Itaewon မှာ Night Out ထွက်ပြီး ကဲခဲ့တဲ့ Idol (၄)ယောက်

Image:IG/cele

တောင်ကိုရီးယားမှာတော့ COVID-19 ကူးစက်ပျံ့ ပွားမှုတွေကို အတိုင်းအတာ တစ်ခု လောက်အထိ ထိန်း  ချုပ် ထားနိုင်ခဲ့ပါတယ်။အ ခြေ အနေ တွေ အနည်းငယ်တည်ငြိမ် စ ပြု နေတဲ့ အချိန်မှာပဲ နိုင်ငံခြားသားတွေ အသွားအလာ များတဲ့ Itaewon  ရပ်ကွက်က နေ ကူးစက်ရောဂါ ပြန့်ပွားမှုတွေ  တ ကျော့ပြန်  ပေါ်လာ ခဲ့ပါတယ်။ဗိုင်းရပ်စ် ကူး စက်ခံထားရမှန်းကို မသိတဲ့ အသက် (၂၉)နှစ်အရွယ် အမျိုးသားတစ်ယောက်က Itaewon မှာရှိတဲ့ နိုက်ကလပ် တွေ ကို  သွားရောက် ပျော်ပါးခဲ့ပါတယ်။မေ (၁-၂)အတွင်းမှာ နိုက်ကလပ်နဲ့ Bar က ငါးခု လောက် ကို သွားခဲ့တာပါ။ သူ နဲ့ အတူ နိုက်ကလပ်တွေ၊ဘားတွေမှာ ထိ တွေ့ခဲ့သူတွေ၊အဲ့ဒီလူရဲ့ မိသားစုဝင် တွေ ကို လူ ဘယ်လောက် များများ ကို ရောဂါဖြန့်ခဲ့ပါတယ်။အခု ဆိုရင်တော့ ကူးစက်ခံရသူ အ ရေ အတွက် တွေ ထပ်တိုးလာပြီး  ဒီ့ထက် တော င် ပိုများ လာနိုင်တယ်လို့ လည်း ခန့် မှန်းထား ကြ ပါတယ်။ဒီ အကြောင်းကိုတော့ soompi မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

#BTS #방탄소년단 #LOVE_YOURSELF 轉 ‘Tear’ Concept Photo R version

A post shared by BTS official (@bts.bighitofficial) on

Itaewon က ကလပ် တွေမှာ သွားကဲ ခဲ့တဲ့ လူတွေ ထဲမှာ တော့ K Pop လောကရဲ့ နာမည်ကြီးတွေမှာ ပါဝင် နေခဲ့ပါ တယ်။မေလ (၁၈)ရက်နေ့မှာတော့ Dispatch ကနေ ပါ ကလပ်မှာ သွားကဲ ကြတဲ့ လူတွေ ထဲမှာ BTS အဖွဲ့ ၀င် Jungkook ၊ SEVENTEEN အဖွဲ့ ၀င်  Mingyu ၊NCT က Jaehyun ၊ ASTRO က Cha Eun Woo တို့ လည်း ပါဝင် ခဲ့တယ်လို့ ဖော်ပြ ခဲ့ပါတယ်။သူတို့ ဟာ ကိုရီးယားကို တ ကျော့ပြန်လည် ဒုက္ခ ပေးတဲ့ COVID-19  ကူးစက်မှု အသစ် တွေ အစပြုရာ  Itaewon မှာ Night Out ထွက်ခဲ့ကြတယ်ဆိုပြီး ဖော်ပြ ခဲ့ပါတယ်။Idol (၄) ယောက် ကတော့ ဧပြီ (၂၅-၂၆) တို့ မှာ Night Out ထွက်ခဲ့ကြတာပါ။COVID-19 ကူးစက်ခံ ထားရမှန်းမ သိပဲ ကလပ် တွေ သွားခဲ့တဲ့ အမျိုးသားက တော့  မေ (၂) မှာ သွားခဲ့ပြီး မေ (၆)မှာတော့ Positive အ ဖြေ ထွက်ခဲ့တာပါ။အခုဆိုရင် တော့ ရောဂါ ထိန်းချုပ်မှု ဆိုင်ရာ အဖွဲ့ အစည်းက နေ  ဧပြီ (၂၄ ကန မေ ၆) အတွင်း Itaewon က ကလပ်တွေ၊ ဘား တွေနဲ့ တခြားနေရာ တွေကို သွားခဲ့တဲ့ ဘယ်သူ မဆို နေအိမ်ကနေ အပြင် ထွက် သွားလာတာမျိုးတွေ မလုပ် ကြဖို့ တောင်းဆိုခဲ့ပါတယ်။

