ပြီးခဲ့တဲ့ ဇန်န၀ါရီ(၁၅)ရက်နေ့က အမေရိကန် လော့စ်အင်ဂျလိစ်မြို့ကနေ ပျံသန်းထွက်ခွာလာတဲ့ ခရီးသည်တင်လေယာဉ်တစ်စီးဟာ လေယာဉ်ဆီတွေ စွန့်ချသလို ဖြစ်ခဲ့တာကြောင့် ကျောင်းကစားကွင်းမှာ ကစားနေတဲ့ ကလေးတွေအပေါ် ဆီတွေကျခဲ့ပါတယ်။ ဒီအတွက် ဒါဇင်နဲ့ချီပြီး ဆေးကုသမှုတွေ ခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
Los Angeles Unified School District ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆာဂျင် Rudy Perez ရဲ့အဆိုအရ ကျောင်းသား(၂၈)ယောက်နဲ့ လူကြီးတစ်ချို့ပေါ်ကို ဆီတွေ ကျခဲ့တယ်လို့ ပြောပါတယ်။ အခင်းဖြစ်ခဲ့ရာကျောင်းတွေကတော့ Park Avenue Elementary ကျောင်းနဲ့ 93rd Street Elementary တို့ဖြစ်ပြီး၊ ဒဏ်ရာရရှိသူတွေအနက် တစ်ဦးကိုမှ ဆေးရုံပို့ရတာမျိုး မရှိဘူးလို့ သိရပါတယ်။
အခင်းဖြစ်ရာ ကျောင်းတွေကို သက်ဆိုင်ရာ မိဘတွေ ရောက်လာခဲ့ပြီး အကြောက်လွန်နေတဲ့ ကလေးတွေကို ဖြောင်းဖြနှစ်သိမ့်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဆီတွေ သွန်ချခဲ့တဲ့လေယာဉ်ကတော့ Delta Air Lines မှ လေကြောင်းနံပတ် (၈၉)ဖြစ်ပြီး၊ စက်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပွားခဲ့လို့ မူလထွက်ခွာလာရာ Los Angeles International Airport ကို အရေးပေါ်ပြန်လည်ဆင်းသက်ဖို့ ကြိုးစားခဲ့တာပါ။
Caught this in Bell Gardens over my house NEWS SAID IT DROPPED FUEL OVER AN ELEMENTARY SCHOOL IN CUDAHY @KTLA @FOXLA @cnnbrk @UniNoticias @NBCLA @ABC7 @ABC @NBCNews @TelemundoNews pic.twitter.com/VG3HBpyYtn
— Sujey Hernandez (@SujeyHernandez) January 14, 2020
အောက်ကို ကျလာတဲ့ဆီတွေကိုတော့ ဒေသခံမီးသတ်တပ်ဖွဲ့က “အခိုးအငွေ့တွေသာဖြစ်တယ်”လို့ ပြောပါတယ်။ လေယာဉ်တောင်ပံနှစ်ဘက်ကနေ အခိုးအငွေ့တန်းကြီးကိုလည်း ဗွီဒီယိုမှာ မြင်သာစေခဲ့ပါတယ်။ ဒီအခိုးအငွေ့တွေကြောင့် ကျောင်းသားတွေမှာ အရေးပြားထိခိုက် မစိုးရိမ်ရဒဏ်ရာတွေ၊ အဆုတ်မှာ ပြဿနာတစ်ချို့ရှိခဲ့ပါသတဲ့။ ကုသမှုအဖြစ် ဆပ်ပြာနဲ့ရေသာ အသုံးပြုခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ လေယာဉ်ဟာ LA ကနေ ရှန်ဟိုင်းကို ပျံသန်းမှာဖြစ်ပါတယ်။ အရေးပေါ်အခြေအနေကြောင့် LA နဲ့ကပ်လျှပ် Cudahy မြို့ပေါ်ကနေ အနိမ့်ဖြတ်ပြီး ပျံသန်းခဲ့ရပါတယ်။ သူတို့ရဲ့အခိုးအငွေ့တွေက ကျောင်း(၅)ကျောင်းကို သက်ရောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ လေယာဉ်မှူးက သူတို့လေယာဉ်ရဲ့ အင်ဂျင်ကွန်ပရက်ဆာ အလုပ်မလုပ်တော့တဲ့အတွက် အရေးပေါ်ဆင်းသက်မယ့်အကြောင်း အကြောင်းကြားခဲ့ပါတယ်တဲ့။

လေယာဉ်မှူးကို အနီးစပ်ဆုံးသမုဒ္ဒရာအတွင်း ဆီတွေသွန်ခဲ့ဖို့ သက်ဆိုင်ရာက ညွှန်ကြားခဲ့သော်လည်း လေယာဉ်မှူးက အရေးပေါ်ဆင်းသက်တဲ့အခါ လက်ရှိလေယာဉ်ရဲ့အလေးချိန်က ဆင်းသက်မှုကို သက်ရောက်မှာမဟုတ်ကြောင်း သူတွက်ဆခဲ့တာကြောင့် တာဝန်ရှိသူတွေရဲ့စကားကို ပယ်ချပြီး သတ္တိရှိရှိ ဆင်းသက်ခဲ့တာပါ။လေယာဉ်ကနေ ထုတ်လွှတ်တဲ့ အခိုးအငွေ့တွေဟာ လောင်ကျွမ်းနိုင်တဲ့ အစွမ်းသတ္တိမရှိသော်လည်း အနံ့အသက်မကောင်မှာကတော့ သေချာပါတယ်။ ကျောင်းသားတစ်ချို့မှာ အရေပြားယားယံ ဓာတ်မတည့်ခြင်းတွေ ဖြစ်ခဲ့ပါတယ်။ ကျောင်းဆရာတစ်ချို့ကတော့ လေယာဉ်ကထုတ်တဲ့ အငွေ့ကြောင့် ခေါင်းမူးတာတွေ၊ ခန္ဓာကိုယ်မှာ အနံ့စွဲတာတွေရှိလို့ ရေချိုးဖို့ အိမ်ပြန်လွှတ်ခဲ့ရပါသတဲ့။
Delta Air Lines ရဲ့တရားဝင်ဝက်ဘ်ဆိုဒ်မှာတော့ လေယာဉ်ဟာ သမုဒ္ဒရာပေါ်ကိုအရောက် ညာဘက်ကို ပြန်လှည့်ပြီး၊ တောင်ပိုင်းကယ်လီဖိုးနီယားကနေ ဖြတ်သန်းကာ အရှေ့ဖျားမှာရှိတဲ့ လေဆိပ်ဆီကို ပြန်လည်ချဉ်းကပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ Federal Aviation Administration (FAA) ကလည်း ဒီဖြစ်စဉ်ကို စုံစမ်းနေပါတယ်။
TEACHERS SUE DELTA OVER FUEL DUMP: Teachers who were supervising children on a school playground Tuesday when jet fuel from a Delta Air Lines flight was dumped on top of them are expected to announce that they are filing a lawsuit against the airline. MORE: http://bit.ly/38eyC8Y
Posted by Fox 11 Los Angeles on Friday, January 17, 2020
ဆီတွေ သွန်ချခံခဲ့ရတဲ့ ကယ်လီဖိုးနီးယား အထက်ကျောင်းက ၀ါရင့်ဆရာမ(၄)ယောက်ကတော့ Delta Air Lines ကို တရားစွဲဆို သွားမှာဖြစ်ကြောင်း မီဒီယာတွေကို ဖိတ်ကြားကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
လင်းဇော်ကို