ဘရမ်စတုတ်ကာ ဆိုသူ အမျိုးသားတစ်ဦးဟာ ရိုမေးနီယားနိုင်ငံ ထရန်ဆဲလ်ဗေးနီးယားဒေသခံတစ်ဦး ဖြစ်ပါတယ်။ သူဟာ ဒရုန်းယာဉ်ပျံတွေနဲ့ ဓာတ်ပုံရိုက်ကူးတဲ့ အလုပ်ကိုလုပ်ကိုင်သူ ပရိုဖက်ရှင်နယ်ဓာတ်ပုံဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ထရန်ဆဲလ်ဗေးနီးယားဒေသထဲမှာရှိတဲ့ ကိုဗက်စ်နာကောင်တီကတော့ ထူးခြားလှပလွန်းတဲ့ ရှုမျှော်ခင်းတွေနဲ့ ပြည့်နှက်နေတဲ့ နေရာပါ။ ကိုဗက်စ်နာရဲ့ လှပလွန်းတဲ့ မြင်ကွင်းတွေကို ဘရမ်စတုတ်ကာဟာ အမိအရ ရိုက်ကူးခဲ့ပါတယ်။ သူဟာ မြင်ကွင်းတစ်ခုကို ရွေးချယ်လိုက်ပြီး ၄င်းမြင်ကွင်းတစ်ခုတည်းကိုပဲ မတူညီတဲ့ရာသီဥတုတွေမှာ ဝေဟင်ကနေ ရိုက်ကူးယူခဲ့တာ ဖြစ်ပါတယ်။ ပြီးနောက်မှာတော့ ရာသီအလိုက် ကွဲပြားနေတဲ့ ကိုဗက်စ်နာရဲ့ ဝေဟင်အလှအပတွေကို အခုလို ပေါင်းစည်းပြသခဲ့တာ ဖြစ်ပါတယ်။







လင်းလင်း (ShweMom)
Ref: boredpanda