ဘောလုံးကန်ပြီးနောက်၊ ရေခဲရေ သောက်ခဲ့တဲ့ ဘောလုံးသမား၊ နှလုံးခုန်ရပ်တန့်ပြီး သေဆုံး

အလွန်ပူပြင်းတဲ့ နွေရာသီလိုအချိန်မျိုးမှာ ဘောလုံးကန်ပြီး ရေခဲရေသောက်ခြင်းဟာ အလွန်အန္တရာယ် များလှပါတယ်။ သာမန်ရေကို ဓာတ်ဆားဖြင့် ဖျော်ပြီး၊ ရေခဲမပါဘဲ သောက်သုံးခြင်းက အခုလို အပူချိန် ပျမ်းမျှ(၄၀) ဒီကရီစင်တီဂရိတ်လောက်ရှိတဲ့ နွေရာသီမှာ သင့်တော်ပါတယ်။

ပီရူးနိုင်ငံက ဘောလုံးသမားတစ်ဦးကတော့ ဘောလုံးကန်ပြီးနောက် ရေခဲရေသောက်ခဲ့မိရာက ရုတ်တရက်နှလုံးရပ်တန့်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ခဲ့ရပါတယ်။ ဘောလုံးသမားအမည်ကတော့ Ludwin Florez Nole လို့သိရပြီး၊ အသက်(၂၇)နှစ်ပါ။

European Central News

Nole ဟာ ပီရူးအနောက်မြောက်ပိုင်း၊ Sullana စီရင်စုမှာအခြေစိုက်တဲ့ Los Rangers ကလပ်အသင်းရဲ့ ကစားသမားတစ်ဦးပါ။ သူဟာ ဒေသလိဂ်ပွဲစဉ်တစ်ခုကို ကစားပြီးနောက် ရေခဲရေသောက်ရင်း အေးအေးလူလူ နားနေပါတယ်။ ဒီမှာပဲ ရုတ်တရက် နှလုံးဖောက်ပြီး Nole ဟာ သေဆုံးသွားပါတော့တယ်။

ရေခဲရေက Cardiovascular လို့ခေါ်တဲ့ နှလုံးသွေးကြောကို သက်ရောက်မှုရှိစေခဲ့ပြီး၊ နှလုံးအတွင်း သွေးစီးဆင်းမှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ကမောက်ကမဖြစ်စေခြင်းကို ဖြစ်စေခဲ့ပါတယ်။ ဒီလိုနဲ့ ရုတ်တရက် နှလုံးခုန် ရပ်တန့်သွားတာဖြစ်ပါတယ်။

ဇနီးဖြစ်သူ Flores က “ သူ ဘောလုံးကန်ပြီး နားတော့ ရေခဲရေအေးအေးလေး တစ်ခွက် တောင်းတယ် … နောက် ရင်ဘတ်က အောင့်တယ်အောင့်တယ်ဆိုပြီး အော်တယ် … နောက် လဲကျသွားတယ် .. ကျွန်မ အနီးအနားဆေးခန်းကို အမြန်ပို့ပေးခဲ့ပေမယ့် သူက လမ်းမှာကတည်းက သေသွားပြီ ”လို့ ပြောပါတယ်။

Central European News

ဒေါက်တာကတော့ ရေက လိုတာထက်ပိုအေးနေပြီး၊ ဒါမှမဟုတ် သဘာဝနည်းနဲ့ အေးတဲ့ရေမဟုတ်တဲ့အတွက်၊ ခန္ဓာကိုယ် သွေးလည်ပတ်မှု အရှိန်မြင့်နေချိန်မှာ သောက်လိုက်တာဖြစ်ခြင်းကြောင့်၊ နှလုံးခုန်ရပ်တန့်သွားရတာလို့ မှတ်ချက်ပေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရေထဲမှာ အာဆင်းနစ်ဓာတ် ပါဝင်ခြင်းကလည်း ဆိုးကျိုးတွေ ပေးပါတယ်။

ဒီလိုဖြစ်ရပ်မျိုး လွန်ခဲ့တဲ့ (၂၀၁၇)ခုနှစ်က အင်္ဂလန်လက်ရွေးစင် နောက်ခံလူဟောင်း အူဂိုဟီယိုဂူမှာလည်း ဖြစ်ခဲ့ပါသေးတယ်။ ထိုစဉ်က အူဂိုဟာ စပါး u23 အသင်းကို ကိုင်တွယ်ေ်နတာဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ လဲကျခဲ့ပြီး၊ ယင်းနောက် သေဆုံးသွားပါတယ်။

Central European News

မကြာသေးခင်ကလည်း ဂိုးသမားကြီး ကာဆီးလက်ဟာ ပေါ်တိုလေ့ကျင့်ရေးကွင်းမှာ လဲကျပြီး၊ ဆေးရုံအရေးပေါ် တက်ခဲ့ရပါတယ်။ နှလုံးရောဂါအခံရှိတဲ့ ဘောလုံးသမားတွေကို ဆရာဝန်တွေက ဘောလုံးမကစားဖို့ တားမြစ်ကြလေ့ရှိပါတယ်။ ကာဆီးလက်ကတော့ ဘောလုံးလောကကနေ အနားယူရဖို့ ရှိနေပါတယ်။

လင်းဇော်ကို (Shwemom)

READ
ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ အဓမ္မကျင့်ခံခဲ့ရလို့ သတ်သေဖို့ ကြိုးစားခဲ့တဲ့ ကျောင်းသူ

Source : thesun.co.uk

SHARE