K-pop အဆိုတော် Karina ဟာ Aespa အဖွဲ့နဲ့ ပွဲဦးထွက်ဖျော်ဖြေတာမကြာသေးပါဘူး။ ဒါပေမဲ့ သူမရဲ့ညှို့ငင်အားကောင်းလှတဲ့အသံ၊ ချီးမွမ်းချင်စရာအကစွမ်းရည်နဲ့ ရုပ်ရည်ချောမောမှုတွေကြောင့် K-pop ပရိသတ်တွေကြားထဲမှာတော့ မြန်မြန်ဆန်ဆန်ပဲ နာမည်ရလာသူဖြစ်ပါတယ်။ အခုအခါမှာတော့ Karina ရဲ့ အကြောင်းတွေကို scmp ကတဆင့် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
View this post on Instagram
သူမဟာ ပရိသတ်ရှေ့မရောက်ခင် ၄နှစ်တာ ထရိန်နင်ယူခဲ့ပါတယ်
အမည်ရင်းက Yoo Jimin ဖြစ်ပြီး ၂၀၀၀ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ ပွဲဦးမထွက်ခင် SM Entertainment ရဲ့သင်တန်းသူအဖြစ် ၄နှစ်တာကြိုးစားခဲ့ပါတယ်။ သူမဟာ Aespa ရဲ့ အဖွဲ့ခေါင်းဆောင်လည်း ဖြစ်ပါတယ်။
သူမဟာ Aespa မတိုင်ခင်ကတည်းက နာမည်ကြီးပြီးသားပါ
TAEMIN x KARINA @SHINee @aespa_Official pic.twitter.com/ZqbRaG98yB
— IDEA ♤ (@loveorIeaveme) October 27, 2020
Aespa ထဲမရောက်ခင် သူမဟာ ဝါရင့် idol တွေနဲ့ တွဲဖက်ပြီး ဖျော်ဖြေမှုတွေပြုလုပ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Shinee’s Taemin ရဲ့ live performance အတွင်း နောက်ခံအကသမားပြုလုပ်ခဲ့ပါတယ်။ Live performace အတွင်း အချို့နေရာတွေမှာ ကင်မရာက Taemin ကိုရိုက်ကူးပြသရမယ့်အစား Karina ကိုပဲ ကင်မရာချိန်ထားတာကို ပရိသတ်တွေက သတိပြုမိခဲ့ကြပါတယ်။ ဒီနှစ်အစောပိုင်းတုန်းကလည်း Karina ဟာ Exo’s Kai နဲ့တွဲဖက်ကာ Hyundai Tucson အတွက် ပရိုမိုးရှင်းဆင်းခဲ့ပါသေးတယ်။
သူမရဲ့ဗီဒီယိုတွေပေါက်ကြားခဲ့ဖူးပါတယ်
(Pre Debut) Yoo Jimin #SMNEWGG
©️ulzzangasia pic.twitter.com/ueZtdozDFQ— AESPA THAILAND (@AESPA_TH) October 15, 2020
Karina သီချင်းဆိုနေတဲ့ ဗီဒီယိုဖိုင်တွေဟာ အွန်လိုင်းပေါ်က ပရိသတ်တွေကြားပေါက်ကြားခဲ့ဖူးပါတယ်။ ဒီဗီဒီယိုတွေကိုကြည့်ပြီး ပရိသတ်အများစုက သူ့ရဲ့ အံ့မခန်းအသံစွမ်းရည်ကို သဘောကျခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ပြင် Karina ဟာ ulzzang ဖြစ်ခဲ့ဖူးပါတယ်။ Ulzzang ဆိုတာကတော့ ရုပ်ရည်ချောမောလွန်းလို့ အွန်လိုင်းမှာပေါ်ပြူလာဖြစ်လာတဲ့သူကို ခေါ်ဝေါ်တာပါ။
သူမဟာ အတင်းပြောခံရဖူးတယ်
ဒီနှစ်အစောပိုင်းကပဲ Karina နဲ့ သူမသူငယ်ချင်းတို့နှစ်ယောက် စကားပြောခဲ့တာတွေ ပေါက်ကြားခဲ့ပါတယ်။ အဲ့ဒီထဲမှာ Karina က SM Entertainment နဲ့ NCT,EXO, BTS စတဲ့ အုပ်စုတွေကို ဝေဖန်ခဲ့တယ်ဆိုပြီးတော့ပါ။ သူမရဲ့အေဂျင်စီဖြစ်တဲ့ SM Entertainment ကတော့ သူမကိုချက်ချင်းကာကွယ်ပေးခဲ့ပါတယ်။ Karina နဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းလွှင့်တဲ့သူတွေကို တရားဥပဒေအရ အရေးယူမယ်ဆိုပြီး ကြေညာချက်ထုတ်ပြန်တဲ့အထိတောင် ဖြစ်ခဲ့ပါတယ်။
ShweMom