၎ နှစ်အတွင်း ကြောက်ခမန်းလိလိတိုးတက်လာတဲ့ AI စနစ်နဲ့ ဖန်တီးထားတဲ့ လူမျက်နှာပုံများ 

အသိဉာဏ်တု၊ တစ်နည်းအားဖြင့် စက်ရုပ်အသိဉာဏ်ဖြစ်တဲ့ AI စနစ်ဟာ နှစ်အနည်းငယ်အတွင်း တရှိန်ထိုး တိုးတက်လာလျက်ရှိပါတယ်။ AI တွေရဲ့ တိုးတက်မှုကို လိုက်မီဖို့တောင် ခက်လာပါတယ်။ အခု သုတေသန ရလဒ်တစ်ခုက သက်သေပါပဲ။

Goodfellow et al; Karras, Laine, Aila / Nvidia

အပေါ်မှာ မြင်ရတဲ့ ပုံတွေကို ကြည့်လိုက်ပါ။ ဘယ်ဘက်က အဖြူအမည်းကာလာနဲ့ မှုန်ဝါးဝါး မပြတ်မသား လူမျက်နှာပုံတွေဟာ ၂၀၁၄ ခုနှစ်တုန်းက AI နဲ့ ဖန်တီးထားတဲ့ ပုံတွေဖြစ်ပါတယ်။ ညာဘက်က ကြည်ကြည်လင်လင် လူမျက်နှာပုံတွေကတော့ ၂၀၁၈ ဒီဇင်ဘာလအတွင်း စာတမ်းတစ်စောင်မှာ ထုတ်ဝေလိုက်တဲ့ AI နဲ့ ဖန်တီးထားတဲ့ ပုံရိပ်အသစ်တွေ ဖြစ်ပါတယ်။ တကယ့်လူတွေအတိုင်း ပုံထွက်လာတဲ့ ဒီရလဒ်တွေကတော့ အမေရိကန် နည်းပညာကုမ္ပဏီ Nvidia သုတေသနပညာရှင်များရဲ့ စမ်းသပ်မှု ရလဒ် ဖြစ်ပါတယ်။

Karras, Laine, Aila

ကြည့်လိုက်ပါ။ AI က ဖန်တီးထားတဲ့ တကယ်မရှိတဲ့ လူအတုတွေရဲ့ မျက်နှာတွေလို့တောင် မထင်ရပါဘူး။ ပိုစိတ်ဝင်စားဖို့ ကောင်းတာက ပုံတစ်ပုံကိုပဲ အခြေတည်ပြီး လူပေါင်းများစွာတွေရဲ့ မျက်နှာတွေကို ထပ်ဖန်တီးနိုင်တာပါ။ ဓာတ်ပုံပြင်တဲ့ ဆော့ဖ်ဝဲတွေက filter တွေလိုပဲ Nvidia ရဲ့ ပညာရှင်တွေလည်း filter တွေကို အသုံးပြုပြီး လူတစ်ယောက်ရဲ့ မျက်နှာကနေ လုံးဝမတူတော့တဲ့ မျက်နှာအသစ်ကို ထပ်ဖန်တီးနိုင်ကြပါတယ်။

READ
ကလေးငယ်တွေ ကိုယ်တိုင်တပ်ဆင်ပြီး အသုံးပြုလို့ရမယ့် Kano PC အကြောင်း
Karras, Laine, Aila

အပေါ်မှာ ထပ်ပြထားတဲ့ ပုံကို ကြည့်လိုက်ပါ။ အပေါ်ဆုံးတန်းက မူလပုံဖြစ်ပြီး အောက်ကပုံတွေက အဆိုပါ မူလပုံတွေကနေ ထပ်ခွဲထားတဲ့ လူအသစ်တွေပါ။ လူမျိုး၊ အသားအရောင် လုံးဝမတူတော့အောင် ထပ်ထပ်ခွဲနိုင်တာပါ။

အခုလို AI စနစ်နဲ့ လူအတုတွေရဲ့ မျက်နှာကို ဖန်တီးနိုင်တယ်ဆိုပေမယ့် ၎င်းမှာလည်း လူ့အဖွဲ့အစည်းကို သက်ရောက်လာစေမယ့် ဆိုးကျိုးတွေ ရှိနေပါတယ်။ သတင်းအမှားတွေ၊ ဝါဒဖြန့်တာတွေ၊ စတာတွေအတွက် တကယ့်လူအစစ်တွေကိုတောင် သုံးစရာမလိုတော့ဘဲ လူအတုတွေရဲ့ မျက်နှာပုံတွေနဲ့ လုပ်ဆောင်လာနိုင်ကြပါတယ်။ နိုင်ငံရေးနဲ့ လူမှုရေး နယ်ပယ်တွေမှာ များစွာသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဒီလိုမျက်နှာအတုတွေကို ဖန်တီးဖို့ သိပ်မလွယ်သေးပါဘူး။ Nvidia က ပညာရှင်တွေတောင် တစ်ပတ်လောက် အချိန်ယူခဲ့ရပါတယ်။

Kyle McDonald

ဒါပေမယ့် ဒါတွေဟာ လူအစစ်လား၊ အတုလားဆိုတာတော့ ခွဲခြားနိုင်မယ့် နည်းတွေရှိပါသေးတယ်။ ဥပမာ ဆံပင်ကိုဆို အစစ်နဲ့တူအောင် ဖန်တီးဖို့ ခက်ပါတယ်။ ပြီးတော့ AI တွေက လူမျက်နှာ ခေါက်ချိုးညီမှုကို သိပ်နားမလည်သေးပါဘူး။ ဒါကြောင့် နားရွက်နေရာ ပုံစံမမှန်တာမျိုးတွေ၊ မျက်လုံးအရောင်မညီတာမျိုးတွေ ဖြစ်တတ်ပါသေးတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်ကနေ ယခုအထိ အချိန် ၄ နှစ်တာအတွင်း ပုံဝါးဝါး အဖြူအမည်းကနေ လူအစစ်နဲ့ တူတဲ့ ပုံတွေအထိ ထုတ်နိုင်အောင် တိုးတက်လာတယ်ဆိုတော့ ဒီပြစ်ချက်တွေကိုလည်း နောက်နှစ်အနည်းငယ်အတွင်းမှာ ကျော်လွှားနိုင်တော့မှာပါ။

READ
ဖုန်းစွဲလမ်းနေသူတွေ ဖုန်းမသုံးမိအောင် အချိန်နဲ့သိမ်းပေးထားမယ့်Smart Box

လက်ရှိမှာတော့ ပညာရှင်တွေလည်း ဒစ်ဂျစ်တယ်ရုပ်နဲ့ တကယ့်လူအစစ်ရုပ်ကို ခွဲခြားပေးနိုင်မယ့် နည်းပညာကို တီထွင်နေပါတယ်။ လူတွေနဲ့ စက်ရုပ်တွေကြားက အားပြိုင်မှုပါပဲ။ အခုဆိုရင်တော့ စက်ရုပ်တွေက တစ်လှမ်းသာနေပါတယ်။

Ref: The Verge

SHARE