READ
မြန်မာပြည်သူတွေနဲ့အတူတူ ထမင်းလက်ဆုံစားခဲ့တဲ့ Sinon Loresca ရဲ့ ဗီဒီယိုဖိုင်
Image:IG/ Mingyu

Idol တွေ လည်း Itaewon မှာ သွားလာနေတာမျိုးတွေ ကို တွေ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာ ပေမယ့် အစ ပိုင်းတုန်းက တော့ နာမည်နဲ့ အတိအကျ မထွက်ခဲ့ပါဘူး။Dispatch က နေ နာမည် အတိအကျ ကို ထုတ် ပြန် လိုက်တာပါ။Dispatch ဖော်ကောင်လုပ်ပြီး နောက်မှာတော့ Idol တွေရဲ့ အေဂျင်စီ တွေ ကလည်း သူတို့ အေဂျင်စီ က Idol တွေ ရဲ့ အဆင် အခြင်မဲ့ အပြု အမူ  အပေါ် တရားဝင် တောင်းပန် ခဲ့သလို အားလုံးရဲ့ ဆေးစစ် ချက် အ ဖြေ ကတော့ negative  ပါ လို့လည်း ပြောခဲ့ပါတယ်။Jungkook ရဲ့ အေဂျင်စီ BTS အဖွဲ့ဝင် Big Hit Entertain ment က တော့ ဧပြီ (၂၅)ရက်နေ့မှာ Jungkook  ဟာ Itaewon  က စားသောက်ဆိုင်တစ်ဆိုင်နဲ့ bar ကို  အ ပေါင်းအသင်းတွေနဲ့ အတူတူ သွားခဲ့ ကြောင်း၊သွားပြီးနောက်မှာလည်း ကိုဗစ်ကူးစက်ခံရတဲ့ လက္ခဏာ မျိုးမရှိခဲ့ ကြော င်း၊ရောဂါ ကူးစက်ခံရ မခံရ ကိုလည်း စစ်ဆေးမှု ခံယူတဲ့ အခါမှာ Negative အ ဖြေ ထွက် ကြောင်း ပြောခဲ့ပါတယ်။ အေဂျင်စီ ဘက်က တော့ ဘာဆင်ခြေမှ မ ပေးပဲ ဦးညွတ် အ လေး အနက် တောင်းပန် ပါ ကြောင်း နဲ့ နောက် နောင် ဒီလို ကိစ္စ မျိုး ထပ် မဖြစ် စေရ ပါဘူး လို့ ပြောခဲ့ပါတယ်။

READ
မော်ဒယ်လ်ဆရာဝန်မလေး နန်းမွေစံ၏ အလန်းဆုံးဓာတ်ပုံများ
Image:IG/ jeongjaehyun

Mingyu ရဲ့ agency Pledis Entertainment က လည်း သူတို့ရဲ့ ပေါ့ လျော့မှု ကြောင့် အနုပညာရှင် က အခုလို ဖြစ် ရတဲ့ အပေါ် တောင်းပါ တယ်လို့  ပြောခဲ့ပါတယ်။Cha Eun Woo ရဲ့  agency Fantagio ကလည်း Cha Eun Woo တစ်ယောက် social distancing စည်းကမ်းတွေ ကို မလိုက်နာ ခဲ့ တဲ့  အပေါ် တောင်းပန် ကြောင်း နဲ့ အေဂျင်စီ ဘက်က ပေါ့လျော့ မှု ကြောင့် အခုလို ဖြစ်ရတဲ့ အတွက် အနူးအညွတ် တောင်းပန် ကြောင်း ပြောခဲ့ပါတယ်။ Jaehyun ရဲ့  agency SM Entertainment ကလည်း လူတွေ က COVID-19 အတွက် ပူပန် နေရချိန် မှာ အခုလို အမှားမျိုး လုပ်ခဲ့မိတဲ့ အပေါ် တောင်းပန်  ကြောင်း ပြောခဲ့ပါတယ်။

Image:IG/Cha Eun Woo
SHARE