို မမြင်ရပေမယ့် ခံစားရမှာပါ။

YouTuber

အခုလိုဟင်းတွေချက်ပြီး မိဘမဲ့ကလေးတွေကို ကူညီပေးတာ တစ်ခုတည်းမဟုတ်ပါဘူး။ အကျီင်္၊ ကျောင်းအသုံးအဆောင်တွေ၊ ဖတ်စရာစာအုပ်တွေအပြင် မွေးနေ့ရှင်ကလေးတိုင်းအတွက် လက်ဆောင်တွေပေးဝေခြင်းကိုလည်း ပြုလုပ်လေ့ရှိတယ်လို့ Patreon မှာ တင်ထားပါတယ်။

READ
ကမ္ဘာ့အမိုက်ဆုံးအားကစားအဖြစ်သတ်မှတ်ခြင်းခံလိုက်ရတဲ့ ပါးရိုက်အားကစားနည်း

Source: World of Buzz, YouTube

Penny

 

 

SHARE