သခင်အိပ်နေတဲ့အချိန် နှိုးစက်မြည်လာရင် ပိတ်ပေးတဲ့ခွေးလေး

Youtube

ခွေးလေးတစ်ကောင် မွေးထားရင် ဘယ်လောက်အထိ အားကိုးရမလဲဆိုတာ မသေချာပေမယ့် အောက်မှာ တွေ့ရမယ့်ခွေးလေးမျိုး ရရင်တော့ အကုန်လုံး လိုချင်ကြမှာပါ။ မနက်ဖက် အိပ်ယာထရမှာ ပျင်းသူတွေအတွက် အကူအညီရတဲ့ ခွေးလေးလို့တောင် ပြောရမလားပဲ။

ဒီရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ ဗီဒီယို တစ်ခုကတော့ သခင်ဖြစ်သူရဲ့ နှိုးစက်ကို ပိတ်ပေးတဲ့ ခွေးလေးတစ်ကောင်ရဲ့ ဗီဒီယို ပါပဲ။ သခင်ဖြစ်သူနဲ့အတူ အိပ်ယာထဲမှာ အိပ်နေတုန်း ဖုန်းမှာပေးထားတဲ့ Alarm က မြည်လာခဲ့လို့ ပိတ်ပေးနေတာကို ဒီ ဗီဒီယိုထဲမှာ မြင်ရမှာပါ။

Youtube

အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာရှိတဲ့ ခွေးလေးတစ်ကောင်ဖြစ်ပြီး သြစတြေးလျနွယ်ဖွားသိုးထိန်းခွေးလေးဟာ မနက်ခင်းမှာ မြည်လာတဲ့ နှိုးစက်ကို ပိတ်တတ်နေပြီဖြစ်တယ်လို့ သူ့သခင်က မှတ်တမ်းတင်ထားခဲ့တာပါ။

Youtube

ဗီဒီယိုထဲမှာတော့ အိပ်ယာပေါ်မှာ အိပ်နေတဲ့ ခွေးလေးဟာ ဖုန်း Alarm မြည်လာတဲ့အချိန်မှာ အိပ်နေရာက ထလာခဲ့ပြီး ဖုန်းကို ကြည့်နေခဲ့ပါတယ်။ Alarm မြည်သံ ရပ်မသွားတဲ့အချိန်မှာတော့ ဖုန်းနားကို ကပ်လာခဲ့ပြီး သူ့ရဲ့ လက်နဲ့ ဖုန်းမျက်နှာပြင်ကို ပွတ်ပစ်ခဲ့တာပါ။ ဒီလိုနဲ့ပဲ ဖုန်း Alarm မြည်နေတာလည်း ရပ်သွားခဲ့တာပါပဲ။

READ
ငလျင်လှုပ်တာကို အကြောက်လွန်ပြီး ကျောက်ရုပ်ကြီးလို ဖြစ်သွားခဲ့တဲ့ ကြောင်ကလေး

(၅)လသား သာရှိသေးပေမယ့် လိမ်မာတဲ့ ဒီခွေးလေးဟာ ဒီရက်ပိုင်းမှာတော့ ဆိုရှယ်မီဒီယာတွေထက်မှာ နာမည်ကျော်နေခဲ့ပြီး အင်စတာဂရမ်မှာ တင်ထားတဲ့ ဒီ ဗီဒီယိုလေးကို ကြည့်ရှုသူ သန်းချီပြီး ရှိခဲ့ပါတယ်။

Linn

SHARE