ကျောင်းကပွဲမှာ ငိုနေရင်းနဲ့ ဆက်ကခဲ့လို့ ပွဲကျစေခဲ့တဲ့ကလေးလေးတွေ

အခုခေတ်ကျောင်းတွေမှာ နှစ်စဉ်ကျောင်းကပွဲတွေ၊ ပြိုင်ပွဲတွေ များစွာကျင်းပလေ့ရှိကြပြီး မိဘတွေကလည်း သူတို့သားလေးတွေ၊ သမီးလေးတွေ စင်ပေါ်ကပုံကို ဂုဏ်ယူစွာတင်တတ်ကြပါတယ်။ ကလေးအချို့ဆိုရင် သူတို့ရဲ့ ထူးခြားတဲ့ အပြုအမူကြောင့် ဒါမှမဟုတ် ချစ်စရာကောင်းတာတွေကြောင့် အောက်က ပရိသတ်တွေကို ရယ်မောခြင်းတွေဖြစ်စေပါတယ်။

ဥပမာအနေနဲ့ဆိုရင်လည်း ဒီကလေးလေး(၂)ယောက်ဟာ မတူညီတဲ့ ကျောင်းကပွဲ(၂)ခုကဖြစ်ပေမယ့် သူတို့ရဲ့ အဖြစ်အပျက်ဟာတူနေပြီး အလွန်ရယ်မောဖွယ်ရာလေးဖြစ်သွားစေခဲ့ပါတယ်။ တရုတ်နိုင်ငံရှိ မူလတန်းကျောင်းက ကလေးလေးတွေဖြစ်ပြီး စင်အောက်က ပရိသတ်တွေသာမက အင်တာနက်ပေါ်က ပရိသတ်တွေပါ အလွန်သဘောကျနေကြပါတယ်။

shanghaiist

ကပြနေစဉ် ကလေးမလေးတွေဟာ ဝမ်းနည်းပက်လက်ငိုနေခဲ့ပြီး ကတာ ရပ်သွားလားဆိုတော့လည်း ရပ်မသွားကြပါဘူး။ စင်ကြောက်လို့ ငိုတဲ့ကလေးတွေများစွာ ရှိပေမယ့် ဒီကလေးလေးတွေကတော့ ထူးခြားပါတယ်။ အားရပါးရငိုနေရင်းတန်းလန်းနဲ့တောင် ဆက်ပြီးကနေခဲ့ကြတာပါ။ အရမ်းကိုချစ်စရာကောင်းပြီး ရယ်စရာလည်း ကောင်းပါတယ်။

Rach Feed

အောက်မှာ အဲဒီ့ကလေးနှစ်ယောက်ရဲ့ ဗီဒီယိုလေးတွေ ထည့်ပေးထားပါတယ်။ သူတို့နှစ်ယောက်လုံးက ငိုနေပေမယ့်လည်း ကကွက်တွေကို တခြားကလေးတွေထက် လုံးဝမညံ့ဘဲ ကသွားနိုင်တာကိုတွေ့ရမှာပါ။ ဗီဒီယိုနှစ်ခုလုံးက တရုတ်ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပြီး အင်တာနက်ပေါ်က လူတွေရဲ့ အလွန်နှစ်သက်ခြင်းကို ခံခဲ့ရပါတယ်။

The show must go on

The show must go on

Posted by Shanghaiist on Sunday, January 21, 2018

White (Shwemom)

READ
ခေါက်ဆွဲပွဲကြီးကို မိနစ်(၂၀)အတွင်းကုန်အောင်စားပြနိုင်ရင် (၄၃၈)ဒေါ်လာပြန်ပေးတဲ့ဆိုင်

Ref: Rach Feed, shanghaiist.com

SHARE