(၂၀၂၀)ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းဆုပိုင်ရှင် နယူးဇီလန်လေကြောင်းလိုင်း

Facebook/AirNewZeland

AirlineRatings.com ၀က်ဘ်ဆိုက်ကပြုလုပ်တဲ့ (၆)ကြိမ်မြောက် Airline Excellence Awards ဆုကို  နယူးဇီလန်လေကြောင်းလိုင်း(Air NewZeland)က လက်ခံရရှိခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီဝက်ဘ်ဆိုက်က လေကြောင်းလိုင်းအတွင်း လုံခြုံမှုအရှိဆုံးနဲ့ လေယာဉ်ပျံသန်းမှု အတွေ့အကြုံတွေကို ကြည့်ပြီးအဆင့်သတ်မှတ်ပေးကာ ဆုရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒီဆုကို စင်ကာပူလေကြောင်းလိုင်းကရရှိခဲ့တာဖြစ်ပြီး Qatar လေကြောင်းလိုင်းကတော့ အကောင်းဆုံး business class ဆုကိုရရှိခဲ့ပြီး Virgin Australia လေကြောင်းလိုင်းကတော့ best economy နဲ့ ထူးချွန်လေယာဉ်ဝန်ထမ်းဆုကိုရရှိခဲ့ပါတယ်။

To brighten up your day 💛✈️#AirNZShareMe📸IG: solangefrancois

Posted by Air New Zealand on Wednesday, 6 November 2019

ဒီဆုတွေကိုပေးဖို့အတွက် အကဲဖြတ်(၇)ယောက်က အဆင့်သတ်မှတ်ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။ဒီလိုရွေးချယ်တဲ့ နေရာမှာ အချက်(၁၂)ချက်နဲ့ပြည့်စုံမှသာ ဒီဆုတွေကိုရရှိမှာဖြစ်ပါတယ်။အဲတာကတော့ လေယာဉ်သက်တမ်း၊ ခရီးသည်တွေဆီကရရှိတဲ့ဝင်ငွေ၊ အမြတ်၊ ရင်းနှီးမြှုပ်နှံအဆင့်၊ လေယာဉ်အတွင်းဝန်ဆောင်မှုတွေနဲ့ ၀န်ထမ်းတွေရဲ့ ကရုစိုက်မှုတွေကိုကြည့်ပြီး ဒီဆုတွေကိုပေးခဲ့တာဖြစ်ပါတယ်။

READ
လွန်ခဲ့သောနှစ်(၅၀၀၀)က အရိုးစုများနှင့် သင်္ချိုင်းမြေပုံကို တရုတ်ပညာရှင်များရှာဖွေတွေ့ရှိ

Nippon လေကြောင်းလိုင်းက နံပါတ်(၃)နေရာမှာရှိပြီး Australian ရဲ့အဓိကလေကြောင်းလိုင်းဖြစ်တဲ့ Qantas က နံပါတ်(၄)နေရာမှာရှိနေပြီး Cathay Pacific လေကြောင်းလိုင်းက နံပါတ်(၅)နေရာ၊ Emirates လေကြောင်းလိုင်းက နံပါတ်(၆)နေရာနဲ့ ဗြိတိန်အခြေစိုက် Virgin Atlantic လေကြောင်းလိုင်းက နံပါတ်(၇)နေရာ၊ Eva Air လေကြောင်းလိုင်းက နံပါတ်(၈)နေရာ၊ Qatar Airways လေကြောင်းလိုင်းက နံပါတ်(၉)နေရာနဲ့ Virgin Australia လေကြောင်းလိုင်းက နံပါတ်(၁၀)နေရာမှာ အသီးသီးရရှိခဲ့ကြပါတယ်။

Lufthansa လေကြောင်းလိုင်းက နံပါတ်(၁၁)၊Finnair လေကြောင်းလိုင်းက နံပါတ်(၁၂)၊ Japan Airlines လေကြောင်းလိုင်းက နံပါတ်(၁၃)၊KLM လေကြောင်းလိုင်းက နံပါတ်(၁၄)၊Korean Airlines လေကြောင်းလိုင်းက နံပါတ်(၁၅)၊Hawaiian Airlines လေကြောင်းလိုင်းက နံပါတ်(၁၆)၊ British Airways လေကြောင်းလိုင်းက နံပါတ်(၁၇)၊ Alaska Airlines လေကြောင်းလိုင်းက နံပါတ်(၁၈)၊Delta Air Lines လေကြောင်းလိုင်းက နံပါတ်(၁၉)နဲ့ Etihad Airways လေကြောင်းလိုင်းက နံပါတ်(၂၀)နေရာမှာရှိနေခဲ့ပါတယ်။

READ
ကျားဟိန်းသံကြောင့်အကြောက်လွန်ပြီး နှလုံးခုန်ရပ်သေဆုံးခဲ့သည့်မျောက်(၁၂)ကောင်

(၂၀၂၀)ခုနှစ်အတွက် Airline Excellence Awards ဆုကိုရရှိခဲ့တဲ့ နယူးဇီလန်လေကြောင်းလိုင်းဟာ လေကြောင်း လိုင်းအတွင်း တီထွင်ဆန်းသစ်မှုတွေနဲ့ပတ်သက်ပြီး ဆုတွေအများကြီးရရှိထားသလို၊ စိတ်ချလုံခြုံမှုလည်း အပြည့်ရှိပြီး ၀န်ထမ်းတွေရဲ့ဖော်ရွေပြုငှာမှု၊၀န်ဆောင်မှုတွေကြောင့် ဒီဆုကိုရရှိခဲ့တာဖြစ်တယ်လို့ AirlineRatings.com ကပြောပြခဲ့ပါတယ်။ ဒါ့အပြင် (၂)နှစ်ဆက်တိုက် အကောင်းဆုံး economy class ဆုကိုရရှိခဲ့တဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။

Thae Su

SHARE