လေယာဉ်ခရီးစဉ်နဲ့ ချစ်သူရနိုင်ခြေကို တွက်ချက်ပြခဲ့တဲ့ HSBC ဆာဗေး

Pexels/ Andre Furtado

လေယာဉ်စီးတဲ့အခါ ကိုယ့်ဘေးမှာ အတူတူရှိနေတဲ့သူက အလိုက်မသိလို့ စိတ်ကသိကအောက် ဖြစ်ရတာတွေ ရှိပေမယ့်လည်း တစ်ခါတစ်လေမှာတော့ ကိုယ့်ဖူးစာရှင်ဟာ ဘေးမှာထိုင်နေတဲ့သူလည်း ဖြစ်နေတတ်ပါတယ်လို့ လေ့လာချက်တစ်ခုက ဆိုပါတယ်။ ဗြိတိန် HSBC ဘဏ်ရဲ့ ကြေညာချက်အရ လေယာဉ်စီးခရီးသည် အယောက် (၅၀) မှာ (၁) ယောက်ဟာ သူတို့ရဲ့ အချစ်ကို လေယာဉ်ပေါ်မှာပဲ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သုံးသပ်ခဲ့တာပါ။

ဒီတွေ့ရှိချက်ဟာ နိုင်ငံပေါင်း (၁၄၁) နိုင်ငံမှာရှိတဲ့ လူပေါင်း (၂,၁၅၀) ယောက်ကို အင်တာဗျူးပြီး ရခဲ့တဲ့အဖြေ ဖြစ်ပါတယ်။ ပေ(၃၀၀၀) ကောင်းကင်အမြင့်မှာ ပျံသန်းနေတဲ့ သံပြွန်ကြီးတစ်ခုထဲ လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံချစ်ကြိုက်နိုင်ခြေကို သိနိုင်ဖို့ လူတွေရဲ့ လေကြောင်းခရီးစဉ်တွေနဲ့ အခြားအကြောင်းအရာတွေကိုပါ ဆာဗေးထဲမှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

READ
တစ်နေ့ကို ရေခပ်နွေးနွေး ၅လီတာခန့်သောက်ပြီး ၅၀kg မျှဝိတ်ချနိုင်ခဲ့တဲ့ ကိုရီးယားကျောင်းသူ
pexels/Jason Toevs

လေယာဉ်စီးရင်းနဲ့လည်း ချစ်သူတွေ့နိုင်တယ်ဆိုတဲ့ အယူအဆဟာ  (၁၉၆၀) ခုနှစ်များဆီကစပြီး ပိုစတာတွေနဲ့ ပေါ်ထွက်လာခဲ့တာပါ။ အဲဒီတုန်းကတော့ လေယာဉ်စီးရတာဟာ အထူးအခွင့်အရေးကြီးတစ်ရပ်သဖွယ်ဖြစ်လို့ ခရီးသည်တွေက လှတပတ ၀တ်စားကြပြီး ခရီးသွားကြပုံရပါတယ်။ ယနေ့ခေတ်မှာတော့ လေယာဉ်ကို အိမ်ဦးနဲ့ ကြမ်းပြင်လို စီးနေတဲ့သူတွေရှိနေပြီဖြစ်တာကြောင့် လေယာဉ်ခရီးသွားရတာဟာ အံ့သြစရာမဟုတ်တော့ပါဘူး။

HSBC ရဲ့ တွေ့ရှိချက်အရ လေယာဉ်စီးခရီးသည်တွေရဲ့ ထက်ဝက်ကျော်ဟာ လေယာဉ်ပေါ်မှာ သူစိမ်းဖြစ်သူနဲ့ စကားစမြည်ပြောပြီး မိတ်ဖွဲ့လေ့ရှိတယ်လို့ သိရပါတယ်။ ဒီလိုမိတ်ဆွေဖွဲ့မှုတွေကနေ သမီးရည်းစားဖြစ်တဲ့အဆင့်အထိ ရောက်တဲ့သူတွေရှိသွားသလို (၁၆) ရာခိုင်နှုန်းကတော့ စီးပွားရေးအကြောင်းဆွေးနွေးရင်း အလုပ်အကိုင် အချိတ်အဆက်တွေရရှိသွားတယ်လို့ ဆိုပါတယ်။

Gratisography

ဒါပေမယ့် လေယာဉ်အကြိမ်ရေ များများစီးရင် ရည်းစားရနိုင်ခြေပိုများတယ်ဆိုတာကတော့ တွက်ဆဖို့ ခဲယဉ်းလှပါတယ်။ ဆာဗေးအရ ခရီးသည်ဦးရေ (၄၈) ရာခိုင်နှုန်းဟာ ဘေးမှာထိုင်တဲ့ ခရီးသည်တွေက သူတို့ဖိနပ်ကို ရွေ့အောင်လုပ်လိုက်ရင် စိတ်တိုကြကြောင်းနဲ့ (၄၆) ရာခိုင်နှုန်းကတော့ ဘေးလူက ယမကာသောက်တဲ့အခါမျိုးတွေမှာ စိတ်ညစ်ကြကြောင်း၊ (၃၈) ရာခိုင်နှုန်းကတော့ ခေါင်းပေါ်က ပစ္စည်းထည့်တဲ့နေရာမှာ နေရာအကျယ်ကြီးယူရင် စိတ်တိုကြကြောင်း၊ (၃၂) ရာခိုင်နှုန်းကတော့ လက်ရန်းမှီတဲ့နေရာကို သူများက လက်တင်ထားရင် စိတ်ဆိုးကြကြောင်း၊ (၃၀) ရာခိုင်နှုန်းကတော့ လက်မောင်းပေါ်လာမှီိအိပ်တဲ့အခါ စိတ်ကသိကအောက် ဖြစ်ကြကြောင်းလည်းအရသိရပါတယ်။

READ
အိပ်ယာဝင်နောက်ကျခြင်းကြောင့် ဖြစ်လာမယ့် ကျန်းမာရေးပြဿနာ (၆)ခု

လင်းလင်း (ShweMom)

SHARE