ဂျပန်ဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းနေတဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ နာမည်ကျော် ဆယ်လီဇနီးမောင်နှံနှစ်ယောက်ဖြစ်တဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ကတော့ ပြီးခဲ့တဲ့ နှစ်က သူတို့ရဲ့ သားဦးလေးကို မွေးဖွားခဲ့ပြီး သာယာအေးချမ်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေအားကျရတဲ့ ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် အချစ်တွေ ပိုပိုတိုးလာတဲ့ အာဘွိုင်းတို့ ဇနီးမောင်နှံကတော့ လတ်တလောမှာလည်း ဂျပန်ကို အလည်အပတ်ခရီးထွက်နေကြတာဖြစ်ပါတယ်။

ဓါတ်ပုံရိုက်တာ ဝါသနာပါတဲ့ အာဘွိုင်းတို့ ဇနီးမောင်နှံကတော့ ဆာကူရာပန်းတွေနဲ့ လှနေတဲ့ ဂျပန်မှာလည်း ဂျပန်ဝတ်စုံတွေ ဝတ်ပြီး ဓါတ်ပုံ ရိုက်ကူးခဲ့ပါသေးတယ်။

အာဘွိုင်းကတော့ “ဒီနေ့ဟာ စာမျက်နာ ၃၆၅ ရွက်ရှိတဲ့စာအုပ်ကြီးရဲ့ ပထမဆုံး စာမျက်နာအလွတ်ပေါ်မှာ ရေးမှတ်ခြင်းဖြစ်ပါတယ်။ကျနော်တို့ နှစ်ယောက်ရဲ့ မိဘ၊ ဆရာ၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း နှင့် ပရိသတ် တစ်ယောက်ဆီတိုင်း ကိုယ်ခန္ဓာ၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့ဖြင့် ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

READ
Single ပါလို့ ကြေညာလိုက်တဲ့ ဂျက်စတင်ဘီဘာ

ဂျပန်ဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းနေတဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့ ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

SOurce: ah boy

SHARE