ကမ္ဘာ့အသက်အငယ်ဆုံး ၀န်ကြီးချုပ်ကို အကြံပေးစကား ပြောခဲ့တဲ့ မလေးရှား ၀န်ကြီးချုပ်

Instagram_Mahathiah Mohammad/Instagram_Sanna Marin

ကမ္ဘာပေါ်မှာ လုပ်သက်အရှည်ကြာဆုံး ၀န်ကြီးချုပ်တဦးဖြစ်တဲ့ မလေးရှားနိုင်ငံ ၀န်ကြီးချုပ် Mahathir Mohamad ကတော့ ပြီးခဲ့တဲ့ (၁၀.၁၂.၂၀၁၉)က Reutersသတင်းဌာနဲ့ အင်တာဗျူးတစ်ခုမှာ Finland နိုင်ငံရဲ့ အမျိုးသမီးဝန်ကြီးချုပ် Sanna Marin ကို “အတွေ့အကြုံရှိသောသူများဆီက အကြံညဏ်ကိုယူကြပါလို့” ပြောဆိုခဲ့ပေးခြင်းဟာ သက်တမ်းနုသော ၀န်ကြီးချုပ်အသစ်များအတွက် အကြုံပြုခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ Marinဟာလည်း  Finland နိုင်ငံရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Annti Rinne နှုတ်ထွက်သွားပီနောက် ပါတီအတွင်းတစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်လာပါတယ်။

 

“လူငယ်တွေရဲ့အတွေးသစ်၊ အမြင်သစ်တွေကို ကျွန်တော်တို့ ယုံကြည်သလိုပဲ လူကြီးတွေရဲ့အတွေ့အကြုံကိုလဲ အတုယူတွေးခေါ်သင့်ပါတယ်” “ဒီလို တဖက်နဲ့တဖက် အမှီသဟဲပြုကြတာကပဲ အကောင်းဆုံးဖြစ်ပါတယ်”လို့အသက် ၉၄ နှစ်အရွယ်Mahathirက ပြောကြားခဲ့ပါသေးတယ်။

Marinကတော့ အသက် (၂၇) နှစ်မအရွယ်မှာတင် Finland နိုင်ငံရဲ့ အဓိက စက်မှုလက်မှု မြို့တော်ဖြစ်တဲ့ Tampereမြို့ရဲ့ မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့စဉ်ကစတင်ပီး အခက်အခဲများကြားကနေ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး  Finland နိုင်ငံရဲ့ နိုင်ငံရေးလောကမှာ တဟုန်ထိုး ကျော်ကြားလာခဲ့သူတစ်ဦးလဲ ဖြစ်ပါတယ်။

 

အလားတူ Mahathir ကလဲ မလေးရှားအတိုက်အခံများကို ကျော်လွန်ပြီး ပြီးခဲ့တဲ့ မေလက ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့‌သောသူတစ်ဦးလည်း ဖြစ်ပါတယ်။Mahathirကတော့ လးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်ရာထူးမှာ ဒုတိယအမြင့်ဆုံးဖြစ်တဲ့အလျှောက် တာဝန်ယူသက်တမ်းမှာလဲ ၁၉၈၁ မှ ၂၀၀၃ အထိ၊စုစုပေါင်း ၂၂ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရပါတယ်။

Pyi hein kyaw

SHARE