ထိုင်းမှာ Pre wedding ရိုက်ကူးနေတဲ့ Ah-boy တို့စုံတွဲ

ဒီနှစ်မှာ မင်္ဂလာပွဲဆင်နွှဲကြတော့မယ့် ဆယ်လီစုံတွဲတွေထဲမှာ Ah-boy နဲ့ မြတ် ရတနာကျော်တို့ စုံတွဲလည်း တစ်တွဲအပါအ၀င်ပါ။လိုက်ဖက်တဲ့ စုံတွဲလေး ဆိုပြီး ပရိသတ်တွေရဲ့အားပေးလက်ခံမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ တော င်ကြီးမှာ နေတဲ့ မြတ်ရတနာကျော်နဲ့ ရန်ကုန်မှာ နေတဲ့ Ah-boy တို့ဟာ LDRS စုံတွဲဖြစ်ပြီး လွမ်းရတဲ့ ဒုက္ခတွေ မကြာခင်အဆုံးသတ်တော့မှာပါ။

Ah-boy ကတော့ ဂီတလှုပ်ရှားမှုတွေ မလုပ်တော့ပဲ စီးပွားရေး ဘက်ကို ပဲ  ဦး စား ပေးလုပ်ကိုင်နေတာကို တွေ့ရပါတယ်။ဒါပေမယ့် အနုပညာလောကထဲ သူ ငယ်ချင်းမိတ်ဆွေတွေနဲ့တော့ အဆက်အသွယ်မပြတ်ပဲ အမြဲတမ်းတွေ့ဆံ ဖြစ်တာကို တွေ့ရပါတယ်။

လိုက်ဖက်တဲ့ သူတို့စုံတွဲလေးဟာ Pre wedding ကိုတော့ ထိုင်းနိုင်ငံ ပတ္တရား မှာ ရိုက်ကူးနေတာပါ။သတို့သား၊သတို့ သမီး အရံအတွက် သူငယ်ချင်းတွေကို ခေါ်သွားတာကို တွေ့ရပါတယ်။ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့စုံတွဲ၊လွှမ်းပိုင်နဲ့ Bobby soxer ၊ခိုင်သဇင်ငုဝါ တို့စုံတွဲ..အစရှိတဲ့ စုံတွဲ တွေ ပါဝင်ပါတယ်။ Ah – boy တင်ထားတဲ့ ပုံလေးထဲမှာတော့ အားလုံးက အဖြူရောင်လေးတွေကို ၀တ်ဆင်ပြီး လှနေတာကိုတွေ့ရပါတယ်။

READ
"မင်းအတွက် ချစ်သက်လက်ဆောင်" လို့ပြောလာတဲ့ ညိမ်းသော်

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE