အိမ်လွမ်းသူတွေအတွက် မိခင်မြေရဲ့လေထုကိုထည့်ပြီးရောင်းချနေတဲ့ ယူကေကုမ္ပဏီ

instagram/mybaggagehq

မကြာသေးခင်က ယူကေမှာတွေ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသတင်းကြောင့် နိုင်ငံပေါင်း ၄၀ကျော်က ယူကေနဲ့ခရီးသွားလာခွင့်တွေပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိသျှတော်တော်များများဟာ အိမ်မပြန်နိုင်ကြတော့ပါဘူး။ ဒီအတွက် အင်္ဂလန်အခြေစိုက် အပြောင်းအရွှေ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ My Baggage ဟာ အိမ်ကိုလွမ်းနေသူတွေအတွက် အိမ်လွမ်းစိတ်ပြေပျောက်အောင်နဲ့ မိခင်မြေရဲ့ လေအငွေ့အသက်ကိုရှူရှိုက်နိုင်အောင်ဆိုပြီး လေတွေကို ပုလင်းထဲထည့်ကာ ရောင်းချနေကြောင်း သိရပါတယ်။

CNN အရ My Baggage ဟာ လက်ရှိမှာ အင်္ဂလန်၊ စကော့တလန်၊ ဝေလနဲ့ အိုင်ယာလန်မြောက်ပိုင်းက လေစစ်စစ်တွေကိုရောင်းချပေးနေတာဖြစ်ပါတယ်။ နိုင်ငံရပ်ခြားရောက်နေတဲ့ ဗြိတိသျှတွေအတွက် အမိမြေရဲ့လေ အနံ့ကို ရနို်င်အောင်လို့ဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by My Baggage (@mybaggagehq)

၎င်းလေတွေထည့်ထားတဲ့ ၅၀၀မီလီလီတာတစ်ဘူးကိုတော့ ၂၅ပေါင် (အမေရိကန်ဒေါ်လာ ၄၅) ကျသင့်မှာဖြစ်ပါတယ်။ ပုလင်းမှာတော့ ပုလင်းဆို့ပါတဲ့အတွက် မိခင်မြေရဲ့ လေထုကို လွမ်းနေသူတွေအဖို့ အချိန်မရွေးရှူရှိုက်ဖို့ အဆင်ပြေစေမှာဖြစ်ပါတယ်။ ဒါ့ပြင် My Baggager မှာ ကိုယ်လိုချင်တဲ့နေရာက လေကိုသွားယူပေးဖို့ ကုမ္ပဏီိကိုတောင်းဆိုနိုင်တဲ့ဝန်ဆောင်မှုလည်း ရှိပါတယ်။

READ
ဝက်အိပ်နေတဲ့ Live ဗီဒီယို အပျင်းပြေကြည့်နေရင်း လယ်တောကို မီးဘေးမှ ကယ်နိုင်ခဲ့သူမ

ကုမ္ပဏီက အဆိုပါနေရာကိုသွားကာ ပုလင်းထဲလေဖြည့်ပြီး မှာယူထားသူဆီ ပြန်လည်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ My Baggage ကတော့ တစ်ခါတုန်းက ဝေလနယ်မြောက်ပိုင်းက Snowdonia တောင်တန်းတွေဆီက လေနမူနာယူခိုင်းတဲ့ customer တစ်ယောက်နဲ့တောင် တွေ့ဖူးကြောင်း ပြောပြပါတယ်။ ဒါတွေအပြင် လန်ဒန်မြေအောက် ဒါမှမဟုတ် Norfolk က စားသောက်ဆိုင်က လေတွေလည်း လိုချင်ရင် ရနိုင်တဲ့ limited edition ဘူးတွေရှိသေးကြောင်းလည်း asiaone သတင်းအရ သိရပါတယ်။

 

View this post on Instagram

 

A post shared by My Baggage (@mybaggagehq)

ShweMom

SHARE