အသက်အငယ်ဆုံးကမ္ဘာပတ်ပြီးသူလေးရဲ့ ကမ္ဘာပတ်ချင်သူတွေအတွက် အကြံပေးစကား (၃) ခု

ig/lexielimitless

ကိုယ်တွေ မြန်မာနိုင်ငံနိုင်ငံက နေရာ ၁၀ နေရာတောင် မရောက်ဖူးသေးတဲ့အချိန်မှာ အသက် ၂၁ နှစ်အရွယ် အမေရိကန်နိုင်ငံသူ Lexie Alford ကတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံနဲ့ နိုင်ငံငယ်လိုဖြစ်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု၊ စုစုပေါင်း ၁၉၆ နေရာကို ကမ္ဘာပတ်ပြီးနေပါပြီ။ ဒီအကြောင်းကို Shwemom မှ အသက် ၂၁ နှစ်တည်းနဲ့ ၁၉၆ နိုင်ငံအထိ အသက်အငယ်ဆုံး ကမ္ဘာပတ်နိုင်ခဲ့သူလေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြသွားခဲ့ပြီးပါပြီ။

လူတော်တော်များများက သူမအနေနဲ့ တစ်ယောက်တည်း ကမ္ဘာပတ်တဲ့အခါ ဘယ်လိုမျိုးနေထိုင်ခဲ့တာလဲ၊ ပိုက်ဆံတွေ ဘယ်လိုခွဲသုံးလဲ စတာတွေကို သိချင်နေကြတဲ့အတွက်ကြောင့် အကယ်၍သူမလိုပဲ တစ်ယောက်တည်းကမ္ဘာပတ်ခရီးသွားချင်သူလေးတွေအတွက် ထိရောက်စေမယ့် အကြံပေးစကား ၃ ခုကို Lexie Alford က Insider ကို ပြောပြခဲ့ပါတယ်။ အဲဒီကနေမှတစ်ဆင့် ကိုးကားပြီး ပရိတ်သတ်တွေ နားလည်လွယ်မယ့် ပုံစံမျိုးနဲ့ ပြန်လည်ရေးသားကာ မျှဝေပေးလိုက်ပါတယ်နော်။

(၁) ဘယ်တော့မှ “ဟင့်အင်း” ကနေ အဖြေတစ်ခုကို စ မဖြေပါနဲ့။

 

View this post on Instagram

 

Sometimes you must travel far to find where you really belong ♡

A post shared by Lexie Alford (@lexielimitless) on

ကိုယ့ှ်နလုံးသားထဲ တကယ်ဖြစ်ချင်တဲ့ စိတ်ဆန္ဒတစ်ခုရှိနေခဲ့ရင် အဲဒီအရာကို မဖြစ်ဖြစ်အောင် လုပ်ပါတဲ့။ ကလေးဘဝထဲက ကမ္ဘာပတ်ဖို့ စိတ်ကူးစယဉ်ခဲ့ပြီး ကျောင်းပြီးချိန် ဆယ်ကျော်သက်အရွယ်မှ အကောင်အထည်ဖော်ဖို့ စတင်လုပ်ဆောင်ခဲ့တာပါ။ ပုံမှန်အတိုင်း စဉ်းစားကြည့်မယ်ဆိုရင်တောင် သာမန်လူတန်းစား မိသားစုမှာ မွေးဖွားခဲ့ရပြီး ကျောင်းပြီးခါကစ ဆယ်ကျော်သက်တစ်ယောက်၊ မိန်းကလေးလည်း ဖြစ်နေတော့ ကမ္ဘာပတ်ဖို့ဆိုတာ စိတ်ကူးသလောက် မလွယ်ကူလှပါဘူး။

READ
မစင်နဲ့ဆီးတွေပေနေတဲ့လက်နဲ့ ပြိုက်ဘက်ဆိုင်က ရေခဲမုန့်ကိုကိုင်ပြီး စီပွားပျက်အောင်လုပ်ခဲ့သူ

ဒါပေမဲ့ စိတ်ထဲမှာ ဟင့်အင် ငါမလုပ်နိုင်ဘူး ဆိုတဲ့ အဖြေထက် ငါရအောင်လုပ်မယ်ဆိုတဲ့ စိတ်ကို မွေးထားခဲ့တာပါ။ တချို့ခရီးစဉ်တွေဟာ အရမ်းကို ပင်ပမ်းလွန်းပြီး အိမ်ပဲချက်ချင်းထပြန်ချင်စိတ်ပေါက်မိတဲ့ အခါမျိုးတွေ ရှိခဲ့သလို၊ ကိုယ်အရမ်းသွားချင်တဲ့ ခရီးတွေမှာလည်း ဗီစာအခက်အခဲတွေ၊ တင်းကြပ်တဲ့ဓလေ့စည်းကမ်းတွေကြောင့် အခက်တွေ့ခဲ့ရတာမျိုးတွေ ကြုံတွေ့ခဲ့ရပါတယ်။ အဓိကကတော့ စိတ်ပါပဲ။ ဒါကြောင့်လည်း ဂင်းနစ်စံချိန်တင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအနှံ့က နေရာတွေဆီကို ခြေဆန့်ကာ အတွေ့အကြုံအသစ်တွေ ရရှိခဲ့တာပါ။

(၂) ငွေရေးကြေးရေး

 

View this post on Instagram

 

Sometimes you must travel far to find where you really belong ♡

A post shared by Lexie Alford (@lexielimitless) on

ခရီးထွက်ဖို့ဆိုရင် အဓိကလိုအပ်တာက ပိုက်ဆံပါပဲ။ လူတော်တော်များများ ခရီးမထွက်ဖြစ်ကြတဲ့ အကြောင်းအရင်းက ပိုက်ဆံအလုံအလောက်မရှိလို့ပဲဖြစ်ပါတယ်။  Lexie Alford ကတော့ အသက် ၁၂ နှစ်အရွယ်ကတည်းက ကလေးပေမယ့် အနောက်နိုင်ငံကဓလေ့အတိုင်း ကလေးတွေလုပ်လို့ရတဲ့အ လုပ်မှန်သမျှ လုပ်နေပါပြီ။ ကြော်ငြာစာရွက်တွေအတွက် ပုံဆွဲတာတွေ၊ ဓာတ်ပုံလိုက်ရိုက်ပေးတာတွေ၊ မိခင်ရဲ့ခရီးသွားအေဂျင်စီအတွက် ဘလော့ရေးပေးတာ၊ စီမံခန့်ခွဲတာတွေကို လုပ်ပြီး ခရီးသွားနေသည့်တိုင်အောင် သူမဟာ အလကားမနေဘဲ ကုမ္ကဏီတော်တော်များများမှာ freelance အလုပ်လုပ်ပြီး ပိုက်ဆံတွေရှာနေခဲ့တာပါ။

READ
လေယာဉ်မမီလို့လေယာဉ်ပြေးလမ်းမှာ ပိတ်ရပ်ခဲ့တဲ့တရုတ်လင်မယားအဖမ်းခံခဲ့ရ

အလုပ်လုပ်ပြီး ရတဲ့ငွေတွေကို အင်္ကျီအသစ်တွေ၊ မိတ်ကပ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို တခြားမိန်းကလေးတွေလို အသစ်ထွက်တိုင်း ဝယ်မဘေဲ ခရီးသွားဖို့ကိုသာ ရင်းနှီးမြှုပ်နှံခဲ့တာပါ။ တချို့အဝတ်တွေဆိုရင် အထက်တန်းကျောင်းတုန်းကတည်းကဖြစ်ပေမယ့် အခုထက်ထိ ဝတ်နေတုန်းပါပဲတဲ့။ ဒါပေမဲ့ ဒီလိုမျိုး စိတ်ချလက်ချနဲ့ ၁၈ နှစ်အရွယ် သမီးပျိုလေးကို ယုံယုံကြည်ကြည်နဲ့ ကမ္ဘာပတ်ခွင့်ပေးပြီး စိတ်ပိုင်းဆိုင်ရာပံ့ပိုးပေးတဲ့ မိသားစုရှိတာဟာ Lexie Alford  အတွက်တော့ တစ်ဗန်းသာတဲ့အချက်တစ်ခုပါပဲ။

(၃) ဘေးကင်းစွာတစ်ယောက်တည်း ခရီးသွားဖို့

ဒီအချက်ဟာလည်း သိပ်ကိုအရေးကြီးတဲ့အထဲမှာ ပါဝင်နေပါတယ်။ ငယ်ငယ်ချာချောလေးဖြစ်တာကြော်င့ သူမအနေနဲ့ ဘေးအန္တရာယ်တွေကို ကြိုတင်တွက်ချက်ကာ ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ဈေးသက်သာပြီး အန္တရာယ်သိပ်မရှိတဲ့ ဒေသတွေဆိုရင် Lexie Alford အနေနဲ့ လနဲ့ချီအောင် အချိန်ဖြုန်းတတ်ပြီး တချို့နယ်မြေမတည်ငြိမ်သေးတဲ့ နေရာတွေမှာဆိုရင်တော့ ရက်ပိုင်းလောက်သာ လည်ပတ်ခဲ့ပါတယ်။ ဥပမာ အီဂျစ်၊ ကင်ညာ၊ တန်ဇန်းနီးယား၊ အင်ဒိုနီးရှားနဲ့ ဆွစ်ဇလန်တို့မှာဆိုရင် ၁ လခွဲအထိ နေခဲ့ပါတယ်တဲ့။ မြောက်ကိုရီးယား၊ မာလီ၊ ဆိုမားလီယား စတာတွေမှာတော့ နိုင်ငံကကိုက ရက်ပိုင်းပဲ နေခွင့်ပြုတာကြောင့် စည်းကမ်းအတိုင်း လိုက်နာခဲ့ရပါတယ်။

နောက်တစ်ချက်အနေနဲ့ ရောက်နေတဲ့ နိုင်ငံနဲ့လိုက်ပြီး သူတို့ရဲ့ရိုးရာဓလေ့တွေကို လိုက်နာတာပါ။ အတိုမဝတ်သင့်တဲ့နေရာဆိုရင် လုံလုံခြုံခြုံဝတ်ပြီးသွားလာတာစသည့်ဖြင့်ပေါ့လို့ အကြံပေးသွားခဲ့ပါတယ်။

Penny

SHARE