ချစ်ရမှာကြောက်တတ်တဲ့ သူတွေဆိုတာ…

အချစ်ကို စိတ်ကုန်ပြီး ချစ်ရမှာကြောက်သွားတဲ့လူတွေဟာ အချစ်ကိုကြောက်သွားရတဲ့အကြောင်းအရင်းတွေရှိနေပါတယ်။အချစ်နဲ့ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့ အတိတ်ကအဖြစ်အပျက်တွေကြောင့် အချစ်ကို စိတ်ကုန်သွားတာမျိုးပါ။  ချစ်ရမှာကြောက်သွားတဲ့သူတွေ ခံစားခဲ့ရတဲ့ ဒဏ်ရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) မိဘ၊ အသိုင်းအ၀ိုင်းကြောင့်

ချစ်ကို စိတ်ကုန်သွားရတာကတော့ မိသားစုနဲ့ အသိုင်းအဝိုင်းတွေရဲ့ အပြင်းအထန်ကန့်ကွက်မှုကြောင့်လည်း ဖြစ်တတ်ပါတယ်။ ချစ်ရတဲ့သူကို မိဘအသိုင်းအ၀ိုင်းက လက်မခံနိုင်တာတွေ၊ ချစ်သူအပြင်လည်း ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့တာကြောင့် သူတို့အချစ်တွေကို ကိုယ်တိုင်တစ်ဘ၀စာ စတေးလိုက်ရပြီး ချစ်တဲ့စိတ်တွေ သေဆုံးသွားလို့ပဲဖြစ်ပါတယ်။

(၂) စိတ်ဒုက္ခတွေကို မခံနိုင်ဘူး။

အမြဲတမ်းစိတ်ပူနေရတဲ့သူမျိုး၊ စိတ်မချရတဲ့သူမျိုးနဲ့ ချစ်သူဖြစ်နေပြီး သူကြောင့်ခံစားရမယ့်စိတ်ဒုက္ခတွေကို ခံနေမယ့်အစားတစ်ယောက်တည်း နေဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။ ဘယ်သူမှစိတ်ပင်ပန်းတဲ့ဒဏ်ကို အကြာကြီးခံရတဲ့အခါ ဆက်ပြီး မခံနိုင်တဲ့အတွက်ကြောင့် အချစ်နဲ့ အဝေးဆုံးနေရာမှာ နေထိုင်တတ်ကြသူတွေပါ။

(၃) စိတ်မရှည်တတ်ဘူး။

အချစ်ကို စိတ်ကုန်သွားတဲ့လူတွေဆိုတာ သူတို့ရဲ့ ချစ်သူအပေါ်ဆိုးသမျှအရာအားလုံးကို အစပိုင်းမှာ သည်းခံခွင့်လွှတ်ပေးခဲ့ပြီး အချိန်အတိုင်းအတာတစ်ခုထိပဲ စိတ်ရှည်သည်းခံပြီး ပြုပြင်ပြောင်းလဲကြည့်တတ်ကြပေမယ့် နောက်ဆုံးဘယ်လိုမှပြုပြင်ပြောင်းလဲလို့မရတဲ့လူမျိုးနဲ့ကြုံရတဲ့အတွက် ချစ်ရက်နဲ့တောင်လမ်းခွဲလိုက်ပြီး အချစ်သစ်တောင် မရှာချင်တော့တဲ့ အထိပါပဲ။

READ
ကိုယ်သဘောကျတဲ့ အမျိုးသားကို ဘယ်လိုအထာပေးမလဲ?

(၄) ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံဖူးတယ်။

နှလုံးသားတစ်ခုလုံးပုံအပ်ပြီး ချစ်ခဲ့သမျှ နောက်ဆုံးမှာတော့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ချစ်သူရဲ့ သစ္စာဖောက်ခြင်းကြောင့် မလှမပဇာတ်သိမ်းခဲ့ရတဲ့သူတွေဟာ အဲလိုဇာတ်သိမ်းမျိုးကို မကြုံချင်တော့တာအပြင်၊ နောက်ထပ်ဘယ်သူ့ကိုမှ မယုံကြည်နိုင်တော့တာကြောင့် အချစ်သစ်ကို ထပ်မရှာကြတော့တာပါ။

SHARE