လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေနဲ့ကိုက်ညီအောင် တီထွင်ခဲ့တဲ့ Air Asia ရဲ့ ဝတ်စုံအသစ်

[email protected]

COVID 19 ကူးစက်ရောဂါကြောင့် ကမ္ဘာကြီးရဲ့ စီးပွားရေးဟာ တော်တော်ကျဆင်းသွားခဲ့သလို လူတိုင်းလိုလိုလည်း အိမ်ထဲက အိမ်အပြင်မထွက်ရပဲ တော်တော် စိတ်ပင်ပန်းနေကြမှာတော့ အမှန်ပါပဲ။ လေထဲကနေအလွယ်တကူ ကူးစက်နိုင်တဲ့ ဒီကူးစက်ရောဂါဟာ ထင်ထားတာထက်ကို ပိုကြောက်ဖို့ ကောင်းပါတယ်။ ဒါ့ကြောင့် အခုအချိန်မှာ Air Asia လေကြောင်းလိုင်း ကုမ္ပဏီကတော့ အခုအခြေအနေနဲ့ အလိုက်ဖက်ဆုံး ဝတ်စုံအသစ်ကို ဝန်ထမ်းတွေအတွက် ဖန်တီးပေးခဲ့ကြောင်း Traveller.com.au သတင်းဌာနရဲ့ ဖော်ပြချက်ရ သိရှိရပါတယ်။

Air Asia

Air Asia လေကြောင်းလိုင်းဟာ အာရှတိုက်မှာတော့ နာမည်အကြီးဆုံး ကမ္ဘာ့လေကြောင်းလိုင်းကြီးတစ်ခုဖြစ်ပါတယ်။ သူတို့လေကြောင်းလိုင်းက လေယာဉ်မောင်၊ လေယာဉ်မယ်တွေကလည်း အချောဆုံး အာရှတိုက်သူတိုက်သားတွေကို ရွေးပြီးခေါ်ထားတယ်လို့ ထင်မှတ်လောက်အောင်ကိုပဲ ဆွဲဆောင်မှု ရှိလွန်းလှပါတယ်။ Air Asia လေကြောင်းလိုင်းရှိ ဝန်ထမ်းတွေရဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာလည်း ဘယ်တော့မှ တစ်ခြားလေကြောင်းလိုင်းက ဝန်ထမ်းတွေနဲ့ မတူအောင် အမြဲဆန်းသစ်လွန်းလှပါတယ်။

READ
သရဲမပုံစံ နောက်ပြောင်မှုကြောင့် အရိုက်ခံရမလို ဖြစ်ခဲ့တဲ့ မြန်မာPrank Star

 

အခုလည်း Air Asia လေကြောင်းလိုင်းဟာ COVID 19 ဖြစ်ပွားနေတဲ့ အခုအခြေအနေတွေကို အခြေခံပြီး လေယာဉ်ဝန်ထမ်းတွေအတွက် ဝတ်စုံဒီဇိုင်းအသစ်တစ်ခကို ဖန်တီးချုပ်လုပ်ခဲ့ပါတယ်။ ဝတ်စုံကတော့ Air Asia Logo  Logo ပုံစံ အဖြူရောင်နဲ့ အနီရောင်ကိုပဲ အခြေခံပြီး ချုပ်ထားတာဖြစ်ပါတယ်။ ဝတ်စုံမှာတော့ လက်အိတ်တွေ၊ Face Mask တွေ၊ Face Shield တွေ အပြည့်အစုံပါဝင်ပြီး တော်တော်မိုက်တဲ့ ဝတ်စုံဒီဇိုင်းတစ်ခုလို့ ပြောနိုင်ပါတယ်။ အဆိုပါဝတ်စုံကိုတော့ နာမည်ကြီး ဖိလစ်ပိုင်ဖက်ရှင်ဒီဇိုင်နာ Puey Quinones က ဖန်တီးချုပ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။

READ
Ready Made အစာတွေကို စားလွန်းလို့ မိန်းမတစ်ယောက်လို ရင်သားကြီးလာသူ
[email protected]

“လေယာဉ်ဝန်ထမ်းတွေက နိုင်ငံအနှံ့သွားနေရတဲ့ လူတွေဆိုတော့ သူတို့အတွက် ဒီလေကြောင်းလိုင်းမှာ ဦးစားပေးစဉ်းစားရတယ်။ ခရီးသည်တွေဆီက ကူးနိုင်တဲ့အပြင် သူတို့ဆီကပါ ခရီးသည်တွေ ကူးနိုင်တဲ့အတွက်ကြောင့် အခုလို ဝတ်စုံအသစ်ကို ဖန်တီးပေးခဲ့တာပါ” လို့ Air Asia လေကြောင်းလိုင်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE