အမျိုးသမီးတွေ အားနွဲ့ တယ်ဆိုတဲ့ ခေတ် က ဟိုး ဘိုးတော် ဘုရားလက်ထက် မှာ ကျန်ခဲ့ပါပြီ။ အခု နောက် ပိုင်း မှာတော့ အမျိုးသမီးတွေ က အမျိုးသားတွေ ထက် ပိုပြီး ကိုယ့်အားကိုယ်ကိုး ပြီး ရပ်တည်လာ နိုင် တာကို တွေ့ ရပါတယ်။Shwemom စာဖတ်သူတွေ အတွက် တောင်အာဖရိကန် အမျိုးသမီးတစ်ယောက်ရဲ့ အ ကြောင်းကို ဝေမျှ ပေးချင်ပါတယ်။သူမ ကေ တာ့ ဘယ်သူ့ အကူအညီ မှ မယူပဲ ကိုယ့်အိမ်ကိုယ် ဆောက် ပြခဲ့တဲ့ အာဂ အမျိုးသမီး တစ်ေ ယာက်ပါ။သူမရဲ့ အ ကြောင်းကိုတော့ odditycentral မှာ အခုလို ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ လတည်းက တောင်အာဖရိက မှာ Women’s Month ကို ကျင်းပခဲ့ပါတယ်။အဲ့ဒီမှာတော့ တောင်အာ ဖရိက Pietermaritzburg မြို့ မှာ နေတဲ့ အသက် (၂၆)နှစ်အရွယ် အမျိုးသမီး လည်း ပါဝင် ခဲ့ပါတယ်။သူ မရဲ့ အိမ်ကို ကိုယ့်အားကိုယ်ကိုး ဆောက် နေတဲ့ သူမရဲ့ ပုံတွေက တော့ ဆိုရှယ်မီဒီယာ ပေါ် မှာ လူ ပြော များခဲ့ပါတယ်။ပုံတွေ ထဲ မှာတော့ အိမ် ဆောက်ဖို့ ဘိလိပ် မြေ ပြင်ဆင် နေတဲ့ပုံတွေ၊လိုအပ်တဲ့ တိုင်းတာ မှုေ တွ လုပ် နေတာ၊ အ ကန့် တွေ စီ နေတဲ့ ပုံတွေ.. အများကြီး ပါဝင် ပါတယ်။ကိုယ့်အား ကိုယ်ကိုး တဲ့ အာဂ အမျိုးသမီးရဲ့ နာမည်က တော့ Zama Philisiwe Zungu ပါ။

ဆောက်လုပ်ရေး ၀ါသနာကိုတော့ အ ဖေ ဖြစ်သူ ဆီ က နေ လက် ဆင့်ကမ်း အ မွေ ယူထားတာပါ။သူမရဲ့ အ ဖေ က တော့ ဆောက်လုပ် ရေး လုပ်သား တစ်ယောက်ပါ။(၂၀၁၄) မှာတော့ အင်ဂျင်နီယာ တစ်ယောက် ဖြစ်လာ ဖို့ ဆုံးဖြတ် ခဲ့ကာ Umgungundlovu TVET College မှာ ၀င် ခွင့် ရခဲ့ပါတယ်။Zama က တော့ အရင် တုန်းက ဆောက်လုပ်ရေး အလုပ် တခါ မှ မလုပ် ခဲ့ဖူးဘူး လို့ ဆိုပါတယ်။
It promising
Posted by Zamanzini Philisiwe Zungu on Saturday, August 15, 2020
ဒါပေမယ့် ကောလိပ် ၀င် ခွင့် ကိုတော့ လက် တွေ့ စာမေးပွဲ ကို အောင်မြင် ခဲ့တာပါ။ဒါ ကြောင့်လည်း ကိုယ့်အိမ်ကိုယ် ဆောက် နိုင် တယ်ဆိုတဲ့ ယုံ ကြည်မှု မျိုး ရလာခဲ့တာပါ။” ကျွန်မက အဲ့ဒီနေရာမှာတော့ တော် တယ်။ကိုယ့်အိမ်ကိုယ် ဆောက်ရတာ ပျော်စရာ ကောင်းတယ်..” လို့ ဆိုပါတယ်။သူမရဲ့ အိမ် မက်ကေ တာ့ အနာဂါတ် မှာ ကိုယ်ပိုင် ဆောက် လုပ် ရေး ကုမ္ပဏီ တစ်ခု ထူ ထောင် နိုင်ဖို့ နဲ့ အင်ဂျင်နီယာ လောက မှာ အမျိုးသမီးတွေ နေရာ ပိုရလာဖို့ ပါ။
This is what m good at
Posted by Zamanzini Philisiwe Zungu on Saturday, August 15, 2020