မြင်တွေ့သမျှလူတိုင်း အသည်းယားသွားစေရမယ့် အာဖရိက မိုးဖားများအကြောင်း

Instagram- @weshalljoinourhouses

ကျွန်တော်တို့သိထားတဲ့ ဖားဆိုတာ မျက်လုံးပြူပြူး အစိမ်းရောင်တို့၊ အညိုရောင်တို့ကိုပဲ တော်တော်များများ မြင်ဖူးကြတယ်မဟုတ်လား။ အခုဖော်ပြပေးမယ့် အာဖရိကန်မိုးဖားတွေကတော့ တော်တော်လေးကို ထူးခြားတဲ့ပုံစံမျိုးနဲ့ ရှိနေခဲ့တာပါ။ ရုတ်တရက်ကြည့်လိုက်ရင် ဖားလို့တောင် ထင်မှတ်ရမှာမဟုတ်ပါဘူး။

 

Instagram- @22sectAfrican Rain Frogs တွေဟာ တောင်အာဖရိကမှာသာ တွေ့ရတာပါ။ မီတာ ၁ ထောင်မြင့်တဲ့ Cape Fold Belt မှာသာ နေထိုင်ကျက်စားလေ့ရှိကြပါတယ်။ ဒီ African Rain Frogs တွေဟာ တွေ့ရခဲပြီး ပုံစံအရတော့ မြင်တွေ့ရတဲ့အတိုင်း ခန္ဓာကိုယ်ဟာ ကြမ်းထောင်ကာ အမည်းရောင်တွေများပါတယ်။

READ
ဆံသဆရာတွေ ပညာပြခဲ့တဲ့ နာမည်ကျော် ရယ်စရာ ဆံပင်ဒီဇိုင်းလက်ရာများ

 

Instagram- @22sect
Instagram- @thewondersofthenatrual

မိတ်လိုက်ချိန်တွေမှာဆိုရင်တော့ အမဟာ သူ့ရဲ့နောက်ကျောဖက်အရေပြားထဲမှ ကပ်စေးစေးအမည်းရောင်အရည်တွေကို ထုတ်လွှတ်လိုက်ပါတယ်။ ဒါမှလည်း အဖိုဟာ သူမရဲ့ကျောပေါ်ကနေ တော်ရုံပြန်ခွာမရဖြစ်နေစေမှာပါတဲ့။ အဲဒီအရည်ကိုတော့ adhesive amplexus လို့ခေါ်ပါတယ်။

သူတို့တွေဟာ တစ်ကောင်တည်းနေရတာကို ပိုနှစ်သက်ကြပြီး သက်ရှိတစ်ကောင်ကောင်အနားရောက်လာလို့ စိတ်မကြည်တော့ဘူး ရန်လိုတော့မယ်ဆိုရင် ရှိရင်းစွဲခန္ဓာကိုယ်ထက် ပိုကြီးအောင်ဖောင်းလာတတ်ကြတာပါ။

Reddit-  Pedrica1

Penny

SHARE