ညီမလေးနဲ့မိသားစုခွေးကို အိမ်မီးလောင်မှုထဲက ကယ်တင်ခဲ့တဲ့ (၅) နှစ်သားလေး

facebook/bartowcountyfiredepartment

ဂျော်နီယာနိုင်ငံမှ (၅) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ အိမ်မီးလောင်နေတဲ့ထဲက ညီမလေးနဲ့ အိမ်မွေးခွေးလေးကို ကယ်တင်နိုင်ခဲ့ကြောင်း Unilad သတင်းအရ သိရပါတယ်။ အဆိုပါ သူရဲကောင်းလေးဟာ နိုရာဝုဒ်ဆိုသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ တနင်္ဂနွေနေ့တုန်းက နိုရာဟာ ကလေးပီပီ အိမ်မှာ အိပ်မောကျနေခဲ့ပါတယ်။

သူနိုးလာတဲ့အချိန်မှာတော့ သူ့အိပ်ခန်းထဲ မီးခိုးငွေ့တွေနဲ့ မီးတောက်မီးလျှံတွေကို တွေ့လိုက်ရပါတော့တယ်။ ဒါနဲ့ပဲ နိုရာဟာ အိပ်ရာထဲက ခုန်ထွက်ပြီး (၂) နှစ်အရွယ်ညီမလေး လီလီကို ပွေ့ဖက်ကာ ထွက်ပြေးဖို့လုပ်ပါတယ်။

ရိုးရိုးတံခါးကနေ မထွက်နိုင်တော့ နိုရာဟာ ပြတင်းပေါက်ကနေ ထွက်ပြေးဖို့ ကြိုးစားပါတယ်။ ညီမလေးကို မီးလောင်နေတဲ့နေရာကနေ ကယ်ဆယ်နိုင်ခဲ့အပြီးမှာ နိုရာလေးဟာ မီးလောင်နေတဲ့ အိမ်ထဲကို နောက်တစ်ခေါက် ပြူတင်းပေါက်ကနေပဲ ပြန်ဝင်သွားခဲ့ပါတယ်တဲ့။

အကြောင်းကတော့ အိမ်ထဲမှာရှိနေတဲ့ နိုရာလေးတို့ရဲ့ နောက်ထပ် မိသားစုဝင်လေးကြောင့်ပါ။ အဲဒါကတော့ အိမ်ရဲ့အချစ်တော် ခွေးလေးပါပဲ။

READ
ကျဆုံးစစ်သည်တွေရဲ့ ကလေးတွေကို အပန်းဖြေစခန်းဆီ ပို့ပေးခဲ့တဲ့ ရုပ်ရှင်မင်းသား

ပြီးနောက်မှာတော့ သူက ဘေးခန်းက ဦးလေးရဲ့အိမ်ကိုသွားကာ အကူအညီသွားတောင်းပါတယ်။ နိုရာနဲ့ ဦးလေးဟာ အခြားတိုက်ခန်းမှာရှိတဲ့မိသားစုဝင်တွေကိုလည်း အကြောင်းကြားပြီး မီးဘေးအတွက် သတိပေးခဲ့ကြပါတယ်။ ဘာတိုးကောင်တီက မီးသတ်ဌာနအကြီးအကဲဖြစ်တဲ့ ဒွိုင်းဂျာမီဆန်ကတော့ “ကျွန်တော်တို့ အရင်တုန်းကလည်း မိသားစုတွေကို မီးလောင်တဲ့အကြောင်း သတိပေးတဲ့ ကလေးတွေနဲ့ ကြုံဖူးပါတယ်။ ဒါပေမယ့် နိုရာကတော့ ငါးနှစ်သားပဲရှိသေးပေမယ့် ဒါမျိုးလုပ်နိုင်ဖို့က တော်တော်သတ္တိကောင်းတယ်လို့ ဆိုရမယ်…” လို့ ပြောပြပါတယ်။

မီးဟာ နိုရာရဲ့အခန်းထဲက ၀ါယာကြိုးတွေကနေ ရှော့ခ်ဖြစ်ပြီး စလောင်တာ ဖြစ်ပါတယ်။ မီးသတ်ဌာနကလူတွေဟာ အခင်းဖြစ်စဉ်နေရာကို ရောက်လာပြီးတဲ့အခါမှာတော့ မီးသတ်သမားတွေက နိုရာနဲ့ မိသားစုတို့ကို လောင်ကျွမ်းဒဏ်ရာအနည်းငယ်နဲ့အတူ ဘာမှကြီးကြီးမားမား ထိခိုက်မှုမရှိဘဲ ပကတိအကောင်းအတိုင်း တွေ့ခဲ့ရပါတယ်။ ဘာတိုးကောင်တီက မီးသတ်ဌာနကတော့ နိုရာရဲ့ရဲစွမ်းသတ္တိကို သဘောကျတဲ့အတွက် ဖေဖော်ဝါရီ (၁၄) တုန်းက နိုရာကို အသက်ကယ်ဆုပေးအပ်ချီးမြှင့်ခဲ့ပါတော့တယ်။

READ
ပြေးရမှာအပျင်းကြီးသူတွေပါဝင်တဲ့အပြေးပြိုင်ပွဲပြုလုပ်ပြီးရန်ပုံငွေအမြောက်အမြားရှာဖွေနိုင်ခဲ့
David Woods/GoFundMe

ဒါပေမယ့် ကံဆိုးတာက နိုရာတို့မိသားစုအိမ်လေးဟာ မီးထဲလုံးလုံးပါသွားခဲ့ပါပြီ။ အိမ်မှာ အာမခံလည်းမရှိတော့တာကြောင့် အခုဆိုရင် မိသားစုဟာ ပြန်လည်ရပ်တည်နိုင်ဖို့ ကြိုးစားနေရတာ ဖြစ်ပါတယ်။  နိုရာရဲ့ဖခင်ကတော့ အိမ်လေးကို ပြန်ပြင်နိုင်ဖို့ မျှော်လင့်နေပြီး GoFundMe ဆိုတဲ့ အလှူခံ website မှာ အိမ်ပြန်ဆောက်ဖို့ အကူအညီရှာဖွေလျက်ရှိကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE